Latest Movie :
Recent Movies

Phantasm (1979) မြန်မာစာတန်းထိုး


မင်္ဂလာပါ Gold Channel ပရိသတ်ကြီး... ကားသစ်လေးတွေ ဆက်တိုက်
ကြည့်ပြီးကြတဲ့နောက်  စိတ်ရင်းစေတနာကောင်းတဲ့ ကျွန်တော်တို့ Admin အပေါင်းက Old but Gold ဆိုတဲ့စကားအတိုင်း Classic Movieအကောင်းစားကြီးတစ်ခု နဲ့ မိတ်ဆက်ပေးပါရစေ

Horror-Scifi အမျိုးအစားမို့ ပရိသတ်ကြီး နည်းနည်းတော့ ရင်တုန်ရပါလိမ့်မယ်
ခုချိန်ထိ ကြောက်စရာအကောင်းဆုံး Horror တွေ စာရင်းပြုစုကြမယ်ဆိုရင် Phatasm ကို မပါမဖြစ်ထည့်သွင်းရလောက်တဲ့အထိအောင်ပါပဲ။ နောက်လဲ
အလျဉ်းသင့်ရင် သင့်သလို Classic လေးတွေ ကြိုးစားတင်ဆက်သွားပါမယ်

Imdb 7.4၊ Rotten Tomatoes 64% နဲ့ ...  ထိပ်တန်းစာရင်းဝင်ခဲ့တဲ့ ရုပ်ရှင်မို့
GC ပရိသတ်ကြီး တွက် အရသာမပျက် ကြည့်ရှုနိုင်အောင် Translator Zak Cyril မှ အမှန်ကန်ဆုံးဖြစ်အောင် ဘာသာပြန်ထားပေးပါတယ်။
ကြည့်ချင်စိတ်လေး ရှိအောင် ဇါတ်လမ်းကို နည်းနည်းလေး အစဖေါ်ပြောပြထား
မယ်ဗျာ။
 အသုဘအိမ်တွေက အလောင်းတွေကို ကြောက်မက်ဖွယ်ကောင်းတဲ့ရည်ရွယ်ချက်နဲ့ ခိုးတဲ့ အရပ်ရှည်ရှည်နဲ့ လူတစ်ယောက် အကြောင်း ကို
ဇါတ်လမ်းဆင် ၇ိုက်ကူးထားတာပါ။ ဘာကြောင့်ခိုးလဲဆိုတာတော့.....
ပရိသတ်ကြီး ကိုယ်တိုင် အဖြေရှာကြည့်ကြပါဦးဗျ။ ကေျးဇူးတင်ပါတယ်...

(GC ပရိသတ်ကြီး ရွှင်လန်းချမ်းမြေ့ကြပါစေ )


Review by: Sugar
Encode by: Hein Min Htet
Quality -720P HD
Translate by:  Kyaw Swar Lin


လူသားစား လူသတ်ကောင် (သို့မဟုတ်) Cannibal (2013) မြန်မာစာတန်းထိုး 18+

လူသားစား လူသတ်ကောင် (သို့မဟုတ်) Cannibal (2013) မြန်မာစာတန်းထိုး

ဇာတ်လမ်းဆန်းဆန်း စပိန်ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ.။
ကာရိုးဟာ လူသားစားရခြင်းကို ခုံမင်နှစ်ခြိုက်တဲ့ စိတ်ရောဂါစွဲကပ်နေတဲ့ ဂါရင်ဒါမြို့က အပ်ချုပ်သမားတစ်ယောက်ဖြစ်ပါတယ်.။ အမှောင်ထုထဲမှာ လူတွေကို တိတ်တဆိတ်သတ်ဖြတ်ပြီး လူ့ခန္ဓာကိုယ်ပေါ်က အသားမျှောင်တွေကို ဆော့စ် ငရုတ်ကောင်းစတာတို့ နဲ့ တွဲဖက်စားသောက်ရတာ သူ့ကို အမှောင်ထဲုရောက်စေခဲ့တဲ့ မထိန်းချုပ်နိုင်တဲ့ ရသတဏှာတစ်ခုပါ.။ဒီလို လူတွေကို သတ်ဖြတ်စားသောက်ရတာကို သူ့အတွက် အပြစ်တစ်ခုလို မခံယူထားပါဘူး. သာမန်ကျွန်တော်တို့ အသားအလို့ငှာ တရိစ္ဆာန်တွေကို သတ်ဖြတ်သလိုပဲ ခံယူထားပါတယ်.။ အပြင်ပန်းကြည့်ရင် လူရိုးလူအေး လူကောင်းကြီးရဲ့ အတွင်းစိတ်ထဲမှာတော့ သွေးအေးရက်စက်ပြီး ဇာတ်တူသားစားတတ်တဲ့ မိစ္ဆာစိတ်ကိန်းအောင်းနေခဲ့ပါတယ်.။ နီနာလို့ခေါ်တဲ့ မိန်းမချောလေးနဲ့ တွေ့ရှိပြီး အချစ်ကို သူမခံစားမိခင်မှာပေါ့.။ နီနာနဲ့ မမျှော်လင့်ပဲတွေ့ရှိပြီးတဲ့ နောက်မှာတော့ ကာရိုးဆိုတဲ့ သွေးအေးရက်စက်တဲ့ လူသားစားလူသတ်ကောင်ကြီးရဲ့ ဘ၀ဟာ တစ်မျိုးတဖုံပြောင်းလဲသွားပြီး ဆန်းကြယ်တဲ့ ကြောက်မက်ဖွယ်ရာ အပြာရောင်လွှမ်းတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေါ်လာပေါ့တယ်.။


Review by: Gold King
Translate by: Htut Aung
Encode by: Invoker
Quality -720P HD

Empire of Corpses (2015) မြန်မာစာတန်းထိုး

Empire of Corpses (2015) မြန်မာစာတန်းထိုး


မင်္ဂလာပါ Goldchannel ပရိသတ်ကြီးအတွက် အာရုံအပြောင်းအလဲလေး ဖြစ်သွားအောင်.. Japan Anime ပရိသတ်တွေအတွက်လဲ collect လုပ်စရာ
တစ်ခုတိုးအောင် Imdb 6.2 နဲ့ Myanimelist.net က 7.0 ပေးထားတဲ့ ကားကောင်းလေးတစ်ကားကို Admin team မှ ရှာဖွေ ရွေးချယ် တင်ဆက်ပေးလိုက်ပါတယ်။

Dr. Victor Frankenstein ဆိုရင် ရုပ်ရှင်ချစ်သူတွေနဲ့ အတော်ကြီးကို ရင်းနှီးနေကြမှာပါ Victor မရှိတဲ့တော့နောက် ပျောက်ကွယ်သွားခဲ့တဲ့ သူ့ရဲ့ ဖန်တီးမှု The One ဆိုတဲ့ Creature ကြီး ဘယ်ရောက်သွားသလဲဆိုတာကို...  ဇါတ်လမ်းရေးသားသူက ဒီထဲမှာဆက်လက်ကွန့်မြူးပြီး အဖြေထုတ်ပြထားတာကို ရှုစားရပါလိမ့်မယ်။

ဇာတ်လမ်းရဲ့ အစမှာ
Frankenstein နဲ့ အတူ ကွယ်ပျောက်သွားတဲ့ Victor ရဲ့ နည်းပညာအကြောင်း
၁၈၀၀ လွန်နှစ်များမှာ... တိုးတက်ထွန်းကားလာတဲ့ သက်မဲ့ကျွန်တွေအကြောင်း နဲ့  အစပျိုးထားပြီး.. Watson နဲ့ Friday ဆိုတဲ့ ဆေးကျောင်းသား သူငယ်ချင်းနှစ်ယောက်. နည်းပညာနောက်ကို အရူးအမူးလိုက်ခဲ့ကြရင်းက... Friday ဟာ သူ့အသက်ကို စတေးလိုက်ရပါတော့တယ်။ Watson ဟာ Frankstein ထားရစ်ခဲ့တဲ့ မှတ်တမ်းနောက် လိုက်ရင်း.. Hadaly ဆိုတဲ့ အမေရိကန် စပိုင်မလေးနဲ့ ဆုံဆည်းခဲ့ပြန်ပါတယ်၊ တစ်ဖက်မှာ  frankenstein ရဲ့ The One ဆိုတဲ့ creature ကြီး ကလဲ တကျော့ ပြန်လည်နိုးထလာတဲ့အခါ....
Friday ကို ပေးခဲ့တဲ့ ကတိတွေ သံယောဇဉ်တွေနဲ့ Watson တစ်ယောက်
သူငယ်ချင်းကို ပြန်ကယ်တင်နိုင်မှာလား၊ အမေရိကန် အစိုးရ နဲ့ ဗြိတိသျှ  ရုရှ
သုံးပွင့်ဆိုင် နိုင်ငံရေးတွေကြားထဲမှာ Watson က ဘယ်နေရာက ပါဝင်လာမလဲ
The One က လူဆိုးလား လူကောင်းလား.. ဆိုတာ  GC ပရိတ်သတ်ကြီး
ရင်တမမ နဲ့ ရှုစားကြရမှာပါ။

တစ်ခုလောက် စကားလက်ဆောင်ပါးချင်တာက ဇါတ်ကားလေးရဲ့ အဆုံးမှာ
ကျွန်တော်တို့ ရဲ့ ချစ်လှစွာသော မိတ်ဆွေကြီး ရှားလော့ဟုမ်း နဲ့
ဒေါက်တာဝပ်ဆန် ကို တွေ့ရပါလိမ့်ဦးမယ် ပရိသတ်ကြီးခင်ဗျ၊

( ရွှင်လန်းချမ်းမြေ့ကြပါစေ)
Review & Translate by: Geminin Sugar
Encode by: Hein Min Htet
Quality -720P HD Bluray -Rip

Watch & Download 655MB 

I'm not Serial Killer (2016) မြန်မာစာတမ်းထိုး

I'm not Serial Killer (2016) မြန်မာစာတမ်းထိုး

ဇါတ်ကားနာမည်ကို ကြည့်လိုက်တာနဲ့  Thriller လို့ ပြောစရာမလိုတော့ဘူး မဟုတ်လား ပရိသတ်ကြီး 😀

ဒီတစ်ခါတော့ လုံးဝ မကြည့်မဖြစ်ကြည့်သင့်တယ်လို့... လက်တို့ချင်တယ်ဗျာ။
ဇါတ်ကားတစ်ကားကို အချိန်ပေးပြီး စိတ်ကူးပေါက်မှ ထထရိုက်တတ်တဲ့
ဒါရိုက်တာ Billy O'Brien ရဲ့ လက်ရာကောင်းတစ်ခုပါ။ ဘဲကြီးက ကားထွက်ကျဲ ပေမယ့် သူ့ကားလေးတွေက ကောင်းပါတယ်။ The Hybrid တို့ဘာတို့ပေါ့လေ Movie criticize ကြမ်းတဲ့ Rotten Tomatoes ကတောင် ဒီကားကို 86% ပေးထားပါတယ်။ Imdb rating 6.1 ဆိုတော့ ကြွေပြီပေါ့ဗျာ။
ဒီလို သိမ်းထားသင့်တဲ့ကားကောင်းလေးတစ်ကားကို Transaltor Cho Thazin Soe မှ အချိန်ပေးပြီး ကျကျနန ဘာသာပြန်ပေးထားပါတယ်။

အတိုချုံးပြီးပြောပြပါ့မယ်  မြို့ငယ်လေး တစ်မြို့က ဆယ်ကျော်သက် လူငယ်လေး
တစ်ယောက်ရဲ့ အတွင်းစိတ်ထဲက လူသတ်ချင်တဲ့ ဗီဇ.... သာမန်ထက်ပိုတဲ့ အစွမ်းတွေနဲ့.. .အသက်ကို နှုတ်ယူတတ်တဲ့ လူသတ်ကောင်... ဒီနှစ်ခုရဲ့ အားပြိုင်မှုနဲ့ ကျွန်တော် ဆက်ပြောပြနေရင် အရသာပျက်ကုန်မှာစိုးလို့.. ဒီလောက်နဲ့ ရပ်ထားပါ့မယ်။  နောက်ထပ်စကားချပ်အနေနဲ့
Silence of the lambs ရဲ့ ပရိသတ်ဖြစ်ခဲ့ဖူးရင် ဒီကားကိုလဲ ကြွေမှာမလွဲဘူးဗျို့
Where the wild things are ထဲက ကောင်လေးကိုတော့မှတ်မိကြတယ် မဟုတ်လား..

ရွှင်လန်းချမ်းမြေ့ကြပါစေ

Review by: Sugar
Translate by: Cho Thazin Soe
Enocde by: Eric Min Khant


Level Up (2016) မြန်မာစာတန်းထိုး




Level Up (2016) မြန်မာစာတန်းထိုး

စာမေးပွဲအပြီး Up-to-date တွေ ကြည့်လို့ရော အလျင်မှီကြရဲ့လားဗျာ
ကျွန်တော်တို့လို movie ၀ါသနာအိုးတွေအချင်းချင်း ကြည့်ရှုစေလိုတဲ့စေတနာနဲ့
Goldchannel team မှ အစဉ်တစိုက် ကြိုးပမ်းလျက်ရှိပါတယ်.....

 ခုတစ်ခါ Level Up ဆိုတဲ့ Action/Thriller ကားကောင်းလေးတစ်ကောင်းကို
ကျွန်တော်တို့ရဲ့ Translator ကြီး Ye' Yint Thu မှ စေတနာတွေ ဗလပွနဲ့
တိတိကျကျ ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်။

Imdb 4.5 ဆိုပေမယ့် လျှော့တွက်လို့မရပါဘူး..  ဟာ ဒီကား ကောင်းတယ်ကွလို့ ပရိသတ်ကြီး ဇါတ်လမ်းအဆုံးမှာ မှတ်ချက်ချမိပါလိမ့်မယ်...

ဇါတ်လမ်းအကျဉ်း -  ချစ်သူကို ပြန်ပေးဆွဲခေါ်သွားတဲ့ လူတစ်စုက ခိုင်းစေတဲ့အတိုင်း နည်းနည်း ဆန်းကျယ်တဲ့ ပစ္စည်းတစ်ခုကို သူတို့ ခိုင်းတဲ့အတိုင်း ပို့ဆောင်ပေးရတဲ့ Survival ဇါတ်လမ်း အမျိုးအစားဖြစ်ပါတယ်။ Survival movie တွေရဲ့ ထုံးစံအတိုင်း struggle တွေတော့ လှလှပပကြီး ရှုစားရမှာပါ။
အသက် ၃၅ နှစ်ဝန်းကျင်သာရှိသေးတဲ့ ဒါရိုက်တာ Adam Randall ဟာ ခုလို
ရှာရှာဖွေဖွေ ဇါတ်ကားလေးတွေ..  ကိုယ်တိုင်ရေးသားပြီး ရိုက်ကူးလေ့ရှိတတ်တာမို့ .. သူ့ရဲ့ ဇါတ်လမ်းလေးတွေက အမြဲလိုလို ဆွဲဆောင်မှု ရှိတတ်တယ်ဆိုတာ  စကားချပ်အနေနဲ့ လက်ဆောင်ပါးပါရစေ၊
ကျေးဇူးတင်ပါတယ်..။

Review by: Hein Min Htet
Translate by: Ye Yint Thu
Encode by: Invoker
Quality 720P HD


ွှThe Neighbour (2016) မြန်မာစာတန်းထိုး




The Neighbour (2016) မြန်မာစာတန်းထိုး
 (Up to Date ဇာတ်ကားကောင်းတစ်ကားဖြစ်တာတော့ ပြောဖို့မလိုတော့ဘူးထင်ပါတယ် ;) )

ကျွန်တော်တို့ godlchannel မှ movies များကို စောင့်မျှော်အားပေးနေကြတဲ့ ပရိသတ်တွေအတွက် နောက်ထပ် Crime/Thriller ကားလေး တစ်ကားကို ထပ်မံတင်ဆင်လိုက်ပါပြီ။ 2016 August လအကုန်မှာ ထွက်ရှိထားတာဖြစ်ပြီး Imdb မှာ rating 5.9 အထိ ရရှိခဲ့ပါတယ်။
ဇါတ်လမ်းအကျဉ်းချုပ်ကို အတိုဆုံး ချုံ့ပြောရရင်... ဒုစရိုက်လုပ်ငန်းတွေ လက်ဝေခံ လုပ်တတ်တဲ့...  စုံတွဲတစ်တွဲ နဲ့ ပရိတ်သတ်ကို အစပျိုး မိတ်ဆက်ထားပေးပါတယ်။ ဇါတ်ကားရဲ့ နာမည် The Neighbour ( အိမ်နီးချင်း ) ဆိုတဲ့ အတိုင်း သူတို့ ရဲ့ အိမ်နီးချင်း Troy ဆိုတဲ့ လူတစ်ယောက်ပါဝင်လာတာကအစ ဇါတ်လမ်း ရဲ့ အချိုးအကွေ့က ပြေပြေပြစ်ပြစ် နဲ့ ကြည့်လို့ အဆင်ပြေပါတယ်။ သူတို့ စုံတွဲဟာ ဒီ ဒုစရိုက်လုပ်ငန်းတွေကို စွန့်လွှတ်ပါတော့မယ်ဆိုတဲ့အချိန်ကျမှ Troy ဆိုတဲ့ အိမ်နီးချင်းက သူတို့ကို စပ်စုနေသလိုလို စောင့်ကြည့်နေသလိုလို.. ခံစားနေရတဲ့အတွက်ကြောင့်... သူတို့ကလဲ တပြန် Troy ရဲ့ အခန်းထဲကို... မှန်ဘီလူးနဲ့ ချောင်းမြောင်းကြည့်ရှုခဲ့တဲ့အခါမှာ
Troy ရဲ့ ဖုံးကွယ်ထားတဲ့ တကယ့် ဘ၀အမှန်က ဘာလဲ
Troy ရဲ့ မြေအောက်ခန်းမှာ ဘာတွေလျှို့ဝှက် သိမ်းဆည်းထားသလဲလို့
Goldchannel ပရိသတ်ကြီး လဲ သူတို့ နှစ်ယောက်နဲ့ အတူ အဖြေရှာကြည့်လိုက်ပါဦး
Thriller ပရိသတ်ကြီးအတွက်တော့ Download ဆွဲရကျိုးနပ်တဲ့ ကားကောင်းတစ်ကောင်းဖြစ်မှာပါ။ အရုပ်ပိုင်း အသံပိုင်း ကြည်ကြည်လင်လင် နဲ့မြန်မာ ဘာသာပြန် အထားအသို ကို အကောင်းဆုံးဖြစ်အောင် ကျွန်တော်တို့
Goldchannel team မှ ၀ိုင်းဝန်းကြိုးပမ်းထားပေးပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..။

Reveiw by: Hein Min Htet
Translate by: အောင်ဘုန်းလှိုင်
Encode by: Eric Min Khnat
Quality 720P HD




Watch & Download HD 800MB
Small File 600 MB

One Piece မြန်မာစာတန်းထိုး




One Piece  မြန်မာစာတန်းထိုး

ပင်​လယ်​ဓားပြဘုရင်​ကြီးGold Rogerရဲ့ One pieceရတနာကို သေခါနီးမှာ
ချန်​ရစ်​ခဲ့တယ်​ဆိုတဲ့သတင်း​ကြောင့်​ လူ​တော်​​တော်​များများပင်​လယ်​ထဲ
မှာ One Piece အရှာထွက်​ကုန်​ကြပါတယ်​..။ ကောက်​ရိုးဦးထုပ်​လို့
လူသိများတဲ့Luffyဟာလည်း အိပ်​မက်​ကိုယ်​စီရှိတဲ့ အဖွဲ့ဝင်​၈​ယောက်​ကိုစုစည်းပြီး
ကမ္ဘာသစ်​မှာစွန့်​စားခန်း​တွေကိုရင်​ဆိုင်​​နေပါ​တော့တယ်​..။

One pieceကားတွန်​ဟာ စထွက်​ခဲ့တဲ့အချိန်​ကစပြီး
ခုချိန်​ထိလူကြိုက်​အများဆုံးဂျပန်​ကာတွန်းဆယ်​ကားထဲမှာ
ထိပ်​ဆုံးက​နေ အမြဲရပ်​တည်​လျှက်​ရှိပါတယ်​..။
One pieceကာတွန်းဟာ အရာရာကိုမဆုတ်​မနစ်​ကြိုးစားချင်​တဲ့စိတ်​၊
အချင်းချင်းစည်းစည်းလုံးလုံးနဲ့ကိစ္စ​တွေကိုဖျက်​​ကျော်​လိုတဲ့စိတ်​ဓာတ်​​တွေ၊
 ခွန်​အား​တွေ​ပေးနိုင်​တာအမှန်​ပါ One piece ဖန်​တီးသူEiichiro Odaဟာ
စဖန်​တီးတုန်းကအပိုင်း၁၀၀​လောက်​ပဲ​ရေးဆွဲမယ်​လို့ရည်​ရွယ်​ခဲ့​ပေမယ့်
 မထင်​မှတ်​ပဲလူကြိုက်​များ​အောင်​မြင်​မှုရခဲ့တာ​ကြောင့်​ စထွက်​တဲ့အချိန်​ကစပြီး
ခုချိန်​အထိ နှစ်​​ပေါင်း၁၉နှစ်​အတွင်း ​အပိုင်း၇၀၀​ကျော်​အထိထွက်​ရှိခဲ့ပါပြီ
Eiichiro Odaကိုယ်​တိုင်​ကလည်း ဇာတ်​သိမ်းပိုင်း​ရောက်​ဖို့​နောက်​ထပ်​သုံးပုံတစ်​ပုံကျန်​​သေးတယ်
လို့ဝန်​ခံထားပါတယ်​..။
ကျ​နော်​တို့Fan​တွေကိုယ်​တိုင်​လည်းဇာတ်​လမ်းအဆုံးကို သိချင်​​ပေမယ့်​ one piece
ဇာတ်​လမ်းဆုံးသွားမှာကိုလည်းစိုးရိမ်​မိတာအမှန်​ပဲဒါ​ပေမယ့်​ Eiichiro Odaရဲ့
ကျန်းမာ​ရေးဟာတဖြည်းဖြည်းချွတ်​ယွင်းလာတာ​ကြောင့်​ one pieceဇာတ်​လမ်းလည်း
မကြာခင်​ပြီးဆုံး​တော့မယ်​လို့​ကောလဟာလ​တွေထွက်​​နေပါတယ်​..။
ဇာတ်​လမ်းပြီးဆုံးသွားရင်​​တောင်​ One Pieceကားတွန်းကား​လေးကိုကျ​နော်​တို့​တွေအမှတ်​ရပြီး
ကျန်​​နေခဲ့မယ်​ဆိုတာအ​သေအချာပါပဲ ..။ အခုတော့ Wano Kingdmom Arc ရဲ့ အစပိုင်းဖြစ်တဲ့

Episode 753 ကနေစပြီး တင်ဆက်ပေးလိုက်ရပါတယ်.။ အပတ်စဉ် Update လုပ်ပေးသွားမှာလဲဖြစ်ပါတယ်.။

Translate by:ဟိန်းထက် Dr.Nyan
 Encode by: Dr.Nyan

Mournng Grave (2014) မြန်မာစာတန်းထိုး

Mournng Grave (2014) မြန်မာစာတန်းထိုး

Asian Thriller တွေ မှ ကြိုက်နှစ်သက်တဲ့ GC ပရိသတ်ကြီးအတွက် ဒီတစ်ခါ
ရွေးချယ်တင်ဆက်ပေးလိုက်တာက ...Mourning Grave ဆိုတဲ့ korea  thriller ကားလေးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်... ဇါတ်လမ်းနာမည်ကြည့်လိုက်တာနဲ့ ကျွန်တော်တို့ တော့  ကြက်သီးတောင် ထချင်ချင်ရယ် Imdb 6.0 ဆိုတော့ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ကားကောင်းလေးတစ်ကားဖြစ်မှာ ကျိန်းသေမလွဲပါဘူး...
 ဇါတ်လမ်းအကျဉ်းအနေနဲ့ .. အင်ဆူး ဆိုတဲ့ တစ္ဆေသရဲတွေကို မြင်နိုင်စွမ်း ကူညီနိုင်စွမ်းရှိတဲ့ ဆယ်ကျော်သက် ကျောင်းသားလေးတစ်ယောက်. မြင်ရတဲ့အပြင် သူ့မှာ အဲ့ဒီပရလောကသားတွေကိုလဲ ကူညီပေးနေရတဲ့ ဒုက္ခ သူ့အတွက်ခက်နေတာက သူကူညီလေ.. သူ့အနားကို ပရလောကသားတွေက ၀ိုင်းလေဆိုတော့ သူ့ခမျာ စိတ်အိုက်ရပါတယ်.. သူ့ရဲ့ဦးလေးဖြစ်သူက တော့ ဥပက္ခာပြုထားလိုက်ရင် ပျောက်သွားမယ်လို့ အကြံပေးပေမယ့်လဲ သူ့အဖြစ်က ပိုလို့သာ ဆိုးရွားလို့လာပါတယ် အဲဒီလို သူ့ဘ၀ထဲကို နောက်ထပ်ချဉ်းနင်းဝင်ရောက်လာတာက ကျောင်းသူတစ္ဆေမလေးတစ်ယောက်၊ ဘယ်လိုပဲ ငြင်းဆန်ငြင်းဆန် သူ့အနားမှာ တွယ်ကပ်နေရင်းက သူနဲ့သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်
.. တပြိုင်တည်းမှာပဲ
သူတို့ စာသင်ခန်းထဲမှာ မျက်နှာဖုံးတပ် ပရလောကသားတစ်ယောက်
ပေါ်လာပြီးတဲ့အခါ..........
အတန်းထဲက ခပ်ဆိုးဆိုးကျောင်းသူတစ်ယောက် ကျောင်းသားတစ်ယောက် ပျောက်ဆုံးသွားရာကအစ.... အင်ဆူးဟာ အဲဒီ မျက်နှာဖုံးတပ်တစ္ဆေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ဖော်ထုတ်ဖို့ ဘယ်လိုကြိုးစားမလဲ ဘာကြောင့် သူက လူတွေကို ဒုက္ခပေးနေရသလဲ သူ့ရဲ့ အမျက်ဒေါသကဘာလဲဆိုတာ ဘယ်လို အဖြေရှာမလဲ... တစ်ဖက်က သူ့ရဲ့ ဘ၀ခြားနေတဲ့ သူငယ်ချင်းကျောင်းသူတစ္ဆေမလေးကိုရော သူ ဘာတွေ လုပ်ပေးမှာလဲ ဆိုတာ ....  download လေးဆွဲပြီး ဆက်လက် ကြည့်ရှုနိုင်ကြပါပြီ
Thriller အရသာလဲ မပျက် အချစ် အလွမ်း ဟာသလေး တွေနဲ့ ကြည့်ချင်စဖွယ်ဖြစ်နေသလို.. ကျောင်းသားလူငယ်တွေကြားထဲမှာ ဖြစ်တတ်တဲ့ အနိုင်ကျင့်တာ..၊ ဗိုလ်ကျတတ်တဲ့သဘာဝလေးတွေလဲ ဒီဇါတ်ကားထဲမှာ တွေ့မြင်ရမှာဖြစ်ပါတယ်... အခြားသော korea thriller ဇါတ်ကားများနဲ့ ကွဲပြားခြားနားတယ်
ခပ်ပေါပေါသရဲဟာသကား မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ Gold Channel မှ ရဲရဲ ကြီး အာမခံလိုက်ပါတယ်...

Review & Encode by: Hein Min Htet
Translate by: Dan Dy


Swiss Army Man (2016) မြန်မာစာတန်းထိုး



Swiss Army Man (2016) မြန်မာစာတန်းထိုး

ထိုဇာတ်ကားကို Harry Potter သရုပ်ဆောင် Daniel
Radcliffe နှင့်အခြားသရုပ်ဆောင် Mary Elizabeth Winstead၊ Paul Dano တို့ပါဝင်သရုပ်ဆောင်ထားတာဖြစ်သည်။ ဇာတ်လမ်းအကျဉ်းမှာလူသူကင်းမဲ့သည့်ကျွန်းတစ်ကျွန်းတွင်ပိတ်မိနေသည့် မျှော်လင့်ချက်ကင်းမဲ့နေသောအမျိုးသားတစ်ယောက် Hank (Paul Dano)ကမိမိကိုယ်ကိုကြိုးဆွဲချသတ်သေရန်ကြိုးပမ်းချိန် သူရှိရာကျွန်းသို့အလောင်းတစ်လောင်း (Daniel Radcliffe) မျောလာခဲ့သည်။အလောင်းတစ်လောင်းဖြစ်သော်လည်းလူသားဖြစ်သည့်အတွက်သူနှင့်အတူသူငယ်ချင်းဖြစ်နိုင်သေးသည်ဟုမှတ်ယူပြီးသူနေရာဂူသို့ခေါ်ဆောင်သွားခဲ့သည်။Hank က ထိုအလောင်းကို Manny ဟုအမည်ပေးပြီးစကားပြောရာမမျှော်လင့်ပဲ Daniel သည်လူသေကောင်မဟုတ်ပဲစကားပြောနိုင်သလိုအခြားသောမဖြေရှင်းနိုင်သည့်စွမ်းအင်များပါနေသည့်အရာဝတ္တုတစ်ခုဖြစ်သည်ကိုတွေ့ရှိရသောအခါသူ့အားအိမ်ပြန်ရန်အသုံးချခံပစ္စည်းအဖြစ်အသုံးချခဲ့သည်။သူတို့နှစ်ဦးဟာလူသူကင်းမဲ့နေသည့်တောထဲမှအိမ်ပြန်ရောက်ချိန်ထိအလွန်ပဲခင်မင်ရင်းနှီးသည့်သူငယ်ချင်းဖြစ်ခဲ့သည်။ Hank က Manny ဟာအတိတ်မေ့နေသည့်အတွက်သူဇစ်မြစ်ကိုရှာဖွေ၍မရခဲ့သော်လည်းသူ့အားသူနှင့်အတူဘ၀ကိုဖြတ်သန်းနိုင်ရန်သင်ပေးခဲ့သည်။ Hank က Manny အား Sarah ကိုချစ်ကြိုက်နေသည်ဟုမိမိဘာသာယုံကြည်စေခဲ့သည်။အမှန်တကယ်ကHank က Sarah ကိုတစ်ဖက်သတ်ချစ်ကြိုက်နေသော်လည်း Sarah ကအိမ်ထောင်ရှိသူဖြစ်သည့်အတွက်တစ်ဖက်သတ်ချစ်သူဘ၀ဖြစ်သာနေနေရခြင်းဖြစ်သည်။ထို့နောက် Sarah က မှုမမှန်သည့်စွမ်းအားများကိုMunnyပိုင်ဆိုင်ထားပြီး Hank နှင့် Manny သည်ဆက်နွယ်မှုရှိကြောင်းသိသော်အခါ ရဲအားအကြောင်းကြားပြီးနောက်ရဲများကလည်း Hank မှာ Sarah ရဲ့ဓာတ်ပုံများတွေ့သောအခါ အကြံအစည်ဖြင့် နောက်ယောင်ခံလိုက်သည်ဟု Hank အားသတ်မှတ်ပြီးဖမ်းရန်ကြိုးပမ်းသောအခါ Hank က Manny ခန္ဓာကိုယ်ဖြင့်နောက်တစ်ကြိမ်ပင်လယ်ကိုဖြတ်ကာယခင်သူတို့နှစ်ဦးတွေ့ဆုံခဲ့သည့်ကျွန်းသို့ပြန်လည်သွားရောက်ခဲ့ကြသည်။ရဲများ ၊ Sarah တို့မိသားစု နှင့် Hank ၏ဖခင်ဖြစ်သူကထိုကျွန်းသိုလိုက်သွားသောအခါ Manny ခန္ဓာကိုယ်ကတစ်ခုခုချို့ယွင်းကာလေလည်အပြင်းအထန်လည်နေသောကြောင့်ပင်လယ်ထဲသို့သူလာရာအတိုင်းပြန်လွှတ်ခဲ့ရသည်။ဒီဇာတ်ကားထဲရှိစတန့်ခန်းအချို့ကို Daniel ကလူစားမထိုးပဲသူကိုယ်တိုင်သရုပ်ဆောင်ခဲ့သည်။စိတ်ကူးယဉ်စိတ္တဇဆန်ဆန်ဇာတ်လမ်းများကိုကြိုက်သူများအဖို့ကတော့လုံးဝအကြိုက်တွေ့စေမည့်ရုပ်ရှင်ဇာတ်ကားပဲဖြစ်သည်။

Review Credit to-Sasha Entertainment
Translate by: Cho Thinzar Soe
Encode by: Invoker
Quality 720P HDTV


Alice boy from wonderland (2015) မြန်မာစာတန်းထိုး


Alice boy from wonderland (2015) မြန်မာစာတန်းထိုး
Romance ဆန်ဆန်ရိုက်ကူးထားပြီး ပုံပြင်ဆန်ဆန်ဇာတ်လမ်းသွား စိတ်ကူးဆန်းဆန်းနဲ့တင်ဆက်ထားတဲ့ Alice boy from wonderland ရုပ်ရှင်မှာ ဟေးဂျောင်းဆိုတဲ့ ကောင်မလေး သူ့ အသက် ၄ နှစ်ရဲ့ရှေ့ပိုင်းကို ဘာမှမမှတ်မိတော့ပါဘူး။ ဒီလိုအတိတ်မေ့ဝေဒနာခံစားနေရတဲ့သူမဟာ ညတိုင်းအိပ်မက်ဆိုးတွေမက်ရာကနေ သူမရလာတဲ့အမြင်တွေအရ နတ်ဆရာတစ်ဦးကိုအကူအညီတောင်းပြီး woderland အမည်ရတဲ့ ကျေးရွာကလေးကိုသွားရောက်ခဲ့ပါတယ်။ ထူးခြားတဲ့ဖြစ်ရပ်တွေ၊ စိတ်ကူးယဉ်ဆန်တဲ့ ဘဝတွေစောင့်ကြိုနေတဲ့ အဲဒီရွာကလေးဟာ လွန်ခဲ့တဲ့ ၂၄ နှစ်က သူ့မိဘတွေနေထိုင်ခဲ့တဲ့ရွာကလေးလည်းဖြစ်ပါတယ်။ အဲဒီမှာ သူဘယ်သူ့ကိုတွေ့မလဲ၊ သူ့ဘဝနောက်ကြောင်းမှာ မြှုပ်ကွယ်ထားတဲ့အရာတွေဟာ ဘာလဲဆိုတာကို စိတ်ဝင်စားဖွယ်တွေ့မြင်လာရမှာဖြစ်ပြီး လူကြိုက်များခဲ့တဲ့ ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် gold channel ပရိသတ်များအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Review by: Scarlet Phoenix
Translate by: Zin Ko Htut
Encode by: Sinn Sinn


Ace the Case (2016) မြန်မာစာတန်းထိုး



အိုလီဗီယာဟာ သွက်လက်ချက်ချာပြီး စပ်စုတတ်တဲ့ ၁၀နှစ်အရွယ် ကလေးမလေးတစ်ယောက်ဖြစ်ပါတယ်..။ တစ်ရက်မှာ သူ့အမေဖြစ်သူ အလုပ်ကိစ္စနဲ့ ခရီးထွက်ရတဲ့အချိန်မှာ အသက် ၁၇ နှစ်အရွယ် အကိုဖြစ်သူ မိုင်းလ်နဲ့ အိမ်မှာ ၂ ယောက်တည်းကျန်ခဲ့ရရှာပါတယ်.။ အိမ်နီးချင်း ကောင်မလေး လူဆိုးတစ်သိုက်ရဲ့ ပြန်ပေးဆွဲခြင်းကို ခံရချိန်မှာ အိုလီဗီယာဟာ မျက်မြင်သက်သေတစ်ယောက်ဖြစ်ခဲ့သောလည်း သူ့ရဲ့ ပြောစကားအရ ပြန်ပေးဆွဲခံရပုံက သိပ်ကို ထူးဆန်းလွန်းနေလို့ ဘယ်သူမှ အယုံအကြည်မရှိကြပါဘူး.။  အိုလီဗိယာဟာ ဘယ်လောက်ပင်ကြိုးစားကြိုးစား သူ့စကားကို ဘယ်သူမှ အလေးအနက်ထားပြီး လက်ခံကြခြင်းမရှိတဲ့အတွက် သူမရဲ့ ခွေးလေး ချာလီကို ခေါ်ဆောင်ပြီး လူဆိုးတွေရဲ့ နောက်ကနေ သဲလွန်စရှာကာ သူမရဲ့ အိမ်နီးချင်းကို ကယ်တင်ဖို့ကြိုးစားပါတော့တယ်.။ သူမရဲ့ကြိုးစားအားထုတ်မှု့ကို မြင်ပြီး ကူညီဖို့ ကြိုးစားသူကတော့ အူကြောင်ကြောင် မိန်းမစုံထောက် ဒိုတီပဲဖြစ်ပါတယ်.။ သူတို့နှစ်ယောက်ရဲ့ အလွှဲလေးတွေ စွန့်စားခန်းတွေကို ပျော်ရွှင်ကြည်နူးစရာကြည့်ရှု့ကြရမှာပါ..။ မိသားစုနဲ့ အတူအချိန်ဖြုန်းဖို့ထိုက်တန်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.။

Review by: Mg Moe Tain
Translate by: Zin Ko Htut
Encode by: Eric Min Khant
Quality 720P HD

သွေးမုန်တိုင်းနှင့် စုန်းမမြို့တော် (သို့မဟုတ်) Salem (Tv Series) 18+







သွေးမုန်တိုင်းနှင့် စုန်းမမြို့တော် (သို့မဟုတ်) Salem (Tv Series) 18+
imdb Rating -7.2/10
အေဒီ ၁၇ ရာစုတုန်းက အမေရိကန်ပြည်ထောင်စုမှာ တကယ်ရှိခဲ့တယ်ဆိုတဲ့ စုန်းမတွေအကြောင်းကို အခြေပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲပါ။
လူစိတ်ဝင်စားမှုများတဲ့ စီးရီးကောင်းတစ်ခုဖြစ်ပြီး IMDB 7.2/10 ရရှိထားလို့ ကြည့်ရကျိုးနပ်မယ့် ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Dark Age အခြေပြု ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း 18+ အခန်းတွေလဲ မကြာခဏဆိုသလို မြင်တွေ့ရပါတယ်.။
အဲ့ဒီ့ခေတ်က စုန်းကဝေပညာ မိစ္ဆာပညာကို အင်မတန်ထိတ်လန့်ကြောက်ရွံ့ကြပြီး စုန်းမလို့ အသမုတ်ခံရရင်ကို တိုင်မှာချည်ပြီးမီးရှို့သတ်လေ့ရှိကြပါတယ်. ။ဒီလိုဖိနှိပ်မှု့တွေပြင်းထန်နေတဲ့ အချိန်ကာလတစ်ခုမှာ လူသားတွေ သဘာဝဆန်းကြယ် မိစ္ဆာကောင်တွေနဲ့ စုန်းတွေရဲ့ ကြားမှာ ပဋိပက္ခတွေကြား ငြိမ်းချမ်းမှု့ဆိုတာကို ဖော်ကျူးပေးမယ့် စုန်းမလေးတစ်ယောက်ပေါ်လာပါတယ်။ ရှေးခေတ်ပါးစပ်ရာဇ၀င်တွေအရ အပျင်းပြေလူသားတွေဆီသွားပြီး မီးအ၇ှို့ခံတယ်တယ်ဆိုတဲ့ အင်မတန်တန်ခိုးကြီးလှတဲ့ မေရီဆိုတဲ့ စုန်းမတစ်ဦးရဲ့ ဘ၀ဇာတ်လမ်းတစ်ခုပါ.။
ဒီဇာတ်လမ်းမှာတော့ မြို့လေးကိုထိန်းချုပ်ပြီး အောက်လမ်းစွမ်းအင်နဲ့ အစီအမံတွေနဲ့ သတ်ကွင်းတစ်ခုအဖြစ်ဖန်တီးမယ့် အောက်လမ်းမိစ္ဆာကောင်တွေရဲ့ ရန်ကနေ အကာအကွယ်ပေးတဲ့ မေရီကို စတင်မိတ်ဆက်အနေနဲ့မြင်တွေ့ရမှာပါ.။ အခြား Horrorာတ်လမ်းတွေနဲ့ မတူခွဲထွက်ထားပြီး ရက်စက်မှု့ ပြင်းထန်တဲ့ ခြောက်လန့်မှု့တွေနဲ့ အတူ ကြောက်လန့်ဖွယ်ရသလည်းပေးပြီး
စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးပြသထားတဲ့ ဇာတ်လမ်းတွဲဖြစ်လို့ ကြည့်ရှုသင့်ပါတယ်။ သရဲကားလိုမျိုးလည်း သက်သက်ကြီးခြောက်လှန့်နေတာမဟုတ်ပဲ
အသည်းတယားယားနဲ့ အိပ်ခါနီးမှ ပြန်ပြန်တွေးမိလောက်အောင် ပညာသားပါပါရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲလေးမို့ တမူထူးခြားတဲ့ရသ ခံစားလိုသူတွေအတွက်တော့ ရွေးချယ်စရာဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ 2014 ခုနှစ်က စတင်ပြသခဲ့တဲ့စီးရီးတစ်ခုဖြစ်ပြီး Goldchannel ပရိတ်သတ်ကြီးအတွက်ရွေးချယ်စရာကောင်းတစ်ခုဖြစ်မှာပါ..။

Review by: Scarlet Phoenix
Translate & Encode by: Hein Min Htet






Episode 1 
Episode 2 
Episode 3 
Episode 4 
Episode 5
Episode 6

My Love Story !!! (2015) မြန်မာစာတန်းထိုး




My Love Story !!! (2015) မြန်မာစာတန်းထိုး

မိန်းကလေး ကျောင်းသူများကြားမှာ ရေပန်းစားတဲ့ စုနခဝ-ခွန် နဲ့
လူတွေကိုအမြဲကူညီပေးတတ်တဲ့ တခဲအို ဆိုတဲ့ လူသန်ကြီးတစ်ယောက်တို့ရဲ့
သူငယ်ချင်းနှစ်ယောက်ကြား ခင်မင်မှု. . . .
စုနခဝက တခဲအိုကို အရမ်းခင်တော့ သူကိုကြိုက်တဲ့ကောင်မလေးတိုင်းက
တခဲအို မကောင်းကြောင်းပြောတာ မကြိုက်ချင်။ ဒါပေမယ့် ကံကြမ္မာအလှည့်အပြောင်းကြောင့်တခဲအိုက ရာမတိုဆိုတဲ့ ကောင်မလေး
တစ်ယောက်ကို ကူညီရင်း ဖြစ်ပေါ်လာတဲ့ အချစ်ဇာတ်လမ်းလေး
လူသန်ကြီးကို ကောင်မလေးကကြိုက်မိသွားပြီးကိတ်မုန့်လေးတွေ ကိုယ်တိုင်လုပ်က လာပိုးပန်းပေမဲ့ လူသန်ကြီးဖြစ်တဲ့ တခဲအိုက မရိပ်မိဘဲ သူ့သူငယ်ချင်းနဲ့ ကောင်မလေးကိုအတင်းတွန်းပို့. . . .  ထိုကဲ့သို့
အလွဲလွဲအချော်ချော်များဖြင့် ပရိသတ်တွေကို အရယ်အမောဟာဒယစုံလင်စွာနဲ့ ကြည့်ရှုရမှာဖြစ်လို့ ဂျပန်ကားကောင်းလေးတွေ ကြိုက်တတ်သူတွေ ကြည့်ဖို့ လက်တို့ပါရစေရှင်

Review by: May Satt Thu
Translte by: Mone Marn
Encode by: Sinn Sinn ]

The K2 (2016) မြန်မာစာတန်းထိုး


The K2 (2016) မြန်မာစာတန်းထိုး

 တောင်ကိုရီးယား တစ်နိုင်ငံလုံးနီးပါးကို ကွန်ရက်ဖြန့်ကြက်ထားသည့် tvN ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့တဲ့ The K2 ဆိုတဲ့ အချစ်အက်ရှင် စီးရီးအကောင်းစားလေးတစ်ခုနဲ့ Goldchannel ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေ.။ ဒီဇာတ်ကားဟာ Time Slip လို့ခေါ်တဲ့ နည်းပညာကို ပထမဆုံးအသုံးပြုထားတဲ့ ကိုရီးယားစီးရီးတစ်ခုဖြစ်ပြီး အက်ရှင်အကြမ်းပတအခန်းတွေနဲ့ အက်ရှင်ဇာတ်ကားကြီးတစ်ကားလို ရိုက်ကူးထားတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်.။ စပိန်နိုင်ငံအထိ သွားရောက်ရိုက်ကူးထားတဲ့ စီးရီးလဲဖြစ်ပါတယ်.။
- မင်းသား ဂျီချန်ဝုကဒီကားရိုက်လိုက်တော့ tvN မှာ ရိုက်ကူးခဲ့တဲ့ မင်းသားတွေထဲမှာ အနုပညာကြေးအများဆုံးပေးရတဲ့ မင်းသားဖြစ်သွားတယ်..
-ပြီးတော့ ဒီကားထဲမှာ ကိုရီးယားရိုးရာကိုယ်ခံပညာ ဖြစ်တဲ့ တိုက်ကွမ်ဒို
အာကီဒို တွေလည်းပါတယ်
--ပြီးတော့ ကိုရီးယားနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းကို မီးမောင်းထိုးပြသွားတဲ့ကား
နာမည်ကျော်မင်းသား ဂျီချန်ုဝုနဲ့ နာမည်ကျော် Girls’ Generation အမျိုးသမီးအဆိုတော်အဖွဲ့ဝင် ယွန်နာတို့ပါဝင်သရုပ်ဆောင်ထားတဲ့ နိုင်ငံရေး၊ဖိုက်တင်အချစ် ဇာတ်လမ်းဖြစ်ပါတယ်။

ဇာတ်လမ်းအညွန်းကတော့.
----------------------------
 တိုင်းပြည်နဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ စွန့်ပစ်ခြင်းကိုခံထားရပြီး မျိုးချစ်စိတ်ပြင်းထန်တဲ့သက်တော်စောင့်တစ်ယောက်ရယ်၊ လက်တုန့်ပြန်ဖို့ဆိုရင် အချစ်ကိုလက်နက်တစ်ခုလို အသုံးချတတ်တဲ့ သမ္မတလောင်းတစ်ဦးရဲ့ တိတ်တိတ်ပုန်းသမီး နဲ့ ကြင်နာတတ်ပြီးဖော်ရွှေတတ်တဲ့ မျက်နှာဖုံးနောက်ကွယ်မှ ရည်မှန်းချက်ကြီးမားတဲ့ သမ္မတကတော်လောင်းတစ်ဦးတို့ကြားမှာရှိတဲ့ ရှုပ်ထွေးသောဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။
K2 လို့ခေါ်တဲ့ ကင်ဂျယ်ဟာ (ဂျီချန်ဝု) ဟာ လူထုကြားရေပန်းစားနေတဲ့သမ္မတလောင်းရဲ့ ဇနီး ကိုစောင့်ရှောက်ပေးရမယ့် ကိုယ်ရံတော်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတလောင်းဂျန်၏ တိတ်တိတ်ပုန်းသမီးဂိုအန်နာ (ယွန်နာ) ဟာ သီးခြားနေထိုင်ပေမယ့်လည်းယောက်ျားလေးများ၏ အသည်းကိုခွဲသူအဖြစ် နာမည်ထွက်လာတဲ့အခါသူ့ကိုအပြတ်ရှင်းဖို့ K2 ကို တာဝန်ပေးအပ်ခြင်းခံခဲ့ချိန်မှာမှ သူတို့နှစ်ဦးကြားက  အချစ်ဇာတ်လမ်းတစ်ပုဒ် ပေါ်ထွက်လာခဲ့ပါတယ်။


Review & Translate by: Waing Nay Oppa
Encode by: Sinn Sinn/ Eric Min Khant
Quality -720P HD

Ode To My Father (2014) မြန်မာစာတန်းထိုး


Ode To My Father Rating-7.7/10-1541 votes အဖေသို့တမ်းချင်း မြောက်ကိုရီးယားစစ်ပွဲအတွင်းမှာမိသားစုတွေကွဲကွာသွားခဲ့ရပြီးမိသားစုအတွက်သူ့ဘဝတစ်လျှောက်လုံးစွန့် လွှတ်အနစ်နာခံပေးဆပ်သွားတဲ့လူငယ်တစ်ယောက်အ ကြောင်းကို ရိုက်ကူးထားတာပါ... #ဇာတ်လမ်းအကျဉ်း မြောက်ကိုရီးယားစစ်ဖြစ်နေချိန်မှာ...ဒေါ့ဆူ ဆိုတဲ့ကောင်လေးဟာ အဖေနဲ့ညမလေးကို ကွဲသွားပြီးနောက် မိသားစုကို အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ မားမားမတ်မတ်ရပ်တည်ပေးခဲ့ပါတယ်... အကိုကြီးအဖရာဆိုတဲ့အတိုင်း မိသားစုရဲ့လိုအပ်ချက်မှန်သမျှကို ကိုယ့်အသက်ကိုတောင် မငဲ့ကွက်ဘဲ ပင်ပင်ပန်းပန်း လုပ်ကိုင်ရှာဖွေကျွေးတဲ့သူမျိုးပါ... စစ်ကြောင့်ကွဲကွာခဲ့ရတဲ့မိသားစုတွေ၊ စစ်ဘေးကြောင့် ဖြစ်သွားရတဲ့ ဘဝဆိုးတွေကို ဒေါ့ဆူ ဘဝမှာ မမေ့နိုင်အောင် ဖြစ်ခဲ့ရပါတယ်... နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် စစ်ပွဲတွေပြီးလို့အေးချမ်းသွားတဲ့အချိန်မှာ စစ်အတွင်းမှာပျောက်ဆုံးခဲ့တဲ့ မိသားစုဝင်များကို ရှာဖွေရေး အစီအစဉ် ပေါ်လာခဲ့ပါတယ်... ဒေါ့ဆူလည်း ပျောက်ဆုံးသွားတဲ့ အဖေနဲ့ ညမလေးကို ရှာဖွေပါတော့တယ်.... ဘဝတစ်လျှောက်လုံး သူ လွမ်းဆွတ်တမ်းတသတိရခဲ့တဲ့ သူ့အဖေနဲ့ ညမလေးကို ပြန်ရှာတွေ့ပါ့မလား... သူဖြစ်ချင်တဲ့ မိသားစုဘဝလေးကို ပြန်ရနိုင်ပ်ါမလား ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှု့လိုက်ပါတော့နော်... ကြည့်ပြီးသွားရင်တော့ မိသားစု ဆိုတဲ့အဓိပ္ပါယ်ကို သေချာနားလည်ပြီး တန်ဖိုးထားတတ်သွားမယ်လို့ ယုံပါတယ်... မျက်ရည်မခိုင်တဲ့သူတွေကတော့ ကြည့်ပြီးရင် ငိုရဖို့က အသေအချာပါပဲ... ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းပါရစေနော်...

Reviewed & Translated by : May Satt Thu
Encoded by : Eric Min Khant
Quality : 720P HD


The Royal Tailor (2014) မြန်မာစာတန်းထိုး



The Royal Tailor (2014) မြန်မာစာတန်းထိုး

ဇာတ်လမ်းအကျဉ်း
ချိုဒူဆော့က ဘုရင်မင်းဆက် ၃ ဆက်တိုင်တိုင်အမှုထမ်းပြီးတဲ့နောက် ဆန်အွီဝမ်(တော်ဝင်အပ်ချုပ်ဌာန)ရဲ့ ခေါင်းဆောင်ဖြစ်လာတယ်။
တစ်နေ့မှာ ဘုရင်ကြီးရဲ့ ဝတ်ရုံဟာ မောင်းမတွေရဲ့ မတော်တဆမှုကြောင့် မီးလောင်သွားတယ်။ မိဖုရားကြီးက ဝတ်ရုံကိုပြင်ပေးဖို့ ချိုဒူဆော့ကိုခိုင်းတယ်။ ချိုဒူဆော့က စည်းမျဉ်းစည်းကမ်း လိုက်နာပြီးတော့ချုပ်တဲ့အတွက် ဒီလိုလုပ်တဲ့အခါ စည်းကမ်းချိုးဖောက်ရာကျမယ်ဆိုပြီးမပြင်ပေးဘူး။ အဲဒါနဲ့ လူတစ်ယောက်က မိဖုရားကြီးကို လီဂုံဂျင်းနဲ့မိတ်ဆက်ပေးတယ်။ လီဂုံဂျင်းဟာ ငယ်ရွယ်ပြီးတော့ သမရိုးကျနည်းတွေထဲကဖောက်ထွက်ပြီး တမူထူးခြားတဲ့ မိန်းကလေးဝတ်စုံတွေကို ချုပ်တယ်။သူရဲ့အရည်အချင်းရှိမှုကြောင့် ဆန်အွီဝမ်မှာ အတော်ဆုံး စက်ချုပ်သမားဖြစ်လာတယ်။ သူဟာ ချောမောလှပတဲ့မိဖုရားကြီးကိုတွေ့တွေ့ချင်းမှာပဲ သဘောကျသွားတယ်။ သူ့ရဲ့ဆန်းပြားလှပတဲ့ အဝတ်အစားဒီဇိုင်းကြောင့် မိဖုရားကြီးနန်းချမယ့်အရေး ပျက်သွားတယ်။ ရိုးရာနည်းနဲ့သာချုပ်တဲ့ချိုဒူဆော့က အစွမ်းအစရှိတဲ့ လီဂုံဂျင်းကို မနာလိုဖြစ်လာတယ်။ ဘုရင်ကလည်း လီဂုံဂျင်းနဲ့ မိဖုရားကြီးကို သံသယဖြစ်လာတယ်။ အဲဒါကြောင့် ချိုဒူဆော့နဲ့ပေါင်းပြီး ချောက်ချတယ်။
နန်းတွင်းရဲ့ရှုပ်ထွေးလှတဲ့ အကြောင်းအရာတွေ....
ကိုရီးယားတွေရဲ့ခမ်းနားထည်ဝါလှတဲ့ရိုးရာဝတ်စုံများကို တခမ်းတနားပြသထားတဲ့ကားကောင်းလေးမို့ ကိုရီးယားပရိသတ်လေးတွေ အားပေးကြပါဦး😃😃😃
Doctor ထဲကမင်းသမီးလေး ပတ်ရှင်ဟေးကို ဒီဇာတ်ကားလေးထဲမှာ မိဖုရားခေါင်ကြီးအဖြစ် ခမ်းနားထည်ဝါတဲ့ အလှတွေနဲ့ ရှုမြင်ရမှာပါ


Review by: May Satt Thu
Translate by: Phyo Thant
Encode by:Sinn Sinn


The BFG (2016) မြန်မာစာတန်းထိုး


ဒါရိုက်တာစတီဗင် စပီးလ်ဘာ့ဂ်ရဲ့ လက်ရာစိတ်ကူးယဉ်စွန့်စားခန်းဇာတ်ကားသစ်လေးဖြစ်ပါတယ်။ ဆယ်နှစ်သမီးမိဘမဲ့လေး ဆိုဖီနဲ့ သဘောကောင်းတဲ့ လူ့ဘီလူးကြီးတို့ရဲ့အကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ကလေးပရိသတ်တွေရော၊ လူကြီးပရိသတ်တွေပါ သဘောကျမှာ သေချာပါတယ်။
 လူကောင်ကြီးပေမယ့် စိတ်သဘောထားကောင်းတဲ့ လူဘီလူးကြီး (Big Friendly Giant) ဟာ အခြားသော လူဘီလူးကြီးတွေလို ကြမ်းကြမ်းတမ်းတမ်း ပုံစံမျိုး မဟုတ်တဲ့ ထူးခြားသူတစ်ယောက်ပါ။ အရပ်အမြင့် ၂၄ ပေရှိပြီး နားရွက်အကြီးကြီးတွေလည်းရှိကာ အနံ့ခံစွမ်းရည်လည်း အရမ်းကောင်းတဲ့ BFG ဟာ ရိုးရိုးအအကြီးတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။
ပေ ၅၀  အရပ်အမြင့်ရှိတဲ့ လူ သားစားဘီလူးခေါင်းဆောင် Fleshlumpeaten၊ ဒုတိယခေါင်း ဆောင် Bloodbottler တို့ကတော့ အရမ်းကိုကြောက်စရာကောင်းသလို လူသားလည်းစားတဲ့ ဘီလူးကြီးတွေမို့ BFG နဲ့တော့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ။
လန်ဒန်မြို့က မိဘမဲ့ဂေဟာ က ကလေးမလေးဆိုဖီဟာ တစ်ရက်မှာတော့ ညဘက်အိပ်နေတုန်း လက်အကြီးကြီးတစ်ခု ပြတင်းပေါက်က၀င်လာပြီး လူဘီလူးနိုင်ငံကို ခေါ်ဆောင်သွားကာ လှောင် အိမ်တစ်ခုထဲမှာ ထည့်ထားခံရပါတယ်။ လူဘီလူးကြီးရဲ့ ဖမ်းခေါ်ခြင်းခံရတဲ့ ဆိုဖီဟာကြောက်ရွံ့ ထိတ်လန့်ပေမယ့် သူ့ကိုဖမ်းခေါ်သွားတာက BFG ဖြစ်နေတာမို့ စိတ်သဘောထားကောင်းပြီး ကြင်နာတတ်တာကိုသိရှိပြီးတဲ့နောက် မိတ်ဆွေဖြစ်သွားခဲ့ကြပါတယ်။
BFG က ဆိုဖီကို သူ့အိပ်မက် တွေ စုဆောင်းထားတဲ့ အိပ်မက် နိုင်ငံကိုခေါ်ဆောင်သွားခဲ့ပြီး ပဉ္စ လက်ပညာတွေနဲ့ အိပ်မက်တွေရဲ့ ထူးဆန်းအံ့ဖွယ်ရာတွေကို သင် ကြားပေးခဲ့ပါတယ။် ဆိုဖီနဲ့ BFG တို့ဟာ ကိုယ်ပိုင်ကမ္ဘာလေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြပေမယ့် တစ်ရက်မှာတော့ အဖျက် အမှောင့်တွေက ပေါ်လာပါတော့တယ်။ အဲဒါကတော့ လူဘီလူးနိုင်ငံမှာ ဆိုဖီရှိနေတာကို သဘောမကျသူတွေက ဒုက္ခပေးကြတာ ဖြစ်ပါတယ်။
နောက်ပြီး လူဘီလူးကြီးတွေ ဟာ အိပ်နေတဲ့ ကလေးတွေကို စားသောက်ဖို့ အစီအစဉ်တွေရှိ တာကို အိပ်မက်မက်တဲ့အတွက် အဲလိဇဘတ် II ဘုရင်မကြီးဆီကို သွားပြီး သူတို့ရဲ့ အိပ်မက်ဆိုးကို ပြောပြအကူအညီတောင်းဖို့ ဆိုဖီ ကအကြံရခဲ့ပါတယ်။ အိပ်မက်ဆို ပေမယ့် အပြင်မှာတကယ်ဖြစ်လာ ဖို့ အခြေအနေရှိနေတာကြောင့် အဲလိဇဘတ်ဘုရင်မကြီးက ဘယ်လိုကာကွယ်သွားမှာလဲ။ ဆိုဖီနဲ့ BFG တို့ကော ဘယ်လိုအခြေအနေနဲ့ ဇာတ်သိမ်းမှာလဲဆိုတာ တော့ ကိုယ်တိုင်ကြည့်ကြဖို့ ညွှန်း ပေးလိုက်ပါတယ်။
ဒီဇာတ်ကားမှာ BFG အဖြစ် မာ့ခ်ရိုင်လန့်စ်၊ ဆိုဖီအဖြစ် ရူဘီ ဘန်းဟစ်လ်၊ အဲလိဇဘတ် II ဘုရင်မကြီးအဖြစ် ပန်နီလိုပ်ဝီလ် တန်စတဲ့ သရုပ်ဆောင်တွေပါဝင် ထားကြပါတယ်။ ဝေါ့ဒစ္စနေရုပ် ရှင်ထုတ်လုပ်ရေးကနေ ဇွန်လကုန် က ဖြန့်ချိပေးထားတဲ့ ဒီဇာတ်ကား လေးဟာ ရုပ်ရှင်ဝေဖန်ရေးသမား တွေရဲ့ သုံးသပ်ချက်ရလဒ်ကောင်း တွေလည်း ရထားပါတယ်။
Review Credti to 7day Daily
Translated by: Chue Thinzar Naing
Encode by: Eric Min Khant
Quality HDTS Version
Size 900MB


Batman Unlimited: Mechs vs. Mutants (2016) မြန်မာစာတန်းထိုး

Batman Unlimited: Mechs vs. Mutants (2016) မြန်မာစာတန်းထိုး




Batman Unlimited: Mechs vs. Mutants (2016) မြန်မာစာတန်းထိုး
Gotham မြို့က သူရဲကောင်းကြီး Batman ရဲ့ 2016 ထုတ်နောက်ဆုံးစွန့်စားခန်းတွေထဲက တစ်ခုဖြစ်တဲ့ mechs vs mutants လာပါပြီခင်ဗျာ။ Batman Unlimited series ရဲ့နောက်ဆက်တွဲ ဒီကားမှာ Mr.Freeze ဟာ Gotham ရဲ့ အဓိကရန်သူတွေထဲအပါအဝင်ဖြစ်တဲ့ Killer Croc နဲ့ Chemo တို့ကို သူ့ရဲ့တီထွင်မှုတစ်ခု စမ်းသပ်လိုက်တဲ့အခါမှာတော့ အန္တရာယ်အရမ်းများတဲ့ villain တွေဖြစ်လာပါတော့တယ်။ အနက်ရောင်သူရဲကောင်းကြီး Batman အနေနဲ့ ဘယ်လိုနည်းပညာတွေ၊ ဘယ်လိုစွန့်စားမှုမျိုးတွေနဲ့ ဒီGotham မြို့ကြီးကို ကာကွယ်ပေးဦးမလဲဆိုတာ ရှုမြင်ခံစားကြရမှာပါ။ Penguin နဲ့ Clayface ဆိုတဲ့ villain နှစ်ယောက်အပါအဝင် DC universe ထဲက လူဆိုးတော်တော်များများကိုပါ ပွဲထုတ်ပြထားပြီး DC animation တွေကို ရုံတင်movie တွေထက်ပိုစွဲလမ်းတတ်ကြတဲ့ DC hardcore fan တွေရော၊ animation မှန်သမျှကို စိတ်ဝင်တစားစောင့်ကြည့်တတ်ကြတဲ့ပရိသတ်တွေအားလုံးပါ ကြည့်ရှုနိုင်စေဖို့ gold channel က တင်ဆက်ပေးလိုက်ပါတယ်။

Review by: Scarlet Phoenix
Translate by: Chit Mee
Encode by: Eric Min Khant
Size - 500MB
Quality -720P HD


Boku dake ga Inai Machi (ERASED) (2016) မြန်မာစာတန်းထိုး



Boku dake ga Inai Machi (ERASED) (2016) မြန်မာစာတန်းထိုး




 (ကလေးတွေအတွက် သာမက လူကြီးတွေအတွက်ပါ ဘ၀သင်ခန်းစာတွေ ၊ အတုယူဖွယ်ရာတွေနဲ့ ပြည့်နှက်နေယုံမက အကောင်းဆုံး ဖြေဖြေမှု့ပေးစွမ်းနိုင်မယ့် Japan Anime စီးရီးကောင်းလေးတစ်ခုကို Goldchannel ပ၇ိတ်သတ်ကြီးအတွက် မေတ္တာရှေ့ထားလို့တင်ဆက်ပေးလိုက်ရပါတယ်.။)

.

ဆာတိုယုဖူဂျီနာမာ ဟာ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်းနေဖို့ အမြဲစိုးထိတ်နေတတ်တဲ့သူပါ ..
သူဟာ Manga တွေရေးဖို့ ကြိုးစားနေသူဖြစ်ပြီး သူ့ Manga တွေကို ဖော်ပြခံရဖို့ အမြဲရုန်းကန်နေရသူပါ .. 
သူ့မှာ ထူးခြားတဲ့ အခြေအနေတစ်ခုတော့ ရှိတယ် .. 
အဲ့ဒါက ဆိုးဝါးတဲ့ မတော်တဆမှု တစ်ခုခု ဖြစ်တော့မယ် ဆိုရင် 
သူရဲ့ အချိန်ဟာ မိနစ်အနည်းငယ် နောက်ကို ပြန်ဆုတ်သွားပါတယ် .. 
အဲ့ဒီအခါထိခိုက်သေကြေမှုတွေ မဖြစ်အောင် တားဆီးနိုင်ပါတယ် .. 
အဲ့ဒီလို မတားဆီးနိုင်မချင်း ထပ်ခါထပ်ခါ နောက်ကို ပြန်ဆုတ်သွားတတ်တယ်ပေါ့ .. 
တစ်ရက်မှာတော့ သံသယဖြစ်ဖွယ် လူသတ်မှုမှာ ဖူဂျီနာမာ ဟာ တရားခံအဖြစ် စွပ်စွဲခံလာရတဲ့ အခါမှာတော့ 
သူ့ရဲ့ အချိန်တွေဟာ နောက်ကို ပြန်ဆုတ်သွားပြီး အဲ့ဒီမှုခင်း မဖြစ်အောင် တားဆီးရပါတော့မယ် .. 
ဒါပေမယ့် ဒီတစ်ကြိမ်မှာ ထူးဆန်းတာက ခါတိုင်းလို မူခင်းမဖြစ်ပွားခင် 
မိနစ်ပိုင်း အလိုလောက်ပဲ နောက်ဆုတ်သွားတာမဟုတ်ဘဲ မူလတန်းအရွယ် ကလေးဘ၀ အထိ 
နောက်ဆုတ်သွားတာဖြစ်နေတာပါပဲ .. 
.
၂၉ နှစ်အရွယ် စိတ်နဲ့ ၅တန်းကလေးအရွယ် ခန္ဓာ .. 
ငယ်ငယ်က မသိလိုက် မသိဘာသာဖြတ်သန်းပစ်ခဲ့လိုက်တဲ့ ရှင်းလို့မလွယ်တဲ့ ပုစ္ဆာများ .. 
အနာဂတ် ကို ပြင်ဆင်နိုင်ဖို့အတွက် ကာကွယ်ရမည့် အတိတ်ဖြစ်ရပ်များ …
.
Erased ဟာ သင့်အတွက် ဆင့်ပွားတွေးဆ စရာတွေကို ယူဆောင်လာပေးနိုင်မှာ အသေအချာပါပဲ …
.

Erased (ဂျပန်လိုဆိုရင်တော့ Boku Dake ga Inai Machi – The Town without Me)
ဟာ Kei Sanbe က ရေးဆွဲခဲ့တဲ့ Manga ဖြစ်ပြီး Young Ace မဂ္ဂဇင်းမှာ ၂၀၁၂ခုနှစ် ဂျွန်လ ၄ ရက်နေ့ကနေ ၂၀၁၆ မတ်လ် ၂၅ ရက်နေ့အထိ အခန်းဆက် ဖော်ပြပါရှိခဲ့ပါတယ် ..
အခု Anime Adaptation ကိုတော့ A-1 Pictures ကနေ ရိုက်ကူးကာ Fuji TV ကနေ ထုတ်လွှတ်ပြသခဲ့ပြီး လက်ရှိ လူကြိုက်များနေတဲ့ Anime တွေထဲက တစ်ခုလည်း ဖြစ်ပါတယ် .. 
.
.
သင်တို့ရဲ့ဘ၀မှာ .. အမြဲအမှတ်ရနေချင်တဲ့ မှတ်ဥာဏ်အစိတ်အပိုင်းတွေရှိသလို
ပျောက်ပျက် ဖျက်ဆီး ပစ်လိုတဲ့ အမှတ်တရတွေလည်း ရှိနေမှာပါပဲ .. 
ဒီ Erased ဆိုတဲ့ Anime လေး က သင်တို့ ရဲ့ အမှတ်တရတွေကို ပြန်လည်သုံးသပ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ် …
.
.Review & Translate by:  ~MgKaung~
Encode by: Sinn Sinn 



နာနာဘာဝကျိန်စာ (သို့မဟုတ်) The Parallel (2014) မြန်မာစာတန်းထိုး






    (GC ပရိတ်သတ်ကြီးအတွက် ထိုင်းသရဲကားကောင်းကောင်းလေးတစ်ကားကို ရှာဖွေတင်ဆက်ပေးလိုက်ရပါတယ်.။ ကြောက်ရွံထိတ်လန့်ဖွယ်ရာ အဘယရသကို တလှည့်ခံစားကြည့်လှည့်ကြပါဦး..) 
  
မိခင်ဖြစ်သူ ရက်ရက်စက်စက်အသတ်ဖြတ်ခံရမှု့မှာ ကိုယ်တိုင် မျက်မြင်သက်သေဖြစ်ခဲ့ရရှာတဲ့ ကလေးမလေးတစ်ယောက်ရှိပါတယ်.။မိဘမဲ့ကလေးကျောင်းကိုရောက်သွားရှာတဲ့ ကလေးမလေးဟာ ကလေးအသိုင်းအ၀ိုင်းနဲ့ သဟဇာတမဖြစ်ပဲနဲ့ တစ်ယောက်တည်းပတ်ဝန်းကျင်နဲ့ ကင်းကွာနေသူပါ.။ သူ့ရဲ့ တစ်ယောက်တည်းနေတဲ့ ပုံစံကို သိပ်သဘောမကျတဲ့ကလေးအချို့က ကလေးမလေးအပေါ်ကို တိုက်ခိုက်အနိုင်ကျင့်တဲ့အခါမှာတော့ သရဲမကြိးတစ်ကောင်ပေါ်လာပြီး ကာကွယ်ပေးတတ်ပါတယ်.။ လူတွေအများအမြင်မှာတော့ သူ့မိခင်သရဲမကြီးက ကာကွယ်ပေးတယ်ပေါ့..။ ဒါပေမယ့် ပြဿနာက ဒီလောက်မရိုးရှင်ပါပဲနဲ့ သရဲမကြီးဟာ ကလေးမလေးကို အကာအကွယ်ပေးနေတာမဟုတ်ပဲ အင်မတန်ဆိုးရွားလှတဲ့ ကျိန်စာအရ ကလေးမလေးမှာတွယ်ကပ်နေတာကို သိလိုက်ရတဲ့အခါမှာတော့ .. ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာ အံသြဖွယ်ရာအပြည့်နဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်တည်လာပါတော့တယ်.........။

Translate by: Phoo Phoo
Encode by: Eric Min Khant
Quality 720P HD



ARQ (2016) မြန်မာစာတန်းထိုး

ARQ (2016) မြန်မာစာတန်းထိုး



ARQ 2016 (မြန်မာစာတန်းထိုး)

IMDB 6.5 ရရှိထားပြီး အခုလမှထွက်ရှိထားတဲ့ Science Fiction ရုပ်ရှင်တစ်ကားကိုတင်ဆက်ပေးပါ့မယ်။ အချိန်ခရီးသွားရုံသက်သက်မဟုတ်ပဲ တစ်နေရာရာကိုပဲ အကြိမ်ကြိမ်ပြန်လည်ရောက်ရှိနေတဲ့ Looping သဘောမျိုး time travel ပုံစံနဲ့ရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်ပြီး The Looper လို၊ Edge of tomorrow လိုမျိုးကားတွေကိုသဘောကျသူတွေ အကြိုက်တွေ့မယ့်ရုပ်ရှင်ဖြစ်ပါတယ်။ Renton တစ်ယောက် သူ့ချစ်သူနဲ့အတူနိုးထလာတဲ့အချိန်မှာ လူသုံးယောက်ဟာ ဓာတ်ငွေ့ကာမျက်နှာဖုံးတွေနဲ့အိပ်ခန်းထဲရောက်ရှိနေခဲ့ပြီး သူတို့ကိုဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။ အဖွဲ့ခေါင်းဆောင်ဟာ ARQ ဆိုတဲ့စက်ပစ္စည်းတစ်ခုအကြောင်းပြောပြခဲ့ပါတယ်။ Renton ထွက်ပြေးဖို့ကြိုးစားတဲ့အခါ မအောင်မြင်ပဲ သေဆုံးသွားခဲ့ပေမယ့် နဂိုမူလနေရာကိုပဲပြန်ရောက်နေပြီး အချိန်တစ်ပတ်လည်သွားတာကို အံ့အားသင့်ဖွယ်ကြုံတွေ့ရပါတယ်။ မတူညီတဲ့အဖြစ်အပျက်တွေကို တူညီတဲ့အစပိုင်းကနေ ထပ်ခါထပ်ခါရင်ဆိုင်ကျော်လွှားရင်းနဲ့ပဲ သူ့ချစ်သူရော သူပါ လွတ်နိုင်မလား။ ဘယ်လိုအချိုးအကွေ့တွေကြုံရမလဲ။ သူတို့ကိုချုပ်နှောင်ထားတဲ့သူတွေကရော ဘယ်သူတွေလဲ စသဖြင့် စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ရုပ်ရှင်ဖြစ်ပါတယ်။ အသစ်အသစ်တွေကို ပရိသတ်အတွက် ကြိုးစားတင်ဆက်ပေးနေတဲ့ထုံးစံအတိုင်း သိပ္ပံဇာတ်ကားတွေထဲပုံစံထူးခြားတဲ့ဒီကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Review by : Scarlet Phoenix
Translate by:Gemini Sugar
Encode by :Eric Min khant
Quality :720P HD

Elephant Kingdom (2016) မြန်မာစာတန်းထိုး

Elephant Kingdom (2016) မြန်မာစာတန်းထိုး

နန်းတွင်းထဲမှ ဘုရင့်စီးတော်ဆင် မိသားစုရဲ့ စွန့်စားခန်း အက်ရှင်တွေ ဟာသတွေနဲ့ ပြည့်နှက်နေတဲ့ ကာတွန်းဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်..။ Rock လို့ခေါ်တဲ့ စွယ်စုံဆင်ကြီးဦးဆောင်တဲ့ စီးတော်ဆင်မိသားစုရဲ့ အရှင်သခင် လူသားဘုရင်ကြီး Patrick ရန်သူတွေရဲ့ အကောက်ကြံခြင်းခံရကာ ဓားစာခံအဖြစ်ဖမ်းဆီခံထားရပြီး လူသားတွေက ဘုရင်မရှိတဲ့ အချိန်မှာ ထီးနန်းလုဖို့ အတွက်ပဲ အာရုံတက်မက်နေကြပြီး ဘုရင်ကိုပြန်လည်ကယ်တင်ဖို့ အတွက် အာရုံသိပ်မထားကြပါဘူး.။ ဘုရင်ကြီးလမ်းဆုံးရောက်တော့မယ်အချိန်မှာပဲ လူသားတွေကို နှိုးကြားစေဖို့ သစ္စာဆိုတာကိုသတိရလာစေဖို့အတွက် ဆင်မိသားစုလေးဟာ အသက်ကို ပဓာနမထားပဲ ဘုရင်ကြီးကို ကယ်တင်ဖို့ အတွက် ကြိုးပန်းကြတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ.။ ချစ်စရာဆင်မိသားစုကို ကြည့်ရှု့ပျော်ရွှင်ရင်း ဟာသတွေ စွန့်စားခန်းအက်ရှင်တွေ အပြည့်နဲ့ ဇာတ်လမ်းမို့ Goldchannel ပရိတ်သတ်ကြီးအတွက် ဦးဦးဖျားဖျားတင်ဆက်ပေးလိုက်ရပါတယ်.။


Translate by: Pyi Ent Kyaw
Encode by: Eric Min Khant
Quality 720P HD


ကောင်းကင်စီးချင်း (သို့မဟုတ်) Maximum ride(2016) မြန်မာစာတန်းထိုး

ကောင်းကင်စီးချင်း (သို့မဟုတ်) Maximum ride(2016) မြန်မာစာတန်းထိုး
( Goldchannel ရဲ့ ထုံးစံအတိုင်း လတ်လတ်ဆတ်ဆတ် ၂၀၁၆ ကားအသစ်တွေကို ဦးဦးဖျားဖျား Dvd ခွေကွာလတီမျိုးမဟုတ်ပဲ အမိုက်စားကွာလတီနှင့် ကြည့်ရှု့ရစေမယ့် ဇာတ်ကားကောင်း ဇာတ်ကားသစ်တစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ရပါတယ်။ မြန်မာစာတန်းထိုးမှာလဲ ရောင်းတန်းစာတန်းထိုးမဟုတ်ပဲ စေတနာပါပါနဲ့ အပြည့်အ၀စာတန်းထိုးပေးထားတာဖြစ်လို့ ဇာတ်ကားကောင်းတစ်ကားရဲ့ အရသာကို အပြည့်အ၀ခံစားကြရမှာဖြစ်ပါတယ်........။)

ဟုတ်ကဲ့ ဒီတစ်ခေါက်တင်ဆက်ချင်တာကတော့ စာရေးဆရာ James Pattersonရဲ့ အောင်မြင်ကျော်ကြားတဲ့
စာအုပ်များထဲမှ လူငယ်များအတွက်ရည်ရွယ်ပြီးရေးထားတဲ့ Maximum Ride Book 1: The Angel Experimentကို
ရုပ်ရှင်အဖြစ်ပြန်လည်ပုံဖော်ထားခြင်းဖြစ်ပါတယ်။
အခုထွက်ထားတဲ့ပထမဦးဆုံးကားမှာတော့ လူDNAကို ဌက်DNAနှင့်ပေါင်းစပ်ပြီး ကြီးပြင်းလာရတဲ့ ကလေး၆ယောက်ရဲ့ စွန့်စားခန်းများဖြစ်ပါတယ်။ သူတို့ကိုစောင့်ရှောက်ပေးတဲ့ဂျက်ရဲ့အကူအညီနဲ့
သိပ္ပံပညာရှင်တွေရဲ့(The School)ဆိုတဲ့ စမ်းသပ်ခန်းထဲမှလွတ်မြောက်လာပြီး အပြင်လောကမှာ
ပုန်းလျိုးကွယ်လျိုးနေထိုင်ရပုံတွေ၊ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ "အိန်ဂျယ်" ဆိုတဲ့ကောင်မလေး
ပြန်အဖမ်းခံသွားရတဲ့အခါမှာလည်း သူတို့ရဲ့စမ်းသပ်ခန်းကိုပြန်သွားပြီး ကယ်ထုတ်ပုံတွေကို ရိုက်ပြထားတဲ့
Action,Adventure,Comedy အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။ဒီကားက PG 13အဆင့်ဘဲရှိတာကြောင့်
သွေးထွက်သံယိုတွေမပါဝင်တဲ့အပြင် မိသားစုဝင်များ အတူတကွကြည့်ရှုလို့ရတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်.။


Review & Translate by: Hein Htut
Encode by: Eric Min Khant

 Watch & Download 720P HD  800MB

Watch & Download Small File 550MB

Bounty Hunter 2016 (မြန်မာစာတန်းထိုး)




Bounty Hunters (2016) မြန်မာစာတန်းထိုး Imdb Rating 7.6/10 အသစ်စက်စက်ထွက်ရှိလာတဲ့ကားတွေထဲကမှ နာမည်ကြီးလူကြိုက်များနေတဲ့ ဒီဇာတ်လမ်းလေးမှာ စွယ်စုံရပြီးပျိုမေတို့အသည်းစွဲဖြစ်တဲ့ လီမင်ဟို ခေါင်းဆောင်ပါဝင်ထားပြီး အခြားနာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာနဲ့ အားဖြည့်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ကြေးစားအနေနဲ့ငွေယူပြီး တရုတ်၊ ဟောင်ကောင်၊ ကိုရီးယားနဲ့ ထိုင်းနိုင်ငံတို့ထိလိုက်ပြီး ရာဇ၀တ်သားတွေကိုလိုက်လံဖမ်းဆီးတဲ့ အဖွဲ့တစ်ဖွဲ့အကြောင်းဖြစ်ပြီး IQ အလွန်မြင့်ကာ တိုက်ရည်ခိုက်ရည်ပြည့်ဝလှပေမယ့် တခါတရံခေါင်းမာ တခါတရံကလေးဆန်တတ်တဲ့ ဇာတ်လိုက်မင်းသားအဖြစ် လီမင်ဟိုကို မြင်တွေ့ရမှာဖြစ်ပါတယ်။ နောက်ထွက် ကိုရီးယားရုပ်ရှင်တွေထဲ လူကြိုက်အများဆုံးဖြစ်နေပြီး နိုင်ငံတကာက မြင်ကွင်းရှုခင်းတွေ စိတ်လှုပ်ရှားဖွယ်တိုက်ခိုက်ခန်းတွေနဲ့ ဒီရုပ်ရှင်လေးကို ပရိသတ်တွေအတွက် ဦးဦးဖျားဖျား တင်ဆက်ပေးလိုက်ပါတယ်။ Reviewed & Translated by - Scarlet Phoenix
Encoded by - Sinn Sinn
Quality - 1080P HD




Unforgettable 2016 ( မြန်မာစာတန်းထိုး)



Unforgettable 2016 - မြန်မာစာတန်းထိုး ၂၀၁၄ ခုနှစ်မှာ ရေဒီယိုDJ သမားလေးတစ်ယောက်ဟာ တစ်နေ့မှာတော့ သူ့ရဲ့အချစ်ဦးထံကနေ အရင်အမှတ်တရတွေ အတိတ်တွေကိုပြန်တူးဆွထားတဲ့ စာလေးတစ်စောင်ကို လက်ခံရရှိခဲ့ပါတယ်။ အရင်၂၃ နှစ်က သူတို့အတူဖြတ်သန်းခဲ့ဖူးတဲ့နွေညနေခင်းတွေ၊ ရှက်တတ်ကြောက်တတ်တဲ့အရွယ်မှာ အချင်းချင်းဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကလေးတွေနဲ့စတင်ခဲ့တဲ့ ဒီဇာတ်လမ်းလေးဖြစ်ပါတယ်။ ရိုမန့်လည်း ဖြစ်ပြီး ကြည်နူးစရာတွေရယ် ကြေကွဲစရာတွေရယ်ပါ ရောနှောတင်ဆက်ထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ရောဂါသည်မလေးနဲ့သူ့ရဲ့အချစ်တွေအကြောင်း၊ မေ့ဖျောက်မရနိုင်တဲ့အမှတ်တရတွေအကြောင်းကို လှလှပပတင်ဆက်ပြသထားတဲ့ရုပ်ရှင်ကားဖြစ်ပြီး 52ကြိမ်မြောက် ဘတ်ဆန်းအနုပညာဆုပေးပွဲမှာ Most Popular Actor ဆုကိုရရှိထားတဲ့ဇာတ်ကားဖြစ်တာကြောင့် အခုပဲခံစားကြည့်ရှုလိုက်ရအောင်ပါ။

Reviewed by : ကျန်ကျောင်း
Translated by: ပေါင်ချိန်
Encoded by : ဝါထာဖာတီ ရေဖာတီ
Quality : 720P HD


Big Eyes (2014) မြန်မာစာတန်းထိုး

Big Eyes (2014) မြန်မာစာတန်းထိုး
၁၉၅၀ပြည့်နှစ်တွေဟာ အမျိုးသားတွေအတွက်တော့ တော်တော်နေလို့ထိုင်လို့ကောင်းတဲ့နှစ်ပါပဲတဲ့။
သတင်းထောက် Dick Nolan ဇာတ်ကားအစမှာပြောထားတာပါ။
အဲ့ဒါဆို အမျိုးသမီးတွေအတွက်ကော...။
အဲ့ဒါကတော့ ကျနော့်ဘာသာကျနော်မေးမိတာပါ။
သေချာတာကတော့ အတိတ်ကာလတုန်းက အခုလောက်အမျိုးသမီးစွမ်းရည်မြှင့်တင်မှုဆိုတဲ့စကားတွေ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုတွေ (မျက်စိနောက်လောက်အောင်) မပေါများသေးဘူး။
ပြီးတော့ အမျိုးသားအမျိုးသမီးတန်းတူအခွင့်အရေးအကြောင်း ဟောင်ဖွာဟောင်ဖွာပြောတတ်တဲ့သူတွေလည်း သိပ်မများသေးဘူး။
အတိတ်ကာလကအမျိုးသမီးတွေဟာ ပိုမိုရုန်းကန်ခဲ့ရတယ်၊ အဲ့ဒီအတွက် ပိုမိုစစ်မှန်ခဲ့တယ်။
မာဂရက်သတ်ချာကနေ အဲလစ်ဇဘတ်တေလာအထိ အမျိုးမျိုးအထွေထွေသော ၂၀ရာစုရဲ့ အမျိုးသမီးပြယုဂ်တွေထဲမှာ ပန်းချီဆရာမ Margaret (Margaret Keane) ကတစ်ယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်။ သူ့နာမည်ကိုဒီရုပ်ရှင်မကြည့်ရသေးခင်အထိ မကြားဖူးပါဘူး။
Tim Burton ရဲ့ Big Eyes ဟာ Margaret ရဲ့ဘဝအကြောင်းပြောပြရကနေ အဲ့ဒီခေတ် အဲ့ဒီအချိန်က လူနေမှုဘဝကိုတစ်စိတ်တစ်ပိုင်းဖော်ပြခဲ့တာပါ။
Margaret ဟာအိမ်ထောင်ရေးအဆင်မပြေခဲ့တဲ့အမျိုးသမီးတစ်ယောက်ပါ။
ပထမယောက်ျားနဲ့သမီးကလေး Jane ကိုရခဲ့ပြီး၊ အိမ်ပေါ်ကဆင်းလာခဲ့ပါတယ်။
အဲ့ဒီခေတ်ကအမျိုးသမီးတစ်ယောက် အလုပ်ရှာရတာတကယ်မလွယ်ပါဘူး၊ ခင်ပွန်းသည်ကခွင့်ပြုမှ အလုပ်ရှင်ကခန့်ပါသတဲ့။ (ဒါကတော့ရုပ်ရှင်ထဲကဇာတ်ကွက်တစ်ခုပါ၊ တကယ်ဟုတ်မဟုတ်ကတော့ ကျနော်လည်းအဲ့ဒီခေတ်မှာမမွေးခဲ့တော့မသိဘူးပေါ့)
ဆိုလိုချင်တာက ကမ္ဘာကြီးဟာ တစ်ချိန်ကအမျိုးသမီးတွေကိုသိပ်မျက်နှာသာမပေးခဲ့ဘူး။
Margaret ဟာပါရမီထူးတဲ့ ပန်းချီဆရာတစ်ယောက်ပါ။
စိုလဲ့တောက်ပနေတဲ့ မျက်လုံးဝိုင်းကြီးတွေနဲ့ ကလေးငယ်လေးတွေရဲ့သနားစဖွယ်မျက်နှာဟာ သူ့ရဲ့ကိုယ်ပိုင်ဟန်တစ်ခုဖြစ်ပါတယ်။
Van Gogh ကိုတောက်ပတဲ့အဝါရောင်တွေနဲ့ တွဲသိကြသလိုပေါ့။ Margaret ကလည်းသနားစဖွယ်မျက်ဝန်းတွေရဲ့ ဖန်ဆင်းရှင်ပါ။
ဒါပေမယ့် modern ပန်းချီခေတ်စားတဲ့ကာလဆိုတော့ သူ့ပုံတွေကိုအစပိုင်းမှာ လူတွေကသတိမထားမိခဲ့ဘူး။
ပုံတူတစ်ပုံကို ၂ဒေါ်လာနဲ့ရောင်းတာတောင် ဈေးအဆစ်ခံရတဲ့ဘဝမှာ ရုပ်ချောအပြောကောင်း ပန်းချီဆရာ Walter Keane နဲ့တွေ့ခဲ့တယ်။
သူကတော့ ရှုခင်းဆွဲတဲ့ပန်းချီဆရာ။ ဒီလိုနဲ့ချစ်ကြိုက်သွားပြီး လက်ထပ်လိုက်ကြတယ်ဆိုပါတော့။
သူတို့ပန်းချီကားတွေကို နာမည်ကြီးပြတိုက်တွေမှာလိုက်ပြပေမယ့် တောင်ခြစ်မြောက်ခြစ် modern art တွေခေတ်စားနေချိန်ဆိုတော့ ဝယ်ဖို့မပြောနဲ့ ပြတိုက်တွေကတင်တောင်မတင်ပေးချင်ကြဘူး။
အဲ့ဒါနဲ့လူစည်ကားတဲ့ကလပ်တစ်ခုရဲ့ နံရံတွေကိုပိုက်ဆံပေးငှါးပြီး ပန်းချီကားတွေချိတ်ဆွဲပြရတဲ့အဆင့်ရောက်သွားတယ်။
အဲ့ဒါတောင်ကလပ်ပိုင်ရှင်က အိမ်သာလျှောက်လမ်းကနံရံဘေးမှာပဲ ပြခွင့်ပြုခဲ့တာ။
အဲ့ဒီအတွက် Walter နဲ့ကလပ်ပိုင်ရှင်တို့ ရန်ဖြစ်ကြတော့ အဲ့ဒီသတင်းဟာ ဒေသခံအတင်းအဖျင်းစာစောင်ရဲ့ မျက်နှာဖုံးမှာပါလာတယ်။
အဝါရောင်သတင်းထောက် Dick Nolan ကစိတ်ဝင်စားပြီး သတင်းရေးဖို့ Walter ကိုမေးမြန်းခဲ့တယ်။
ဒါပေမယ့် သူစိတ်ဝင်စားတာ Margaret ဆွဲတဲ့ မျက်လုံးဝိုင်းကြီးတွေနဲ့ကလေးတွေရဲ့ ပန်းချီတွေအကြောင်းပါ။
Walter လည်း အဲ့ဒီပန်းချီတွေကိုသူဆွဲတာပါဆိုပြီး ချော်လဲရောထိုင်လိုက်တယ်။
အဲ့ဒီသတင်းကစာစောင်ထဲပါလာတော့ လူတွေရဲ့စိတ်ဝင်စားမှုရပြီး ပန်းချီကားတွေရောင်းထွက်သွားတယ်။
အစကတော့ Margaret ဟာသူ့ပန်းချီတွေကိုလူကြိုက်တဲ့အတွက် ဝမ်းသာပေမယ့် နောက်ပိုင်းကျတော့ သူ့ယောက်ျားက ဒီပန်းချီကားတွေကိုသူဆွဲတာပါဆိုပြီးနာမည်ယူတော့ စိတ်မကောင်းဖြစ်ခဲ့ရတယ်။
အဲ့ဒီအတွက် Walter ပေးတဲ့အကြောင်းပြချက်က ''အမျိုးသမီးတွေဆွဲတဲ့ပန်းချီကားကို ဘယ်သူကအရေးတယူလုပ်မှာလဲ'' တဲ့။
သူ့စကားကမှန်ခဲ့ပါတယ်၊ Keane လို့လက်မှတ်ထိုးထားတဲ့ မျက်လုံးဝိုင်းကြီးတွေက အမေရိကန်နိုင်ငံမှာသာမက ကမ္ဘာ့အနုပညာအသိုင်းအဝိုင်းမှာပါ နာမည်ကြီးသွားပါတယ်။
Margaret ကပန်းချီကားဆွဲပြီးတိုင်း သူ့ယောက်ျားရဲ့မျိုးရိုးနာမည် Keane ကိုပဲလက်မှတ်အဖြစ်ထိုးခဲ့တာဆိုတော့ ဘယ်သူ့မှသူ့ကိုသတိမထားမိခဲ့ဘူးပေါ့။
ဒီဇာတ်ကားဟာ Margaret ရဲ့ဘဝဇာတ်ကြောင်းဆိုပေမယ့် Walter ရဲ့လူ့လောကအပေါ်အမြင်တွေက မှန်ကန်နေတာကိုတွေ့ရတယ်။
လူတွေဟာအနုပညာကိုခံစားပြီးပန်းချီကားတွေကိုဝယ်တာမဟုတ်ဘူး၊ ကာလံဒေသံမှန်သွားရင် (right place, right time) ဝယ်တာပဲတဲ့။
Margaret ကပုံစံတစ်မျိုးထွင်ပြီးဆွဲထားတဲ့ပန်းချီကားတွေကို သူ့အမျိုးသားနာမည်ခံထားတဲ့မျက်လုံးဝိုင်းကြီးတွေနဲ့ ပြခန်းတစ်ခုထဲမှာတင်ထားပေမယ့် လူတွေကသူ့အမျိုးသားနာမည်နဲ့ကားတွေကိုပဲ အာရုံစိုက်ကြတာကိုကြည့်ရင် ဒီစကားမှန်တယ်ဆိုတာသိနိုင်ပါတယ်။
တစ်ယောက်တည်းကဆွဲတဲ့ပန်းချီဒီဇိုင်းနှစ်မျိုးဆိုပေမယ့် ခေတ်စားနေတဲ့အကြောင်းအရာကိုပဲ ချီးမွမ်းလိုတဲ့လူတွေရဲ့ဗီဇကို လှောင်ပြောင်လိုဟန်ရှိပါတယ်။
Tim Burton က Walter ပါးစပ်ကိုငှါးပြီးပြောခဲ့တာလားဆိုတာကတော့ ကာယကံရှင်တွေပဲသိမှာပါ။
နောက်ဆုံးမှာတော့ Margaret ကသူ့ပန်းချီကားတွေရဲ့မူပိုင်ခွင့်တွေကို တရားဥပဒေနဲ့အညီပြန်လည်ရရှိသွားပါတယ်။
ဘယ်လိုရုန်းကန်ခဲ့ပြီးမှရခဲ့တာလည်းဆိုတာကိုတော့ ကိုယ့်ဘာသာကိုယ်ပဲ ဆက်လက်ရှုစားကြပါတော့။
Margaret ရဲ့နေရာမှာ Amy Adams ကသရုပ်ဆောင်ပြီး၊ Christoph Waltz ကတော့ဥာဏ်များတဲ့ Walter Keane အဖြစ်ပါဝင်ထားပါတဲ့ဒီရုပ်ရှင်ဟာ narcissism နဲ့ feminism မတူဘူးဆိုတာ သိမ်သိမ်မွေ့မွေ့လေးပြောသွားပါတယ်။
ဒါဟာရုပ်ရှင်ကြည့်အပြီးဖြစ်လာတဲ့ ကျနော့်ရဲ့ကိုယ်ပိုင်အမြင်တစ်ခုလည်းဖြစ်နိုင်ပါတယ်။


Reveiw Credit to- Nay Thiha
Translate by: 
Thomas Gam
Encode by Eric Min Khant
Quality 720P HD

Cindrella & Four Knight (2016) မြန်မာစာတန်းထိုး

Cindrella & Four Knight (2016) မြန်မာစာတန်းထိုး

အပိုင်း ၁၁ မှ ၁၆ (END)
  ပရိတ်သတ်တွေ သိပ်ပြိးတောင်းဆိုမှု့များလာတဲ့ Cindrella & Four Knight ကို စီစဉ်ညွန်ကြားသူ မ May Satt Thu . ရုပ်လုံးပေါ်လာအောင် အကောင်အထည်ဖော်ပေးသူ  Translator  - Phyo Thant ,May Satt Thu , Mone Marn ,Winne Ngoon ,Su Luck ,Daniel  ၊  အသက်သွင်းပေးသူ Encoder မ Sin Sin တို့ ရဲ့ ကြိုးပန်းအားထုတ်မှု့ဖြင့် စင်ဒရဲလားမင်းသမီးလေး ပရိတ်သတ်ကြီး ရှေ့တော်မှောက်ကို အမြန်ဆုံး အကောင်းဆုံးကွာလတီဖြင့် တင်ဆက်ပေးလိုက်ရပါသည်..။

ဇာတ်လမ်းအကျဉ်း

ကိုရီးယားရဲ့ အောင်မြင်ကျော်ကြားတဲ့ ဟွန်နွန်လုပ်ငန်းစုရဲ့ ဥက္ကကြီးမှာ မတည့်အတူ နေနေုကြတဲ့ ခပ်ဆိုးဆိုး မြေး၃ ယောက်ရှိပါတယ်။
ဘဝကို ထင်သလို ဖြတ်သန်းပြီး ပေါ့ပေါ့နေပေါ့ပေါ့စား ကာ ညီအကို အချင်းချင်း သင့်မြတ်မှု့ မရှိဘဲ နေနေကြတာကြောင့် အဖိုးဖြစ်သူ ဥက္ကကြီးမှာ သူတို့အတွက် စိတ်ပင်ပန်းဆင်းရဲနေရပါတယ်
တစ်နေ့မှာ မိထွေးဖြစ်သူနဲ့ အတူနေရပြီး အားကြိုးမာန်တတ် နဲ့ ဘဝကို ရပ်တည်နေတဲ့ အွန်ဟာဝန်ဆိုတဲ့ မိန်းကလေးနဲ့ သူတို့ ညီအကို တွေနေတဲ့ အိမ်ပြာတော်ကို ရောက်လာတဲ့ အခါ....

မင်းသားချောလေး ၄ယောက်နဲ့ စင်ဒရဲလား လေး ဘယ်လို ကြည်နူးစရာကောင်းတဲ့ အဖြစ်အပျက်လေးတွေ အချစ်ဇာတ်လမ်းလေးတွေ ဖြစ်ပေါ်လာမလဲဆိုတာကို ကြည်ကြည်နူးနူးလေးနဲ့ အားပေးလိုက်ကြဦး..။

Review by: May Satt Thu
Translator  - Phyo Thant ,May Satt Thu , Mone Marn ,Winne Ngoon ,Su Luck ,Daniel
Encode by: Sin Sin



















World War Z (2013) (မြန်မာစာတန်းထိုး)




World War Z (2013) (မြန်မာစာတန်းထိုး)

ကုလသမဂ္ဂ ဝန်ထမ်းဟောင်း Gerry Lane ဟာ Philadelphia က လူနေထူထပ်တဲ့ အရပ်မှာ မိသားစုနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်နေပါတယ်။ မမျှော်လင့်ပဲ Radio သတင်းတစ်ခုမှာ Zombie တွေက လူတွေကို လိုက်လံ တိုက်ခိုက်နေပြီး သူတို့အကိုက်ခံရသူတွေဟာလည်း Zombie တွေ ဖြစ်ကုန်ကြောင်း ကြားသိလိုက်ရပါတယ်။ Lane နဲ့ မိသားစုဟာ ဒီ Zombie တွေ တိုက်ခိုက်တာ မခံရခင်လေးတင်ပဲ တိုက်ခေါင်မိုးတစ်ခုပေါ်ကို တက်ပြေးခဲ့ကြပြီး Lane ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း Thierry Umutoni က စေလွှတ်လိုက်တဲ့ ရဟတ်ယာဉ်နဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

နယူးယောက်မြို့ကမ်းခြေရှိ သင်္ဘောတစ်စီးပေါ်တွင် စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပညာရှင်တွေ စုရုံးပြီး ဒီပြဿာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကြိုးစားကြပါတယ်။ ဇီဝပညာရှင် ဒေါက်တာ Andrew Fassbach က ဒီပြဿနာဟာ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပြီး ဘယ်ကစ ဖြစ်လာတယ်ဆိုတာ သိနိုင်ရင် ရောဂါကာကွယ်ဆေး ထုတ်နိုင်မှာ ဖြစ်တယ်လို့ တင်ပြပါတယ်။ ရေတပ်ဗိုလ်ချုပ်က ဒီကိစ္စမှာ Fassbach ကို ကူညီဖို့ အရင်က ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေးမှူးအဖြစ် တာဝန်ယူဖူးတဲ့ Lane ကို အကူအညီ တောင်းပါတယ်။ သူ့မိသားစုကို ကယ်တင်ရတဲ့ တာဝန်ကတစ်ဖက် ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်နိုင်မယ့် ဖြေဆေးကိုရှာဖွေရတဲ့ တာဝန်ကတစ်ဖက်ဖြင့် တာဝန်နှစ်ခုကို ထမ်းပိုးထားရတဲ့ ယောက်ျားတစ်ယောက်ရဲ့ ရုန်းကန်လှုပ်ရှားမှု့များနှင့် ကမ္ဘာပျက်ကိန်းတွင် အသက်ရှင်ဖို့အတွက် ကျားကုတ်ကျားခဲကြိုးပန်းကြရတဲ့ လူသားတွေရဲ့ အဖြစ်တွေကို သည်းထိတ်ရင်ဖိုတွေ့မြင်ကြရမှာပါ.။

----------------------------------------

စာရေးဆရာ Max Brooks ရဲ့ World War Z ဝတ္ထုကို ဒါရိုက်တာ Marc Forster ရိုက်ကူးတဲ့ World War Z ဇာတ်ကားဟာ Resident Evil လိုပဲ ကူးစက်တတ်တဲ့ ဖုတ်ကောင်ဇာတ်အိမ်ကို အခြေတည်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Brad Pitt ၊ Mireille Enos ၊ Fana Mokoena ၊ Daniella Kertesz ၊ James Badge Dale ၊ David Morse ၊ Ludi Boeken နဲ့ Matthew Fox တို့ ပါဝင်သရုပ်ဆောင်ထားပြီး IMDB Rating 7.4 ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ Rotten Tomatoes မှာတော့ Tomatometer 6.8 ရရှိထားပြီး သွက်လက်တဲ့ ဇာတ်အိမ်နဲ့ ရိုက်ချက်ကောင်းတွေကြောင့် လူကြိုက်များပါတယ်။


Review Credit to-မြ၀တီ
Translate by: Pulick
Encode by: Eric Min Khant


Watch & Download Here HD 

Small File Download 

Star Trek Beyond (2016) (မြန်မာစာတန်းထိုး)

Star Trek Beyond (2016) (မြန်မာစာတန်းထိုး)

Action, Adventure, Sci-Fi
.
--- Storyline ---
Captain Kirk နဲ့ အဖွဲ့သားတွေ ၅ နှစ်ကြာ mission အတွင်း တာဝန်ထမ်းဆောင်နေတုန်းပါ။ ဒါနဲ့ပဲ အကြောင်းအမျိုးမျိုးကြောင့် ဝေးလံခေါင်သီပြီး အန္တာရယ်များလှတဲ့ ဂြိုလ်တစ်ခုအနီးရောက်ပြီး ရက်စက်ကြမ်းကြုတ်လှတဲ့ Krall ဆိုတဲ့ Alien ဦးဆောင်တဲ့အဖွဲ့နဲ့ ရင်ဆိုင်တွေ့ခဲ့ကြတယ်။ ယာဉ်ပျံပါရစရာမရှိ ပျက်စီးကုန်တဲ့ကြားက ဖမ်းဆီးခံ တပည့်တွေကိုကယ်တင်ပြီး Krall ကို နှိမ်နှင်းဖို့ Kirk တို့အဖွဲ့ ကြိုးပမ်းရပါတော့တယ်။
.
--- Review ---
နိုင်ငံတကာ Review တွေတော်တော်များများမှာတော့ Star Trek Beyond က တော်တော်လေး အခြေအနေကောင်းပါတယ်။ ဟိုးအရင် original Star Trek တွေနဲ့လည်း သွားဆင်တယ်ဆိုလားပဲဗျ။ ဒါပေမဲ့ ကျော်က မကြည့်ဖူးလေတော့ ထွက်ပြီးသား Abrams ရဲ့ နှစ်ကားနဲ့ပဲ ယှဉ်ကြည့်တာပေါ့။ ဆိုတော့ ကျွန်တော့အမြင်က တခြားသူတွေအမြင်နဲ့ နည်းနည်းလွဲရင် လွဲနိုင်ပါတယ်။
.
J.J Abrams ရဲ့ Star Trek နှစ်ကားအပြီးထွက်ခဲ့တဲ့ကားဖြစ်တဲ့ Star Trek Beyond ဟာ ဒါရိုက်တာအပြောင်းအလဲကြောင့် ပုံစံလေးတွေ နည်းနည်းတော့ ပြောင်းသွားတယ်။ အရင် Abrams တုန်းကလောက် Dark မဖြစ် Serious သိပ်မဖြစ်တော့ပဲ ပေါ့ပေါ့ပါးပါး ပုံပိုသွားထားခဲ့တယ်။ ကျွန်တော့အမြင်အရဆို အရင် နှစ်ကားပေါင်းထက်ကို ပိုရယ်ရတဲ့ အခန်းတွေပါတယ်။ Simon Pegg ကိုယ်တိုင် ဇာတ်ညွှန်း ဝင်ရေးထားတာပဲ ဒီလောက်တော့ရှိမပေါ့။
.
ရုပ်ရှင်မှာ သဘောအကျမိဆုံးကတော့ Yorktown spacestation နဲ့ space ကိုပုံဖော်ထားတဲ့ vision တွေပါ။ Gravity မျိုးစုံ၊ camera angle မျိုးစုံတွေနဲ့ မြင်ကွင်းတွေက Star Trek ရုပ်ရှင် ပိုပီသေစေခဲ့ပါတယ်။ ပြောစရာမလိုတဲ့ CGI တွေနဲ့ background music တွေကလည်း ပံ့ပိုးပေးထားနိုင်ခဲ့တယ်။ အရင်ကားနဲ့စာရင် တော်တော်လေးကွဲပြားသွားတယ်လို့ မြင်မိတာကတော့ အလင်းဖြာထွက်တာတွေပါ။ Abrams ရဲ့ လက်စွဲတော် effect တွေ တော်တော်ကြီး နည်းသွားခဲ့တယ်။
.
နောက်တစ်ခုကတော့ သရုပ်ဆောင်တွေကြားက အချိတ်အဆက်နဲ့ ဆက်နွယ်မှုတွေကို သေချာပြနိုင်ခဲ့တယ်။ အထူးသဖြင့် Bones နဲ့ Spock တို့ကြားက chemistry ဆို တော်တော်မိုက်တယ်။ အရင်နှစ် ကားတွေမှာ သိပ်မပြခဲ့တဲ့ Starship Enterprise နဲ့ သူ့ crew တွေအချင်းချင်း ဘယ်လိုစည်းလုံးပြီး teamwork ဘယ်လိုရှိတယ်ဆိုတာကို ပိုပြသွားခဲ့တယ်။ တစ်ခုရှိတာက ပြတယ်ဆိုပေမဲ့ ဒါဟာ ရုပ်ရှင်ရဲ့ အဓိကကျတဲ့ ဇာတ်ဆောင်တွေအတွက်ပဲဖြစ်ပြီး တချို့အတွက် သိပ်မပါဘူးဗျ။ ကျွန်တော်ပဲ အာရုံဘယ်ရောက်နေလို့လဲမသိ၊ နောက်ပိုင်းအခန်းတွေမှာ ဇာတ်လိုက်တို့အဖွဲ့မဟုတ်တဲ့ သာမန် enterprise crew ဆို ရှိလို့ရှိမှန်းတောင် မမှတ်မိအောင် အခန်းတွေပျောက်နေခဲ့တယ်။ အရေးမကြီးဘူးဆိုပေမဲ့ ပြန်စဉ်းစားကြည့်တော့ တမျိုးကြီးပဲလေ။
.
ဇာတ်လမ်းပိုင်းမှာ Beyond က တော်တော်လေးအဆင်ပြေခဲ့ပေမဲ့ နောက်ပိုင်းမှာ နည်းနည်းလေးလျှော်သွားတဲ့ဘက်ရောက်တယ်။ Villain ကိုလည်း အရင်ကားတွေမှာလောက် နောက်ဆုံးခန်းမှာ အစွမ်းမပြနိုင်ခဲ့ဘူး။ Mucis, humor, action, CGI စတာတွေကြောင့် အင်မတန်ကြည့်ကောင်းပေမဲ့ တွေးကြည့်ရင် Plot hole တွေတော်တော်များတယ်။ မေးစရာ ထောက်ပြစရာတွေ အများကြီးပဲ။
.
အရိုးသားဆုံးပြောရရင် ကျွန်တော် Star Wars ကားတွေကို မကြိုက်မိခင် Abrams ရဲ့ Star Trek Reboot ကိုကြည့်မိပြီး Star Trek ကိုအင်မတန်သဘောကျခဲ့တာပါ။ Perfect sci-fi ပုံစံမျိုး မဟုတ်ပေမဲ့ Abrams ရဲ့ dark ဖြစ်ပြီး realistic ဖြစ်တဲ့ ကားနှစ်ကားလုံးကို အရမ်းသဘောကျခဲ့ပါတယ်။ ဒါပေမဲ့ Beyond ရုပ်ရှင်ကတော့ အရင်နှစ်ကားလောက် သိပ် serious မဖြစ်ဘဲ အရမ်းပေါ့ပါးပြီး entertaining အရမ်းဖြစ်တဲ့ဘက်ရောက်နေခဲ့တော့ သိပ်ပြီး အားမရခဲ့ပါဘူး။ Plot hole တွေလည်း များနေတဲ့ ဇာတ်လမ်းက အရမ်းပေါ့ပါးနေတော့ Krall ရဲ့ plan တွေကြမ်းပါတယ်ဆိုပေမဲ့ Star Trek ပထမ reboot ထဲကလောက် wtf ဆိုပြီးဖြစ်ရလောက်တဲ့ စိတ်လှုပ်ရှားမှုမပေးနိုင်ခဲ့ဘူး။ ဒါဟာလည်း ကျွန်တော့ taste ကိုက ဒါမျိုးကိုပဲမျှော်နေခဲ့လို့ ဖြစ်ပါလိမ့်မယ်။

.--- Movie Rating ---
Datshin: 3.3
IMDB: 7.5
Rotten Tomatoes: 83%
.
Review Credit to- KPK (Datshin.com)
Translate by: Yan Min Aung
Encode by: Eric Min Khant
Quality : HDTS

Watch & Download Here 900MB



 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger