Latest Movie :
Recent Movies

A Man and A Woman (2016) မြန်မာစာတန်းထိုး





Train to busan မင်းသားgong yoo 2016ထွက်ကားသစ်တခုကို တင်ဆက်ပေးလိုက်ပါပြီ။imdb 6.7ရထားတဲ့ဒီကားလေးမှာ
ဆန်မင်းဟာ ဖင်လန်မြို့ကိုလာပြီး ငယ်စဉ်ကတည်းက အထီးကျန်ဆန်အားငယ်တဲ့ဝေဒနာရှင်သား
ကို အဖော်ပြုရင်း ဟန်ဆောင်ကောင်းစွာ နေထိုင်ပါတယ် ဒါပေမယ့် ဆန်မင်းဟာ နှင်းတွေဖုံးလွှမ်းနေတဲ့
ဟယ်စင်းကီးမြို့လေးမှာ အလွန်စိတ်ပျက်စွာ ခံစားပြီး နေနေရတဲ့သူပါ
ကင်ဟွန်းဟာ ဗိသုကာပညာရှင်တစ်ယောက်ဖြစ်ပြီး အလုပ်ကိစ္စနဲ့ ဖင်လန်မြို့ကို စေလွှတ်ခြင်းခံရပါတယ်
သူ့မိသားစုဟာလည်း  စိတ်ဓာတ်ကျနေတဲ့ သမီးတယောက်နဲ့ စိတ်တိုင်းမကျတဲ့ ဇနီးကြောင့် ပြည့်စုံတဲ့မိသားစု မဟုတ်ပါဘူး
ဆန်မင်းနဲ့ကင်ဟွန်းဟာ ပထမဆုံးတွေ့ဆုံတဲ့အကြိမ်ကတည်းက တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးကျွမ်းဝင်ခဲ့ကြတယ်
ခရီးတိုလေးတစ်ခု ထွက်ခဲ့ဖြစ်တဲ့အချိန်မှာတော့ သူတို့နစ်ဦးသား တိတ်ဆိတ်နေပေမယ့်လည်း တစ်ယောက်ရဲ့ စိတ်ကို တစ်ယောက်က
လုံးဝ နားလည်နေခဲ့ကြပါတယ်
သူတို့ခရီးက ပြန်လာတဲ့လမ်းမှာ နှင်းမုန်တိုင်းကြောင့် ခရီးလမ်းပျက်နေတဲ့အတွက်
သူတို့နှစ်ဦးသား တောထဲက သစ်သားအိမ်လေးထဲမှာ နေခဲ့ရပါတယ်
ထိန်းချုပ်ဖို့ခက်တဲ့ အခြေအနေတွေကြောင့် အတူတူနေခဲ့မိတယ်
ဒါပေမယ့် နောက်တစ်နေ့မှာတော့ ချစ်နေပေမယ့်လည်း ကိုယ်စီမိသားစုတွေ ရှိနေတာကြောင့်
တစ်ယောက်နာမည်တစ်ယောက်မမေးပဲ
သီးခြားလမ်းကိုပဲ လျှောက်ခဲ့ရပါတော့တယ်။

Review & Encode by: Hein Min Htet
Translate by: Zin Ko Ko
Quality BluRay
Size 800MB

Blind Spot (2016) Season 2 (မြန်မာစာတန်းထိုး)



***S1 ဇာတ်သိမ်းခန်းမှာ အဖမ်းခံလိုက်ရတဲ့ Jane...
ဘာတွေ ဘယ်လို ဆက်လှုပ်ရှားမလဲ...
့***Taylorမဟုတ်ဘူးဆိုတော့ Janeက ဘယ်သူလဲ...
***Mayfairရဲ့မီးခံသေတ္တာထဲမှာထားခဲ့တဲ့ USBစတစ်ထဲက
 ဖိုင် ၃ခု.(DAYLIGHT ,ORIONနဲ့ M7G677)တွေထဲမှာ ဘာတွေပါလဲ...
***Oscar ပြောပြောနေတဲ့ Shepherdကရောဘယ်သူလဲ...
***Janeရဲ့ ညွှန်ကြားသူ Oscarသေသွားပြီဆိုတော့ ဘယ်သူက Janeကို ဆက်ညွှန်ကြားမှာလဲ...
***Season1ရဲ့Mission က Phase 1(စစ်ဆင်ရေး အဆင့် ၁)[Mayfairကို အပြတ်ရှင်းခြင်း] ဆိုတော့
Phase 2(စစ်ဆင်ရေး အဆင့် ၂) [???]ကိုရော ဘယ်သူတွေက ဘယ်လို စစ်ဆင်ရေးတွေနဲ့ အကွက်ချစီစဉ်သွားမလဲ...
                                                    ~~~~~
DAYLIGHT, ORION, Phase 2(စစ်ဆင်ရေး အဆင့် ၂) စတာတွေနဲ့ ကျန်နေတဲ့တက်တူးပဟေဠိတွေအပါအဝင်  ဘာလဲပေါင်းများစွာ ဝင်္ကပါကို
 ဘယ်လို အကွက်လှလှနဲ့ ထောက်လှမ်းစုံစမ်း
့ ပုံဖော်သွားဦးမလဲဆိုတာကို  Season2 မှာ ရင်ခုန်စွာ ဆက်လက်ကြည့်ရှုအားပေးပါဦး...
                               ~~~~~~~~~~~~~~~~~~~~~~
BLINDSPOT(တက်တူးပဟေဠိဝင်္ကပါ)Season2ကို
FBI အရာရှိ Kurt Weller အဖြစ် 300:Rise of an Empire မင်းသား Sullivan Stapleton...
တက်တူးအပြည့်နဲ့ Jane Doe အဖြစ် Thor ကားတွေမှာ Sif အနေနဲ့ ပါဝင်ဖူးတဲ့ မင်းသမီး Jaimie Alexanderတို့နဲ့အတူ Reade, Zapata,Patterson စသူတို့က ဆက်လက်အားဖြည့် သရုပ်ဆောင်ထားကြပါတယ်...

Review & Translate by: Minkaung Kyawkyar
Encode by: Hein Min Htet
Quality 720PHD
Size 300MB

Short Term 12 (2013) မြန်မာစာတန်းထိုး






Imdb - 8.0/10
အခု တင်ဆက်ပေးမယ့်ကားလေး ကတော့ ၂၀၁၂ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ Short Term 12 ဆိုတဲ့ကားလေး ဖြစ်ပြီး ဒီဇာတ်ကားလေးဟာ စာရေးဆရာ  ဒါရိုက်တာဖြစ်သူ Destin Daniel Cretton ရဲ့ သူကိုယ်တိုင် မိဘမဲ့ကလေး ဂေဟာ မှာ အလုပ်လုပ်ခဲ့ဖူးခဲ့ သူရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေ ပေါ် အခြေခံပြီး ဖန်တီး ရိုက်ကူးခဲ့တာဖြစ်ပါတယ်
ဇာတ်ကား အစပိုင်းမှာ ဂရေ့စ် လို့ခေါ်တဲ့ မိန်းကလေး တစ်ယောက်၊ အရွယ်မရောက်သေးတဲ့ ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ဂေဟာရဲ့ အတိုင်ပင်ခံ အနေဖြင့် လုပ်ကိုင်သူ တစ်ယောက်အနေဖြင့် သူမရဲ့ ကိုယ်ပိုင်ဘဝ နဲ့ လုပ်ငန်းခွင်မှာ ဟန်ချက်ညီ လှုပ်ရှားရုန်းကန် နိုင်ခဲ့ပါတယ်။သူမမှာ အချိန်ကြာကြီးလက်တွဲခဲ့တဲ့ ချစ်သူ အလုပ်မှာလည်း အတူတူ၊ ဂေဟာ မှာ ကြီးကြပ်သူ အဖြစ် လုပ်ကိုင်တဲ့ မေဆန် ဆိုတာရှိနေပါတယ်။ဒါပေမယ့် ဂေဟာ ကထွက်ခွာလုဆဲဆဲ ကလေးတစ်ယောက်နဲ့ နောက်ထပ်ရောက်လာတဲ့ လှုပ်ခတ်မှုတစ်ခုက သူမရဲ့ အပေါ် ရောက်ရှိလာပါတော့တယ်။ ၁၈ နှစ် ပြည့်ခါနီးလို့ ဂေဟာကနေ ထွက်ခွာရတော့မှာဖြစ်တဲ့ မားကပ် တစ်ယောက်ဟာ သူ့ရဲ့ ကိုယ်ပိုင် ဘဝ တည်ဆောက်ရမှာကို စိုးရွံ့မှုတွေရှိနေပြီး သူရဲ့ ဂေဟာမှာရှိတဲ့ နောက်ဆုံးနေ့ရက်တွေမှာ ဆိုးသွမ်းစွာ ပြုမူနေပါတော့တယ်။မားကပ် တစ်ယောက် အတွက် အလိုမကျမှုတွေ တစ်ခုပြီးတစ်ခုဖြစ်နေပြီး  အပေါင်းအသင်းသိပ်မလုပ်တတ်တဲ့ ဂျေဒန် ဆိုတဲ့ကောင်မလေးက လည်း သူငယ်ချင်းဖြစ်ခွင့်ကို ငြင်းဆန်ခဲ့ပါတယ်
Short Term 12 ဇာတ်ကား ရဲ့ သိမ်မွေ့လှပမှုကတော့ ဂေဟာ ရဲ့ အတိုင်ပင်ခံဖြစ်တဲ့ ဂရေ့တစ်ယောက် ဒီကလေးတွေ ဘဝအတွက် ဘယ်လို နည်းလမ်းတွေ ရှာပေးမယ် သူတိုနဲ့ ဘယ်လိုတွေ ဆက်ဆံ ဆောင်ရွက်မယ် ဆိုတာ အပြင် တစ်ချိန်တည်းမှာလည်း သူမရဲ့ မိသားစု ဘဝတည်ဆောက်ဖို့ အတွက် လက်တွဲဖော်နဲ့ လက်တွဲဖို့အတွက် ဘယ်လို အခက်အခဲတွေ ကို ဖြေရှင်းရမယ် ဆိုတာ ဆက်လက် ရှုစားပေးကြပါ င်္ဦးခင်ဗျာ
Short Term 12 ဇာတ်ကား ကို ဒါရိုက်တာ aDestin Daniel Cretton က ရိုက်ကူးခဲ့ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လမှာ ရုံတင်ခဲ့ကာ IMBd rate 8/10 ထိရရှိထားတဲ့ Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ စီးမျောခံစားပေးကြပါဦးလို့...။
Reviewed by: Zay Yar Myint
Translated by: War So
Encoded by: Hein Min Htet
Quality & Size: BRrip 693 MB

Sully (2016) မြန်မာစာတန်းထိုး


Imdb - 7.8/10

ဒီနေ့အတွက် ကြည့်ဖို့ ညွှန်းပေးချင်တာကတော့ စက်တင်ဘာ ၉ ရက်မှာ ထွက်ရှိထားတဲ့ အမေရိကန်ကိုယ်ရေး အတ္ထုပ္ပတ္တိ ဒရာမာ ဇာတ်ကားဖြစ်တဲ့ Sully ပါပဲ။

အမေရိကန် လေကြောင်း လိုင်းမှ လေယာဉ်အမှတ် (၁၅၄၉) ကြုံခဲ့ရတဲ့ ၂၀၀၉ က အဖြစ်အ ပျက်နဲ့ လေယာဉ်မှူး ကပ္ပတိန် ချက်စလေဆာလီဆယ်လန်ဘာ ဂျာရဲ့ အကြောင်း ဖြစ်ရပ်မှန်ကို ဇာတ်အိမ်တည်ထားတာပါ။

ဒီဇာတ်ကားကို ဝါနာဘရား သားစ်ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဖြန့်ချိတာဖြစ်ပြီး မင်းသားကြီး ကလင့်အိစ်ဝုဒ်က စီစဉ်ရိုက်ကူး ကာ အဓိကသရုပ်ဆောင် ကပ္ပတိန်ဆာလီနေရာက မင်းသားကြီး တော်မ်ဟန့်စ်နဲ့အတူ  အေရွန် အက်ဟာ့တ်၊ လော်ရာလင်နီ၊ အန်နာဂန်း၊ အော်တမ်ရီဆာ စသူ တွေ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

၂၀၀၉ ဇန်နဝါရီ ၁၅ ရက်က အမေရိကန်လေကြောင်းလိုင်းမှ လေယာဉ်အမှတ် (၁၅၄၉) ဟာ လေယာဉ်မှူး ကပ္ပတိန်ချက်စလေ ဆာလီဆယ်လန်ဘာဂျာနဲ့ အရာရှိဂျက်ဖ်စကီလက်စ်တို့ရဲ့ မောင်းနှင် မှုနဲ့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မြောက်ပိုင်းက လာဂါဒီယာလေဆိပ်ကနေ ထွက်ခွာခဲ့ပါတယ်။ ပျံတက်ပြီး သုံးမိနစ် လောက်အကြာမှာပဲ ပြဿနာက စလာပါတော့တယ်။

လေယာဉ်ကြီးဟာ ကနေဒါ ငန်းအုပ်နဲ့တိုက်မိပြီး အင်ဂျင်နှစ် လုံးစလုံး အလုပ်မလုပ်တော့ပါ ဘူး။ အင်ဂျင်တွေက အလုပ် မလုပ်တော့သလို အရေးပေါ်ဆင်းသက်စရာ လေယာဉ်ကွင်းလည်း မရှိတဲ့အခြေအနေမှာ လေယာဉ် မှူးကြီး ဆူလီဟာ ရွေးစရာနည်း လမ်းမရှိတော့ဘဲ ဟက်ဒ်ဆန်မြစ် ထဲကို အရေးပေါ်ဆင်းသက်ဖို့ကို ပဲ ရွေးချယ်ခဲ့ရပါတော့တယ်။

လေယာဉ်ပေါ်မှာပါရှိတဲ့ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း စုစု ပေါင်း ၁၅၅ ယောက် ဘေးမသီ ရန်မခစေဖို့အတွက် ဆူလီဟာ ကြိုးစားပမ်းစားနဲ့ လေယာဉ်ကြီး ကို မြစ်ထဲဆင်းသက်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ ဆူလီနဲ့ လက် ထောက်လေယာဉ်မှူး ဂျက်ဖ်တို့ ဟာ လေယာဉ်ပေါ်ပါသူတွေအ ကုန်လုံးကို အသက်အန္တရာယ်ကင်း အောင်  ဆင်းသက်ပေးနိုင်ခဲ့ပါ တယ်။

လေယာဉ်အမှတ် (၁၅၄၉)က လေယာဉ်မှူး ကပ္ပတိန်ဆူလီ နှင့်တကွ လေယာဉ်ဝန်ထမ်းတွေ အကုန်လုံး သူရဲကောင်းဆုရခဲ့ကြ ပြီး ကပ္ပတိန်ဆူလီအဖို့တော့ သူ့ရဲ့လုပ်ဆောင်ချက်တွေအတွက် မီဒီယာတွေရဲ့ စိတ်ဝင်စားခြင်းခံရသလို ဝေဖန်ပြောကြားမှုတွေလည်း ခံခဲ့ရပါတယ်။

ဖြစ်ရပ်မှန်အကြောင်းအရာ ကို ဇာတ်အိမ်တည်ရိုက်ကူးထား တာမို့ အဲဒီအခြေအနေကြုံခဲ့ရစဉ် က အဖြစ်အပျက်တွေကို ကွက် ကွက်ကွင်းကွင်း သိမြင်ပြီး ပြေး မလွတ်တဲ့ အသက်ဘေး ကြုံရ တော့မယ့် ခံစားမှု၊ ကြောက်ရွံ့ ထိတ်လန့်မှု၊ စိုးရိမ်မှု၊ ရာနဲ့ချီတဲ့ ခရီးသည်တွေရဲ့ အသက်ကို လက်ထဲရောက်နေချိန်မှာ လေယာဉ် ပေါ်မှာ တာဝန်အရှိဆုံးလူရဲ့ ဆုံး ဖြတ်ချက်နဲ့ တာဝန်ယူမှုတွေကို ကိုယ်တိုင်ခံစားကြည့်ကြပါဦးလို့။

Review Credit to -7Day Daily
Translated by: Morningstar Naing Lin
Encoded by: Hein Min Htet
Quality & Size: BRRip 720p 750MB


Chasing 2016 (မြန်မာစာတန်းထိုး)

Gold Channel ပရိတ်သတ်ကြီး holiday မှာ ပေါ့ပေါ့ပါးပါးနဲ့ ရီမောရင်း အနားယူဇိမ်ကျနိုင်ဖို့ ကိုရီးယား action & comedy ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ် Chasing ဇာတ်ကားဟာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှာ ထွက်ရှိခဲ့တဲ့ဇာတ်ကားဖြစ်ပြီး IMDb rate 7.1 ရရှိထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ် ဒီဇာတ်ကားမှာ ဟိုတယ်မင်းသားလို့လူသိများတဲ့ ဝါရင့်သရုပ်ဆောင် မင်းသားကြီး Kim Seung Woo အပါအဝင် မင်းသားစုစုပေါင်း (၁၀) ဦး ပါဝင်သရုပ်ဆောင်ထားပါတယ် မင်းသားအငယ်လေးအနေနဲ့တော့ VIXX အဖွဲ့ရဲ့ အဆိုတော်မင်းသားချောလေး Han Sang-hyuk ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းကတော့ ကုမ္ပဏီ CEO တစ်ယောက်ရဲ့ cellphone ကို အကြောက်အလန့်မရှိတဲ့ အထက်တန်းကျောင်းသား gangster အဖွဲ့က ခိုးသွားတဲ့အပြင် အဲ့ဒီ့အဖွဲ့ဆီပဲတစ်ခါ စုံထောက်တစ်ဦးရဲ့ သေနတ်ပါသွားတဲ့အတွက် သူတို့ရဲ့တန်ဖိုးကြီး ပစ္စည်းတွေပြန်ရဖို့ ကျောင်းသားလူဆိုးအဖွဲ့နောက်ကို လိုက်ကြတဲ့အခါမှာ ဘယ်လိုအလွဲအချော်တွေနဲ့ တစ်ဝါးဝါးပွဲကျရမလဲ ဆိုတာ အားပေးကြည့်ရှုနိုင်ဖို့ တင်ဆက်လိုက်ရပါတယ်။

Review by: ဆလတ်ရွက်
Translate by:Khine Ni NI Shein
Encode by: Hein Min Htet
Quality 720 BR-Rip
Size 700MB

Lost in white (2016) မြန်မာစာတန်းထိုး

Imdb - 5.4/10

Goldchannel ပရိသတ်ကြီး မင်္ဂလာပါ၊ Movie ပေါင်းမြောက်မြားစွာကို ၀ါသနာနဲ့ စေတနာအရင်းခံပြီး ဘာသာပြန်တင်ဆက်ပေးနေကျ ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ GC Translator team ကနေပြီးတော့... 2016 movie များကို မကြည့်လိုက်ရ မရှိရလေအောင် ကြိုးပမ်းတင်ဆက်ပေးနေပါတယ်။ အဓိက ကိုယ်တိုင် download link ရှာဖို့ အချိန်မရသူတွေ၊ eng လို မဟုတ်ဘဲ မြန်မာပြန်ပြီးသားလေးကို သက်တောင့်သက်သာ ကြည့်ရှုလိုသူများအတွက် ၀ါသနာရှင် ညီအစ်ကိုမောင်နှမများက စေတနာသက်သက်နဲ့ ပြန်ဆိုထားပေးကြတာဖြစ်တဲ့အတွက်..  ဘယ်ဟာကတော့ဖြင့် မှားတယ် ဘယ်ဟာကတော့ဖြင့် မှန်တယ်ဆိုတာတွေကို attention မထားဘဲ... ရုပ်ရှင်ကို ရုပ်ရှင်လိုပဲ ပေါ့ပေါ့ပါးပါး ခံစားပေးနိုင်ကြပါစေခင်ဗျာ။ တတ်နိုင်သမျှ အမှားနည်းပြီး အမှန်ကင်းအောင် အစဉ်တစိုက်လဲ ကြိုးစားအားထုတ်သွားမှာဖြစ်ပါတယ်။ ထောက်ပြဝေဖန်ချက်များကိုလဲ Page ရဲ့ public comment တွေမှာ ၀မ်းပန်းတသာ ကြိုဆိုနေပါမယ်။ Professional ဆန်ဆန် page တွေ channel တွေ အမြောက်အမြားပေါ်ထွန်းလာတဲ့အတွက်လဲ မြန်မာစာတန်းထိုး ရုပ်ရှင်ချစ်သူနဲ့ထပ်တူ GC မှ.. ၀မ်းပန်းတသာကြိုဆို ဂုဏ်ယူလျက်ရှိပါကြောင်း ခင်ဗျာ...။
Lost in while (2016) Movie ဟာ Crime film အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Crime movie တွေ ရိုက်ကူးရာမှာ hollywood နဲ့ ရင်ဘောင်တန်း ရိုက်ကူးလာနိုင်တဲ့ Chinese ရဲ့ 2016 up-to-date movie တစ်ခု ဖြစ်တဲ့အတွက် လိုအပ်သလောက်လေးပဲ ဇါတ်လမ်းကို ကွက်ပြီးရေးသားရမယ်ဆိုရင်..  နှင်းတွေ ဖုံးလွှမ်းနေလေ့ရှိတဲ့ရွာငယ်လေးတစ်ရွာအနီးက .. ရေခဲမြစ်ထဲမှာ.. လူသေအလောင်းတစ်လောင်း ပေါ်လာတာကနေ ဇါတ်လမ်းကို အစပျိုးထားပါတယ်။ စုံထောက် Zhou Peng နဲ့  Weng Hao တို့ ဟာ အဆိုပါ အမှုကို ဖေါ်ထုတ်ဖို့ .. ရွာငယ်လေးဆီကိုရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် အမှန်တရားဟာ .. သူတို့ တွက်ဆထားတာတွေနဲ့ တက်တက်စင်လွဲလောက်အောင်.. ခက်ခဲနက်နဲ ရှုပ်ထွေးနေတဲ့အခါ..  ကိုယ်တိုင် လိုက်ပါ စဉ်းစားကူရတဲ့ Crime film တွေကို ကြိုက်နှစ်သက်သူတွေအတွက်... ကြည့်ရှုသင့်တဲ့စာရင်းထဲမှာ ထည့်သွင်းရမယ့် ကားတစ်ခု ဖြစ်တယ်လို့ Goldchannel မှ ညွှန်းဆိုပါရစေခင်ဗျ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]
Reviewed by: Sugar
Translated by: Win Kyaw Thu
Encoded by: Hein Min Htet
Quality & Size: Brrip 720p 700MB

The Hobbit Trilogy (Extended Edition) မြန်မာစာတန်းထိုး



Spoiler Alert!
(Hobbit ရဲ့ Extended Edition အကြောင်း အနည်းငယ်ဖော်ပြပေးထားတာဖြစ်တဲ့အတွက် Hobbit မကြည့်ရသေးသူတွေအတွက် Spoiler အနည်းငယ်ပါပါတယ်)

ဒီတစ်ခေါက် ညွှန်းချင်တာကတော့ Hobbit ကားတွေရဲ့ Extended Edition တွေပါ။ Hobbit ကို ကျော်တို့ဆီမှာ ဒုတိယကား နဲ့ တတိယကားကို ရုံတင်ပြသခဲ့ပါတယ်။ ဒါကြောင့် တော်တော်များများလည်း ကြည့်ဖူးကြသိကြမှာပါ။ ကျွန်တော် မနေ့ကလည်း Teen Radio မှာ အနည်းငယ်ပြောပြခဲ့ပါသေးတယ်။

ရုပ်ရှင်ကြီးတော်တော်များများဟာ ပြသချိန်နဲ့ Age Rating တွေကြောင့် ရုံမှာပြရင် အကုန်မပြဘဲ Theatrical Version ဆိုပြီး ဖြတ်ပြတတ်ကြပါတယ်။ နောက် DVD/Blu-Ray တို့ထွက်မှ Extended Edition ဘာညာဆိုပြီး ဇာတ်လမ်းအရှည်နဲ့ ပြန်ထွက်တတ်ပါတယ်။ The Lord of the Rings တုန်းကလည်း အဲလိုပဲလုပ်ခဲ့သလို အခု Hobbit ကားတွေကလည်း အဲလိုပဲ Extended Edition ပြန်ထွက်ပါတယ်။

Extended Edition က သုံးကားလုံးမှာ ပြန်ထွက်တာဆိုပေမဲ့ ပထမကားနဲ့ ဒုတိယကားတွေဖြစ်တဲ့ An Unexpected Journey နဲ့ The Desolation of Smaug တို့မှာတော့ သိပ်အများကြီးမပါပါဘူး။ ဒုတိယကားမှာတော့ Thorin ရဲ့ အဖေ Thrain ကို ပြန်မြင်ရမှာဖြစ်ပြီး Sauron ရဲ့ One Ring အပြင် Dwarf Lord တွေကိုပေးထားတဲ့ လက်စွပ်တွေ၊ Elf တွေကိုပေးထားတဲ့ လက်စွပ်တွေအကြောင်းလည်း အနည်းအကျဉ်းမြင်ရမှာဖြစ်ပါတယ်။ ဒါတွေက သိပ်မကြီးသေးပါဘူး။ အကြီးဆုံးနဲ့ အကြမ်းဆုံးကတော့ နောက်ဆုံးကားဖြစ်တဲ့ Battle of the Five Armies ပါ။ ဘာတွေပါလဲဆိုတော့ Dwarf နဲ့ Elf တို့ အမှန်တကယ်ဗြင်းကြတဲ့အခန်းပါ။ ဟိုမှာက ချမယ်လုပ်တုန်း Orc တွေရောက်လာလို့ပွဲပျက်သွားတယ်လေ။ ဒီမှာက တကယ် အမှန်အကန်ကျွေးကြတာ။ အဲအပြင် Dwarf စစ်တပ်ရဲ့ လက်နက်ဆန်းတွေ ပညာသားပါပုံတွေကိုလည်း ဟာခနဲဟင်ခနဲ အံသြတကြီးမြင်ရပါလိမ့်မယ်။ အဲ့အပြင် Orc တွေနဲ့ Elf, Dwarf တွေ တိုက်ကြတဲ့အခန်းမှာလည်း အားပါးပါး ဆိုပြီးဖြစ်လောက်အောင် တော်တော်ကြမ်းပါတယ်။ Rating က R လေ။ သွေးထွက်သံယိုတွေ၊ ခြေပြတ်လက်ပြတ်သွားလို့ အရိုးတွေငေါထွက်လာတာတွေဆိုတာ တော်တော်များပါတယ်။ CGI တွေကလည်း တော်တော်ကြီးကောင်းသလို ဇာတ်ဝင်ခန်းအပိုတွေကလည်း တော်တော်လေးများလို့ ရုံမှာပြထားတဲ့ Theatrical Version နဲ့ တခြားစီပါပဲ။ ဥပမာ Theatrical Version ထဲမှာ Thorin တို့အဖွဲ့ တောင်ဆိတ်တွေစီးပြီး Azog ကိုသတ်ဖို့ တောင်ထိပ်ကိုတက်သွားတာ ချက်ချင်းပဲလေ။ Extended မှာ အဲနေရာရောက်ဖို့ တော်တော်ကြီးကိုလုပ်ကြရပါတယ်။

အဲဒါမို့ Hobbit တို့ The Lord of the Rings တို့ကို ကြည့်ကြ ကြိုက်ကြတဲ့ ပိတ်သတ်ကြီးဟာ ပထမနှစ်ကား Extended မကြည့်ဖြစ်ရင်တောင် နောက်ဆုံး Battle of the Five Armies ရဲ့ Extended Edition ကိုတော့ ကြည့်သင့်တယ်လို့ ထင်ပါတယ်။

(Battle of the five armies Extended ဟာ Theatrical ထက် ၂၅ မိနစ်စာလောက်ပိုရှည်ပါတယ်)

Photos from Google

Review Credit to -Admin KPK(Datshin.com)
Encode by: Kayit ,Zaw Htet Naing
Quality Blue-Ray
Size 900/800MB

Blog Archive

Powered by Blogger.
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger