Latest Movie :

The Royal Tailor (2014) မြန်မာစာတန်းထိုး



The Royal Tailor (2014) မြန်မာစာတန်းထိုး

ဇာတ်လမ်းအကျဉ်း
ချိုဒူဆော့က ဘုရင်မင်းဆက် ၃ ဆက်တိုင်တိုင်အမှုထမ်းပြီးတဲ့နောက် ဆန်အွီဝမ်(တော်ဝင်အပ်ချုပ်ဌာန)ရဲ့ ခေါင်းဆောင်ဖြစ်လာတယ်။
တစ်နေ့မှာ ဘုရင်ကြီးရဲ့ ဝတ်ရုံဟာ မောင်းမတွေရဲ့ မတော်တဆမှုကြောင့် မီးလောင်သွားတယ်။ မိဖုရားကြီးက ဝတ်ရုံကိုပြင်ပေးဖို့ ချိုဒူဆော့ကိုခိုင်းတယ်။ ချိုဒူဆော့က စည်းမျဉ်းစည်းကမ်း လိုက်နာပြီးတော့ချုပ်တဲ့အတွက် ဒီလိုလုပ်တဲ့အခါ စည်းကမ်းချိုးဖောက်ရာကျမယ်ဆိုပြီးမပြင်ပေးဘူး။ အဲဒါနဲ့ လူတစ်ယောက်က မိဖုရားကြီးကို လီဂုံဂျင်းနဲ့မိတ်ဆက်ပေးတယ်။ လီဂုံဂျင်းဟာ ငယ်ရွယ်ပြီးတော့ သမရိုးကျနည်းတွေထဲကဖောက်ထွက်ပြီး တမူထူးခြားတဲ့ မိန်းကလေးဝတ်စုံတွေကို ချုပ်တယ်။သူရဲ့အရည်အချင်းရှိမှုကြောင့် ဆန်အွီဝမ်မှာ အတော်ဆုံး စက်ချုပ်သမားဖြစ်လာတယ်။ သူဟာ ချောမောလှပတဲ့မိဖုရားကြီးကိုတွေ့တွေ့ချင်းမှာပဲ သဘောကျသွားတယ်။ သူ့ရဲ့ဆန်းပြားလှပတဲ့ အဝတ်အစားဒီဇိုင်းကြောင့် မိဖုရားကြီးနန်းချမယ့်အရေး ပျက်သွားတယ်။ ရိုးရာနည်းနဲ့သာချုပ်တဲ့ချိုဒူဆော့က အစွမ်းအစရှိတဲ့ လီဂုံဂျင်းကို မနာလိုဖြစ်လာတယ်။ ဘုရင်ကလည်း လီဂုံဂျင်းနဲ့ မိဖုရားကြီးကို သံသယဖြစ်လာတယ်။ အဲဒါကြောင့် ချိုဒူဆော့နဲ့ပေါင်းပြီး ချောက်ချတယ်။
နန်းတွင်းရဲ့ရှုပ်ထွေးလှတဲ့ အကြောင်းအရာတွေ....
ကိုရီးယားတွေရဲ့ခမ်းနားထည်ဝါလှတဲ့ရိုးရာဝတ်စုံများကို တခမ်းတနားပြသထားတဲ့ကားကောင်းလေးမို့ ကိုရီးယားပရိသတ်လေးတွေ အားပေးကြပါဦး😃😃😃
Doctor ထဲကမင်းသမီးလေး ပတ်ရှင်ဟေးကို ဒီဇာတ်ကားလေးထဲမှာ မိဖုရားခေါင်ကြီးအဖြစ် ခမ်းနားထည်ဝါတဲ့ အလှတွေနဲ့ ရှုမြင်ရမှာပါ


Review by: May Satt Thu
Translate by: Phyo Thant
Encode by:Sinn Sinn


Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger