Latest Movie :

The BFG (2016) မြန်မာစာတန်းထိုး


ဒါရိုက်တာစတီဗင် စပီးလ်ဘာ့ဂ်ရဲ့ လက်ရာစိတ်ကူးယဉ်စွန့်စားခန်းဇာတ်ကားသစ်လေးဖြစ်ပါတယ်။ ဆယ်နှစ်သမီးမိဘမဲ့လေး ဆိုဖီနဲ့ သဘောကောင်းတဲ့ လူ့ဘီလူးကြီးတို့ရဲ့အကြောင်း ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ကလေးပရိသတ်တွေရော၊ လူကြီးပရိသတ်တွေပါ သဘောကျမှာ သေချာပါတယ်။
 လူကောင်ကြီးပေမယ့် စိတ်သဘောထားကောင်းတဲ့ လူဘီလူးကြီး (Big Friendly Giant) ဟာ အခြားသော လူဘီလူးကြီးတွေလို ကြမ်းကြမ်းတမ်းတမ်း ပုံစံမျိုး မဟုတ်တဲ့ ထူးခြားသူတစ်ယောက်ပါ။ အရပ်အမြင့် ၂၄ ပေရှိပြီး နားရွက်အကြီးကြီးတွေလည်းရှိကာ အနံ့ခံစွမ်းရည်လည်း အရမ်းကောင်းတဲ့ BFG ဟာ ရိုးရိုးအအကြီးတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။
ပေ ၅၀  အရပ်အမြင့်ရှိတဲ့ လူ သားစားဘီလူးခေါင်းဆောင် Fleshlumpeaten၊ ဒုတိယခေါင်း ဆောင် Bloodbottler တို့ကတော့ အရမ်းကိုကြောက်စရာကောင်းသလို လူသားလည်းစားတဲ့ ဘီလူးကြီးတွေမို့ BFG နဲ့တော့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ။
လန်ဒန်မြို့က မိဘမဲ့ဂေဟာ က ကလေးမလေးဆိုဖီဟာ တစ်ရက်မှာတော့ ညဘက်အိပ်နေတုန်း လက်အကြီးကြီးတစ်ခု ပြတင်းပေါက်က၀င်လာပြီး လူဘီလူးနိုင်ငံကို ခေါ်ဆောင်သွားကာ လှောင် အိမ်တစ်ခုထဲမှာ ထည့်ထားခံရပါတယ်။ လူဘီလူးကြီးရဲ့ ဖမ်းခေါ်ခြင်းခံရတဲ့ ဆိုဖီဟာကြောက်ရွံ့ ထိတ်လန့်ပေမယ့် သူ့ကိုဖမ်းခေါ်သွားတာက BFG ဖြစ်နေတာမို့ စိတ်သဘောထားကောင်းပြီး ကြင်နာတတ်တာကိုသိရှိပြီးတဲ့နောက် မိတ်ဆွေဖြစ်သွားခဲ့ကြပါတယ်။
BFG က ဆိုဖီကို သူ့အိပ်မက် တွေ စုဆောင်းထားတဲ့ အိပ်မက် နိုင်ငံကိုခေါ်ဆောင်သွားခဲ့ပြီး ပဉ္စ လက်ပညာတွေနဲ့ အိပ်မက်တွေရဲ့ ထူးဆန်းအံ့ဖွယ်ရာတွေကို သင် ကြားပေးခဲ့ပါတယ။် ဆိုဖီနဲ့ BFG တို့ဟာ ကိုယ်ပိုင်ကမ္ဘာလေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြပေမယ့် တစ်ရက်မှာတော့ အဖျက် အမှောင့်တွေက ပေါ်လာပါတော့တယ်။ အဲဒါကတော့ လူဘီလူးနိုင်ငံမှာ ဆိုဖီရှိနေတာကို သဘောမကျသူတွေက ဒုက္ခပေးကြတာ ဖြစ်ပါတယ်။
နောက်ပြီး လူဘီလူးကြီးတွေ ဟာ အိပ်နေတဲ့ ကလေးတွေကို စားသောက်ဖို့ အစီအစဉ်တွေရှိ တာကို အိပ်မက်မက်တဲ့အတွက် အဲလိဇဘတ် II ဘုရင်မကြီးဆီကို သွားပြီး သူတို့ရဲ့ အိပ်မက်ဆိုးကို ပြောပြအကူအညီတောင်းဖို့ ဆိုဖီ ကအကြံရခဲ့ပါတယ်။ အိပ်မက်ဆို ပေမယ့် အပြင်မှာတကယ်ဖြစ်လာ ဖို့ အခြေအနေရှိနေတာကြောင့် အဲလိဇဘတ်ဘုရင်မကြီးက ဘယ်လိုကာကွယ်သွားမှာလဲ။ ဆိုဖီနဲ့ BFG တို့ကော ဘယ်လိုအခြေအနေနဲ့ ဇာတ်သိမ်းမှာလဲဆိုတာ တော့ ကိုယ်တိုင်ကြည့်ကြဖို့ ညွှန်း ပေးလိုက်ပါတယ်။
ဒီဇာတ်ကားမှာ BFG အဖြစ် မာ့ခ်ရိုင်လန့်စ်၊ ဆိုဖီအဖြစ် ရူဘီ ဘန်းဟစ်လ်၊ အဲလိဇဘတ် II ဘုရင်မကြီးအဖြစ် ပန်နီလိုပ်ဝီလ် တန်စတဲ့ သရုပ်ဆောင်တွေပါဝင် ထားကြပါတယ်။ ဝေါ့ဒစ္စနေရုပ် ရှင်ထုတ်လုပ်ရေးကနေ ဇွန်လကုန် က ဖြန့်ချိပေးထားတဲ့ ဒီဇာတ်ကား လေးဟာ ရုပ်ရှင်ဝေဖန်ရေးသမား တွေရဲ့ သုံးသပ်ချက်ရလဒ်ကောင်း တွေလည်း ရထားပါတယ်။
Review Credti to 7day Daily
Translated by: Chue Thinzar Naing
Encode by: Eric Min Khant
Quality HDTS Version
Size 900MB


Share this article :

+ comments + 1 comments

24 September 2016 at 10:05

Linkက pcloudမှာ saveလို့ရ​ပေမယ့်​ downတာမရဘူးbro downတာအတွက်​တခြားmovies​တွေလိုsupportမလုပ်​ဘူး လုပ်​ပါအုန်းbro​ရေ

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger