Latest Movie :

Boku dake ga Inai Machi (ERASED) (2016) မြန်မာစာတန်းထိုး



Boku dake ga Inai Machi (ERASED) (2016) မြန်မာစာတန်းထိုး




 (ကလေးတွေအတွက် သာမက လူကြီးတွေအတွက်ပါ ဘ၀သင်ခန်းစာတွေ ၊ အတုယူဖွယ်ရာတွေနဲ့ ပြည့်နှက်နေယုံမက အကောင်းဆုံး ဖြေဖြေမှု့ပေးစွမ်းနိုင်မယ့် Japan Anime စီးရီးကောင်းလေးတစ်ခုကို Goldchannel ပ၇ိတ်သတ်ကြီးအတွက် မေတ္တာရှေ့ထားလို့တင်ဆက်ပေးလိုက်ရပါတယ်.။)

.

ဆာတိုယုဖူဂျီနာမာ ဟာ ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်းနေဖို့ အမြဲစိုးထိတ်နေတတ်တဲ့သူပါ ..
သူဟာ Manga တွေရေးဖို့ ကြိုးစားနေသူဖြစ်ပြီး သူ့ Manga တွေကို ဖော်ပြခံရဖို့ အမြဲရုန်းကန်နေရသူပါ .. 
သူ့မှာ ထူးခြားတဲ့ အခြေအနေတစ်ခုတော့ ရှိတယ် .. 
အဲ့ဒါက ဆိုးဝါးတဲ့ မတော်တဆမှု တစ်ခုခု ဖြစ်တော့မယ် ဆိုရင် 
သူရဲ့ အချိန်ဟာ မိနစ်အနည်းငယ် နောက်ကို ပြန်ဆုတ်သွားပါတယ် .. 
အဲ့ဒီအခါထိခိုက်သေကြေမှုတွေ မဖြစ်အောင် တားဆီးနိုင်ပါတယ် .. 
အဲ့ဒီလို မတားဆီးနိုင်မချင်း ထပ်ခါထပ်ခါ နောက်ကို ပြန်ဆုတ်သွားတတ်တယ်ပေါ့ .. 
တစ်ရက်မှာတော့ သံသယဖြစ်ဖွယ် လူသတ်မှုမှာ ဖူဂျီနာမာ ဟာ တရားခံအဖြစ် စွပ်စွဲခံလာရတဲ့ အခါမှာတော့ 
သူ့ရဲ့ အချိန်တွေဟာ နောက်ကို ပြန်ဆုတ်သွားပြီး အဲ့ဒီမှုခင်း မဖြစ်အောင် တားဆီးရပါတော့မယ် .. 
ဒါပေမယ့် ဒီတစ်ကြိမ်မှာ ထူးဆန်းတာက ခါတိုင်းလို မူခင်းမဖြစ်ပွားခင် 
မိနစ်ပိုင်း အလိုလောက်ပဲ နောက်ဆုတ်သွားတာမဟုတ်ဘဲ မူလတန်းအရွယ် ကလေးဘ၀ အထိ 
နောက်ဆုတ်သွားတာဖြစ်နေတာပါပဲ .. 
.
၂၉ နှစ်အရွယ် စိတ်နဲ့ ၅တန်းကလေးအရွယ် ခန္ဓာ .. 
ငယ်ငယ်က မသိလိုက် မသိဘာသာဖြတ်သန်းပစ်ခဲ့လိုက်တဲ့ ရှင်းလို့မလွယ်တဲ့ ပုစ္ဆာများ .. 
အနာဂတ် ကို ပြင်ဆင်နိုင်ဖို့အတွက် ကာကွယ်ရမည့် အတိတ်ဖြစ်ရပ်များ …
.
Erased ဟာ သင့်အတွက် ဆင့်ပွားတွေးဆ စရာတွေကို ယူဆောင်လာပေးနိုင်မှာ အသေအချာပါပဲ …
.

Erased (ဂျပန်လိုဆိုရင်တော့ Boku Dake ga Inai Machi – The Town without Me)
ဟာ Kei Sanbe က ရေးဆွဲခဲ့တဲ့ Manga ဖြစ်ပြီး Young Ace မဂ္ဂဇင်းမှာ ၂၀၁၂ခုနှစ် ဂျွန်လ ၄ ရက်နေ့ကနေ ၂၀၁၆ မတ်လ် ၂၅ ရက်နေ့အထိ အခန်းဆက် ဖော်ပြပါရှိခဲ့ပါတယ် ..
အခု Anime Adaptation ကိုတော့ A-1 Pictures ကနေ ရိုက်ကူးကာ Fuji TV ကနေ ထုတ်လွှတ်ပြသခဲ့ပြီး လက်ရှိ လူကြိုက်များနေတဲ့ Anime တွေထဲက တစ်ခုလည်း ဖြစ်ပါတယ် .. 
.
.
သင်တို့ရဲ့ဘ၀မှာ .. အမြဲအမှတ်ရနေချင်တဲ့ မှတ်ဥာဏ်အစိတ်အပိုင်းတွေရှိသလို
ပျောက်ပျက် ဖျက်ဆီး ပစ်လိုတဲ့ အမှတ်တရတွေလည်း ရှိနေမှာပါပဲ .. 
ဒီ Erased ဆိုတဲ့ Anime လေး က သင်တို့ ရဲ့ အမှတ်တရတွေကို ပြန်လည်သုံးသပ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ် …
.
.Review & Translate by:  ~MgKaung~
Encode by: Sinn Sinn 



Share this article :

+ comments + 1 comments

23 September 2016 at 01:31

Studio Gabili က animation လေးတွေကို ငယ်ငယ်တုန်းက
မြန်မာ့ရုပ်မြင်သံကြားမှာ လာလို့ ကြည့်ခဲ့ရတယ်..
ကိုယ်တွေကလေးဘဝမှာ အာ့လေးတွေနဲ့ တော်တော်
သာယာခဲ့ရတာ.. ငယ်ငယ်က အချိန်လေးတွေကိုလဲ ပြန်သတိရမိတယ်

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger