Latest Movie :

World War Z (2013) (မြန်မာစာတန်းထိုး)




World War Z (2013) (မြန်မာစာတန်းထိုး)

ကုလသမဂ္ဂ ဝန်ထမ်းဟောင်း Gerry Lane ဟာ Philadelphia က လူနေထူထပ်တဲ့ အရပ်မှာ မိသားစုနဲ့အတူ အေးအေးချမ်းချမ်း နေထိုင်နေပါတယ်။ မမျှော်လင့်ပဲ Radio သတင်းတစ်ခုမှာ Zombie တွေက လူတွေကို လိုက်လံ တိုက်ခိုက်နေပြီး သူတို့အကိုက်ခံရသူတွေဟာလည်း Zombie တွေ ဖြစ်ကုန်ကြောင်း ကြားသိလိုက်ရပါတယ်။ Lane နဲ့ မိသားစုဟာ ဒီ Zombie တွေ တိုက်ခိုက်တာ မခံရခင်လေးတင်ပဲ တိုက်ခေါင်မိုးတစ်ခုပေါ်ကို တက်ပြေးခဲ့ကြပြီး Lane ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း Thierry Umutoni က စေလွှတ်လိုက်တဲ့ ရဟတ်ယာဉ်နဲ့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

နယူးယောက်မြို့ကမ်းခြေရှိ သင်္ဘောတစ်စီးပေါ်တွင် စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ပညာရှင်တွေ စုရုံးပြီး ဒီပြဿာကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ကြိုးစားကြပါတယ်။ ဇီဝပညာရှင် ဒေါက်တာ Andrew Fassbach က ဒီပြဿနာဟာ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပြီး ဘယ်ကစ ဖြစ်လာတယ်ဆိုတာ သိနိုင်ရင် ရောဂါကာကွယ်ဆေး ထုတ်နိုင်မှာ ဖြစ်တယ်လို့ တင်ပြပါတယ်။ ရေတပ်ဗိုလ်ချုပ်က ဒီကိစ္စမှာ Fassbach ကို ကူညီဖို့ အရင်က ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေးမှူးအဖြစ် တာဝန်ယူဖူးတဲ့ Lane ကို အကူအညီ တောင်းပါတယ်။ သူ့မိသားစုကို ကယ်တင်ရတဲ့ တာဝန်ကတစ်ဖက် ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်နိုင်မယ့် ဖြေဆေးကိုရှာဖွေရတဲ့ တာဝန်ကတစ်ဖက်ဖြင့် တာဝန်နှစ်ခုကို ထမ်းပိုးထားရတဲ့ ယောက်ျားတစ်ယောက်ရဲ့ ရုန်းကန်လှုပ်ရှားမှု့များနှင့် ကမ္ဘာပျက်ကိန်းတွင် အသက်ရှင်ဖို့အတွက် ကျားကုတ်ကျားခဲကြိုးပန်းကြရတဲ့ လူသားတွေရဲ့ အဖြစ်တွေကို သည်းထိတ်ရင်ဖိုတွေ့မြင်ကြရမှာပါ.။

----------------------------------------

စာရေးဆရာ Max Brooks ရဲ့ World War Z ဝတ္ထုကို ဒါရိုက်တာ Marc Forster ရိုက်ကူးတဲ့ World War Z ဇာတ်ကားဟာ Resident Evil လိုပဲ ကူးစက်တတ်တဲ့ ဖုတ်ကောင်ဇာတ်အိမ်ကို အခြေတည်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Brad Pitt ၊ Mireille Enos ၊ Fana Mokoena ၊ Daniella Kertesz ၊ James Badge Dale ၊ David Morse ၊ Ludi Boeken နဲ့ Matthew Fox တို့ ပါဝင်သရုပ်ဆောင်ထားပြီး IMDB Rating 7.4 ရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ Rotten Tomatoes မှာတော့ Tomatometer 6.8 ရရှိထားပြီး သွက်လက်တဲ့ ဇာတ်အိမ်နဲ့ ရိုက်ချက်ကောင်းတွေကြောင့် လူကြိုက်များပါတယ်။


Review Credit to-မြ၀တီ
Translate by: Pulick
Encode by: Eric Min Khant


Watch & Download Here HD 

Small File Download 
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger