Latest Movie :

Miss Peregrine's Home for Peculiar Children (2016) မြန်မာစာတန်းထိုး


ဒီတစ်ပတ် Box Office ရဲ့ ဝင်ငွေအများဆုံးနံပါတ်တစ်နေရာက Miss Peregrine’s Home for Peculiar Children ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားလေးမှာ Jake Portmen ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲကလို ဘယ်လိုမှမဖြစ်နိုင်တဲ့ အံ့သြထိတ်လန့်စရာ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေတဲ့ တကယ်အစစ်အမှန်ဘဝလို့ထင်ရတဲ့ စိတ်နယ်လွန်လောကထဲကို ရောက်သွားတဲ့ဇာတ်လမ်းပါ။ သူဟာ ထူးဆန်းတဲ့စွမ်းအားတွေရှိတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရပြီး အဲဒီကောင်မလေး ရဲ့ အိမ်ကို ရောက်ရှိသွားကာ တစ်မူထူးခြားပြီး မနှစ်မြို့ချင်စရာကောင်းလှတဲ့ ကလေးငယ်လေးတွေနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ အဲဒီအိမ်ကြီးထဲရောက်သွားတဲ့ Jake ဟာ သူ့အတွက် အန္တရာယ်တွေ ပိုပိုပြီး ကြုံလာရတဲ့အခါ သူ ဘယ်လို ပြန်လည်ခုခံကျော်လွှားမလဲဆိုတာကတော့.... မြင်နေတွေ့နေကျ အထူးပြုလုပ်ချက်တွေကနေ ခွဲထွက်ထားသလို၊ ဆန်းသစ်တဲ့ အတွေးအခေါ်နဲ့ ထူးထူးဆန်းဆန်းကိစ္စတွေကို ဒီဇာတ်ကားထဲမှာ မြင်တွေ့နိုင်ပါတယ်။ ဒါရိုက်တာ Tim Burton ရိုက်ကူးပြီး လျှို့ဝှက်ဆန်းကြယ် ဒီဇာတ်ကားဟာ Trailer ကြည့်ရုံနဲ့တင် တော်တော်စိတ်ဝင်စားစရာကောင်းနေပါပြီ။ စတင်ပြီး ရုံတင်ချိန် စက်တင်ဘာ ၃၀ ကစလို့ ဒီနေ့အထိ စုစုပေါင်းဝင်ငွေ ၂၈.၉ သန်းအထိ ရရှိခဲ့တဲ့ ဒီ Miss Peregrine’s Home for Peculiar Children ဇာတ်ကားဟာ Box Office ရဲ့ ပထမနေရာမှာ ရောက်ရှိနေတဲ့ကားပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရုံတင်ရင်တော့ Horror ဇာတ်လမ်းကြိုက်သူတွေ၊ လျှို့ဝှက်သည်းဖို ကြိုက်သူတွေ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဆိုတာ ညွှန်းလိုက်ပါရစေ... ဒီဇာတ်ကားလေးမှာ ပါဝင်တဲ့သရုပ်ဆောင်တွေက Miss Alma LeFay Perigrine အဖြစ် Eva Green Jake Portman အဖြစ် အသက် ၁၉ နှစ်သာရှိသေးတဲ့ Asa Butterfield Ella Purnell အဖြစ် Emma Bloom Barron အဖြစ် Samuel L. Jackson Miss Avocet အဖြစ် Judi Dench Ornithologist အဖြစ် Rupert Everett တို့ ပါဝင်သရုပ်ဆောင်ထားပြီး တခြားသရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ Credit to- Sky Land News & Media

Quality : 720 HDRIP
translate by: ChueThinzar Naing
encode by Hein Min Htet
 
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger