Latest Movie :

Lost in white (2016) မြန်မာစာတန်းထိုး

Imdb - 5.4/10

Goldchannel ပရိသတ်ကြီး မင်္ဂလာပါ၊ Movie ပေါင်းမြောက်မြားစွာကို ၀ါသနာနဲ့ စေတနာအရင်းခံပြီး ဘာသာပြန်တင်ဆက်ပေးနေကျ ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ GC Translator team ကနေပြီးတော့... 2016 movie များကို မကြည့်လိုက်ရ မရှိရလေအောင် ကြိုးပမ်းတင်ဆက်ပေးနေပါတယ်။ အဓိက ကိုယ်တိုင် download link ရှာဖို့ အချိန်မရသူတွေ၊ eng လို မဟုတ်ဘဲ မြန်မာပြန်ပြီးသားလေးကို သက်တောင့်သက်သာ ကြည့်ရှုလိုသူများအတွက် ၀ါသနာရှင် ညီအစ်ကိုမောင်နှမများက စေတနာသက်သက်နဲ့ ပြန်ဆိုထားပေးကြတာဖြစ်တဲ့အတွက်..  ဘယ်ဟာကတော့ဖြင့် မှားတယ် ဘယ်ဟာကတော့ဖြင့် မှန်တယ်ဆိုတာတွေကို attention မထားဘဲ... ရုပ်ရှင်ကို ရုပ်ရှင်လိုပဲ ပေါ့ပေါ့ပါးပါး ခံစားပေးနိုင်ကြပါစေခင်ဗျာ။ တတ်နိုင်သမျှ အမှားနည်းပြီး အမှန်ကင်းအောင် အစဉ်တစိုက်လဲ ကြိုးစားအားထုတ်သွားမှာဖြစ်ပါတယ်။ ထောက်ပြဝေဖန်ချက်များကိုလဲ Page ရဲ့ public comment တွေမှာ ၀မ်းပန်းတသာ ကြိုဆိုနေပါမယ်။ Professional ဆန်ဆန် page တွေ channel တွေ အမြောက်အမြားပေါ်ထွန်းလာတဲ့အတွက်လဲ မြန်မာစာတန်းထိုး ရုပ်ရှင်ချစ်သူနဲ့ထပ်တူ GC မှ.. ၀မ်းပန်းတသာကြိုဆို ဂုဏ်ယူလျက်ရှိပါကြောင်း ခင်ဗျာ...။
Lost in while (2016) Movie ဟာ Crime film အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Crime movie တွေ ရိုက်ကူးရာမှာ hollywood နဲ့ ရင်ဘောင်တန်း ရိုက်ကူးလာနိုင်တဲ့ Chinese ရဲ့ 2016 up-to-date movie တစ်ခု ဖြစ်တဲ့အတွက် လိုအပ်သလောက်လေးပဲ ဇါတ်လမ်းကို ကွက်ပြီးရေးသားရမယ်ဆိုရင်..  နှင်းတွေ ဖုံးလွှမ်းနေလေ့ရှိတဲ့ရွာငယ်လေးတစ်ရွာအနီးက .. ရေခဲမြစ်ထဲမှာ.. လူသေအလောင်းတစ်လောင်း ပေါ်လာတာကနေ ဇါတ်လမ်းကို အစပျိုးထားပါတယ်။ စုံထောက် Zhou Peng နဲ့  Weng Hao တို့ ဟာ အဆိုပါ အမှုကို ဖေါ်ထုတ်ဖို့ .. ရွာငယ်လေးဆီကိုရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် အမှန်တရားဟာ .. သူတို့ တွက်ဆထားတာတွေနဲ့ တက်တက်စင်လွဲလောက်အောင်.. ခက်ခဲနက်နဲ ရှုပ်ထွေးနေတဲ့အခါ..  ကိုယ်တိုင် လိုက်ပါ စဉ်းစားကူရတဲ့ Crime film တွေကို ကြိုက်နှစ်သက်သူတွေအတွက်... ကြည့်ရှုသင့်တဲ့စာရင်းထဲမှာ ထည့်သွင်းရမယ့် ကားတစ်ခု ဖြစ်တယ်လို့ Goldchannel မှ ညွှန်းဆိုပါရစေခင်ဗျ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]
Reviewed by: Sugar
Translated by: Win Kyaw Thu
Encoded by: Hein Min Htet
Quality & Size: Brrip 720p 700MB
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger