Latest Movie :

Star Trek Beyond (2016) (မြန်မာစာတန်းထိုး)

Star Trek Beyond (2016) (မြန်မာစာတန်းထိုး)

Action, Adventure, Sci-Fi
.
--- Storyline ---
Captain Kirk နဲ့ အဖွဲ့သားတွေ ၅ နှစ်ကြာ mission အတွင်း တာဝန်ထမ်းဆောင်နေတုန်းပါ။ ဒါနဲ့ပဲ အကြောင်းအမျိုးမျိုးကြောင့် ဝေးလံခေါင်သီပြီး အန္တာရယ်များလှတဲ့ ဂြိုလ်တစ်ခုအနီးရောက်ပြီး ရက်စက်ကြမ်းကြုတ်လှတဲ့ Krall ဆိုတဲ့ Alien ဦးဆောင်တဲ့အဖွဲ့နဲ့ ရင်ဆိုင်တွေ့ခဲ့ကြတယ်။ ယာဉ်ပျံပါရစရာမရှိ ပျက်စီးကုန်တဲ့ကြားက ဖမ်းဆီးခံ တပည့်တွေကိုကယ်တင်ပြီး Krall ကို နှိမ်နှင်းဖို့ Kirk တို့အဖွဲ့ ကြိုးပမ်းရပါတော့တယ်။
.
--- Review ---
နိုင်ငံတကာ Review တွေတော်တော်များများမှာတော့ Star Trek Beyond က တော်တော်လေး အခြေအနေကောင်းပါတယ်။ ဟိုးအရင် original Star Trek တွေနဲ့လည်း သွားဆင်တယ်ဆိုလားပဲဗျ။ ဒါပေမဲ့ ကျော်က မကြည့်ဖူးလေတော့ ထွက်ပြီးသား Abrams ရဲ့ နှစ်ကားနဲ့ပဲ ယှဉ်ကြည့်တာပေါ့။ ဆိုတော့ ကျွန်တော့အမြင်က တခြားသူတွေအမြင်နဲ့ နည်းနည်းလွဲရင် လွဲနိုင်ပါတယ်။
.
J.J Abrams ရဲ့ Star Trek နှစ်ကားအပြီးထွက်ခဲ့တဲ့ကားဖြစ်တဲ့ Star Trek Beyond ဟာ ဒါရိုက်တာအပြောင်းအလဲကြောင့် ပုံစံလေးတွေ နည်းနည်းတော့ ပြောင်းသွားတယ်။ အရင် Abrams တုန်းကလောက် Dark မဖြစ် Serious သိပ်မဖြစ်တော့ပဲ ပေါ့ပေါ့ပါးပါး ပုံပိုသွားထားခဲ့တယ်။ ကျွန်တော့အမြင်အရဆို အရင် နှစ်ကားပေါင်းထက်ကို ပိုရယ်ရတဲ့ အခန်းတွေပါတယ်။ Simon Pegg ကိုယ်တိုင် ဇာတ်ညွှန်း ဝင်ရေးထားတာပဲ ဒီလောက်တော့ရှိမပေါ့။
.
ရုပ်ရှင်မှာ သဘောအကျမိဆုံးကတော့ Yorktown spacestation နဲ့ space ကိုပုံဖော်ထားတဲ့ vision တွေပါ။ Gravity မျိုးစုံ၊ camera angle မျိုးစုံတွေနဲ့ မြင်ကွင်းတွေက Star Trek ရုပ်ရှင် ပိုပီသေစေခဲ့ပါတယ်။ ပြောစရာမလိုတဲ့ CGI တွေနဲ့ background music တွေကလည်း ပံ့ပိုးပေးထားနိုင်ခဲ့တယ်။ အရင်ကားနဲ့စာရင် တော်တော်လေးကွဲပြားသွားတယ်လို့ မြင်မိတာကတော့ အလင်းဖြာထွက်တာတွေပါ။ Abrams ရဲ့ လက်စွဲတော် effect တွေ တော်တော်ကြီး နည်းသွားခဲ့တယ်။
.
နောက်တစ်ခုကတော့ သရုပ်ဆောင်တွေကြားက အချိတ်အဆက်နဲ့ ဆက်နွယ်မှုတွေကို သေချာပြနိုင်ခဲ့တယ်။ အထူးသဖြင့် Bones နဲ့ Spock တို့ကြားက chemistry ဆို တော်တော်မိုက်တယ်။ အရင်နှစ် ကားတွေမှာ သိပ်မပြခဲ့တဲ့ Starship Enterprise နဲ့ သူ့ crew တွေအချင်းချင်း ဘယ်လိုစည်းလုံးပြီး teamwork ဘယ်လိုရှိတယ်ဆိုတာကို ပိုပြသွားခဲ့တယ်။ တစ်ခုရှိတာက ပြတယ်ဆိုပေမဲ့ ဒါဟာ ရုပ်ရှင်ရဲ့ အဓိကကျတဲ့ ဇာတ်ဆောင်တွေအတွက်ပဲဖြစ်ပြီး တချို့အတွက် သိပ်မပါဘူးဗျ။ ကျွန်တော်ပဲ အာရုံဘယ်ရောက်နေလို့လဲမသိ၊ နောက်ပိုင်းအခန်းတွေမှာ ဇာတ်လိုက်တို့အဖွဲ့မဟုတ်တဲ့ သာမန် enterprise crew ဆို ရှိလို့ရှိမှန်းတောင် မမှတ်မိအောင် အခန်းတွေပျောက်နေခဲ့တယ်။ အရေးမကြီးဘူးဆိုပေမဲ့ ပြန်စဉ်းစားကြည့်တော့ တမျိုးကြီးပဲလေ။
.
ဇာတ်လမ်းပိုင်းမှာ Beyond က တော်တော်လေးအဆင်ပြေခဲ့ပေမဲ့ နောက်ပိုင်းမှာ နည်းနည်းလေးလျှော်သွားတဲ့ဘက်ရောက်တယ်။ Villain ကိုလည်း အရင်ကားတွေမှာလောက် နောက်ဆုံးခန်းမှာ အစွမ်းမပြနိုင်ခဲ့ဘူး။ Mucis, humor, action, CGI စတာတွေကြောင့် အင်မတန်ကြည့်ကောင်းပေမဲ့ တွေးကြည့်ရင် Plot hole တွေတော်တော်များတယ်။ မေးစရာ ထောက်ပြစရာတွေ အများကြီးပဲ။
.
အရိုးသားဆုံးပြောရရင် ကျွန်တော် Star Wars ကားတွေကို မကြိုက်မိခင် Abrams ရဲ့ Star Trek Reboot ကိုကြည့်မိပြီး Star Trek ကိုအင်မတန်သဘောကျခဲ့တာပါ။ Perfect sci-fi ပုံစံမျိုး မဟုတ်ပေမဲ့ Abrams ရဲ့ dark ဖြစ်ပြီး realistic ဖြစ်တဲ့ ကားနှစ်ကားလုံးကို အရမ်းသဘောကျခဲ့ပါတယ်။ ဒါပေမဲ့ Beyond ရုပ်ရှင်ကတော့ အရင်နှစ်ကားလောက် သိပ် serious မဖြစ်ဘဲ အရမ်းပေါ့ပါးပြီး entertaining အရမ်းဖြစ်တဲ့ဘက်ရောက်နေခဲ့တော့ သိပ်ပြီး အားမရခဲ့ပါဘူး။ Plot hole တွေလည်း များနေတဲ့ ဇာတ်လမ်းက အရမ်းပေါ့ပါးနေတော့ Krall ရဲ့ plan တွေကြမ်းပါတယ်ဆိုပေမဲ့ Star Trek ပထမ reboot ထဲကလောက် wtf ဆိုပြီးဖြစ်ရလောက်တဲ့ စိတ်လှုပ်ရှားမှုမပေးနိုင်ခဲ့ဘူး။ ဒါဟာလည်း ကျွန်တော့ taste ကိုက ဒါမျိုးကိုပဲမျှော်နေခဲ့လို့ ဖြစ်ပါလိမ့်မယ်။

.--- Movie Rating ---
Datshin: 3.3
IMDB: 7.5
Rotten Tomatoes: 83%
.
Review Credit to- KPK (Datshin.com)
Translate by: Yan Min Aung
Encode by: Eric Min Khant
Quality : HDTS

Watch & Download Here 900MB



Share this article :

+ comments + 1 comments

18 September 2016 at 00:37

ကျေးဇူးပါ။ဒီထက်​မက​အောင်​မြင်​၍Gold Channel အဖွဲသားများအားလုံးကျန်​မာပြီး​ပျော်​ရွှင်​ပါ​စေဗျာ့။အဆင်​မ​ပြေတာက​တော့ ၃၂လက်​မTVနဲ့ကြည့်​ရင်​စာလုံး​တွေက​အောက်​ကို​ရောက်​​နေ​တော့အိမ်​ကမိသားစု​တွေကြည့်​ရတာအဆင်​​ပြေဖြစ်​တာကလွဲအားလုံး​ကောင်းပါတယ်​။

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger