Latest Movie :

The K2 (2016) မြန်မာစာတန်းထိုး


The K2 (2016) မြန်မာစာတန်းထိုး

 တောင်ကိုရီးယား တစ်နိုင်ငံလုံးနီးပါးကို ကွန်ရက်ဖြန့်ကြက်ထားသည့် tvN ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့တဲ့ The K2 ဆိုတဲ့ အချစ်အက်ရှင် စီးရီးအကောင်းစားလေးတစ်ခုနဲ့ Goldchannel ပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေ.။ ဒီဇာတ်ကားဟာ Time Slip လို့ခေါ်တဲ့ နည်းပညာကို ပထမဆုံးအသုံးပြုထားတဲ့ ကိုရီးယားစီးရီးတစ်ခုဖြစ်ပြီး အက်ရှင်အကြမ်းပတအခန်းတွေနဲ့ အက်ရှင်ဇာတ်ကားကြီးတစ်ကားလို ရိုက်ကူးထားတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်.။ စပိန်နိုင်ငံအထိ သွားရောက်ရိုက်ကူးထားတဲ့ စီးရီးလဲဖြစ်ပါတယ်.။
- မင်းသား ဂျီချန်ဝုကဒီကားရိုက်လိုက်တော့ tvN မှာ ရိုက်ကူးခဲ့တဲ့ မင်းသားတွေထဲမှာ အနုပညာကြေးအများဆုံးပေးရတဲ့ မင်းသားဖြစ်သွားတယ်..
-ပြီးတော့ ဒီကားထဲမှာ ကိုရီးယားရိုးရာကိုယ်ခံပညာ ဖြစ်တဲ့ တိုက်ကွမ်ဒို
အာကီဒို တွေလည်းပါတယ်
--ပြီးတော့ ကိုရီးယားနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းကို မီးမောင်းထိုးပြသွားတဲ့ကား
နာမည်ကျော်မင်းသား ဂျီချန်ုဝုနဲ့ နာမည်ကျော် Girls’ Generation အမျိုးသမီးအဆိုတော်အဖွဲ့ဝင် ယွန်နာတို့ပါဝင်သရုပ်ဆောင်ထားတဲ့ နိုင်ငံရေး၊ဖိုက်တင်အချစ် ဇာတ်လမ်းဖြစ်ပါတယ်။

ဇာတ်လမ်းအညွန်းကတော့.
----------------------------
 တိုင်းပြည်နဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ စွန့်ပစ်ခြင်းကိုခံထားရပြီး မျိုးချစ်စိတ်ပြင်းထန်တဲ့သက်တော်စောင့်တစ်ယောက်ရယ်၊ လက်တုန့်ပြန်ဖို့ဆိုရင် အချစ်ကိုလက်နက်တစ်ခုလို အသုံးချတတ်တဲ့ သမ္မတလောင်းတစ်ဦးရဲ့ တိတ်တိတ်ပုန်းသမီး နဲ့ ကြင်နာတတ်ပြီးဖော်ရွှေတတ်တဲ့ မျက်နှာဖုံးနောက်ကွယ်မှ ရည်မှန်းချက်ကြီးမားတဲ့ သမ္မတကတော်လောင်းတစ်ဦးတို့ကြားမှာရှိတဲ့ ရှုပ်ထွေးသောဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။
K2 လို့ခေါ်တဲ့ ကင်ဂျယ်ဟာ (ဂျီချန်ဝု) ဟာ လူထုကြားရေပန်းစားနေတဲ့သမ္မတလောင်းရဲ့ ဇနီး ကိုစောင့်ရှောက်ပေးရမယ့် ကိုယ်ရံတော်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတလောင်းဂျန်၏ တိတ်တိတ်ပုန်းသမီးဂိုအန်နာ (ယွန်နာ) ဟာ သီးခြားနေထိုင်ပေမယ့်လည်းယောက်ျားလေးများ၏ အသည်းကိုခွဲသူအဖြစ် နာမည်ထွက်လာတဲ့အခါသူ့ကိုအပြတ်ရှင်းဖို့ K2 ကို တာဝန်ပေးအပ်ခြင်းခံခဲ့ချိန်မှာမှ သူတို့နှစ်ဦးကြားက  အချစ်ဇာတ်လမ်းတစ်ပုဒ် ပေါ်ထွက်လာခဲ့ပါတယ်။


Review & Translate by: Waing Nay Oppa
Encode by: Sinn Sinn/ Eric Min Khant
Quality -720P HD

Share this article :

+ comments + 4 comments

12 October 2016 at 02:31

စောင့်ရတာ မောပေါ့ . . . . စောင့်ရတာ မောပေါ့ . . . .
ကြာ ထှာ ကွာ

23 October 2016 at 07:05

အရင်က Mp100 နဲ့ဒေါင်းရတဲ့ pcLoud ခု Mp 400 ကုန်တာဘာကြောင့်လဲ
Channel myanmar

23 October 2016 at 07:05

အရင်က Mp100 နဲ့ဒေါင်းရတဲ့ pcLoud ခု Mp 400 ကုန်တာဘာကြောင့်လဲ
Channel myanmar

30 October 2016 at 11:35

အပိုင်း 7 က ဆွဲလို့မရဘူးဗျ အခြားဟာတွေ အကုန်ဆွဲလို့ရတယ်ဗျ ဘာလို့လဲဗျ

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger