Latest Movie :

သွေးမုန်တိုင်းနှင့် စုန်းမမြို့တော် (သို့မဟုတ်) Salem (Tv Series) 18+







သွေးမုန်တိုင်းနှင့် စုန်းမမြို့တော် (သို့မဟုတ်) Salem (Tv Series) 18+
imdb Rating -7.2/10
အေဒီ ၁၇ ရာစုတုန်းက အမေရိကန်ပြည်ထောင်စုမှာ တကယ်ရှိခဲ့တယ်ဆိုတဲ့ စုန်းမတွေအကြောင်းကို အခြေပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲပါ။
လူစိတ်ဝင်စားမှုများတဲ့ စီးရီးကောင်းတစ်ခုဖြစ်ပြီး IMDB 7.2/10 ရရှိထားလို့ ကြည့်ရကျိုးနပ်မယ့် ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Dark Age အခြေပြု ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း 18+ အခန်းတွေလဲ မကြာခဏဆိုသလို မြင်တွေ့ရပါတယ်.။
အဲ့ဒီ့ခေတ်က စုန်းကဝေပညာ မိစ္ဆာပညာကို အင်မတန်ထိတ်လန့်ကြောက်ရွံ့ကြပြီး စုန်းမလို့ အသမုတ်ခံရရင်ကို တိုင်မှာချည်ပြီးမီးရှို့သတ်လေ့ရှိကြပါတယ်. ။ဒီလိုဖိနှိပ်မှု့တွေပြင်းထန်နေတဲ့ အချိန်ကာလတစ်ခုမှာ လူသားတွေ သဘာဝဆန်းကြယ် မိစ္ဆာကောင်တွေနဲ့ စုန်းတွေရဲ့ ကြားမှာ ပဋိပက္ခတွေကြား ငြိမ်းချမ်းမှု့ဆိုတာကို ဖော်ကျူးပေးမယ့် စုန်းမလေးတစ်ယောက်ပေါ်လာပါတယ်။ ရှေးခေတ်ပါးစပ်ရာဇ၀င်တွေအရ အပျင်းပြေလူသားတွေဆီသွားပြီး မီးအ၇ှို့ခံတယ်တယ်ဆိုတဲ့ အင်မတန်တန်ခိုးကြီးလှတဲ့ မေရီဆိုတဲ့ စုန်းမတစ်ဦးရဲ့ ဘ၀ဇာတ်လမ်းတစ်ခုပါ.။
ဒီဇာတ်လမ်းမှာတော့ မြို့လေးကိုထိန်းချုပ်ပြီး အောက်လမ်းစွမ်းအင်နဲ့ အစီအမံတွေနဲ့ သတ်ကွင်းတစ်ခုအဖြစ်ဖန်တီးမယ့် အောက်လမ်းမိစ္ဆာကောင်တွေရဲ့ ရန်ကနေ အကာအကွယ်ပေးတဲ့ မေရီကို စတင်မိတ်ဆက်အနေနဲ့မြင်တွေ့ရမှာပါ.။ အခြား Horrorာတ်လမ်းတွေနဲ့ မတူခွဲထွက်ထားပြီး ရက်စက်မှု့ ပြင်းထန်တဲ့ ခြောက်လန့်မှု့တွေနဲ့ အတူ ကြောက်လန့်ဖွယ်ရသလည်းပေးပြီး
စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးပြသထားတဲ့ ဇာတ်လမ်းတွဲဖြစ်လို့ ကြည့်ရှုသင့်ပါတယ်။ သရဲကားလိုမျိုးလည်း သက်သက်ကြီးခြောက်လှန့်နေတာမဟုတ်ပဲ
အသည်းတယားယားနဲ့ အိပ်ခါနီးမှ ပြန်ပြန်တွေးမိလောက်အောင် ပညာသားပါပါရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲလေးမို့ တမူထူးခြားတဲ့ရသ ခံစားလိုသူတွေအတွက်တော့ ရွေးချယ်စရာဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ 2014 ခုနှစ်က စတင်ပြသခဲ့တဲ့စီးရီးတစ်ခုဖြစ်ပြီး Goldchannel ပရိတ်သတ်ကြီးအတွက်ရွေးချယ်စရာကောင်းတစ်ခုဖြစ်မှာပါ..။

Review by: Scarlet Phoenix
Translate & Encode by: Hein Min Htet






Episode 1 
Episode 2 
Episode 3 
Episode 4 
Episode 5
Episode 6
Share this article :

+ comments + 2 comments

6 October 2016 at 20:11

လုပ်​ပါ အုံး GC brother တို့ 5 နဲ့ 6 ပဲကျန်​​တော့တာ လင့်​ပျက်​​နေတာလားဟင်​ ​ကျေးဇူးအထူးပါဗျာ

26 October 2016 at 23:06

Salem က ep5 နဲ့ 6 က လင့်ပျက်နေတယ်ဗျာ... လုပ်ပါဦး

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger