Latest Movie :

The Hobbit Trilogy (Extended Edition) မြန်မာစာတန်းထိုး



Spoiler Alert!
(Hobbit ရဲ့ Extended Edition အကြောင်း အနည်းငယ်ဖော်ပြပေးထားတာဖြစ်တဲ့အတွက် Hobbit မကြည့်ရသေးသူတွေအတွက် Spoiler အနည်းငယ်ပါပါတယ်)

ဒီတစ်ခေါက် ညွှန်းချင်တာကတော့ Hobbit ကားတွေရဲ့ Extended Edition တွေပါ။ Hobbit ကို ကျော်တို့ဆီမှာ ဒုတိယကား နဲ့ တတိယကားကို ရုံတင်ပြသခဲ့ပါတယ်။ ဒါကြောင့် တော်တော်များများလည်း ကြည့်ဖူးကြသိကြမှာပါ။ ကျွန်တော် မနေ့ကလည်း Teen Radio မှာ အနည်းငယ်ပြောပြခဲ့ပါသေးတယ်။

ရုပ်ရှင်ကြီးတော်တော်များများဟာ ပြသချိန်နဲ့ Age Rating တွေကြောင့် ရုံမှာပြရင် အကုန်မပြဘဲ Theatrical Version ဆိုပြီး ဖြတ်ပြတတ်ကြပါတယ်။ နောက် DVD/Blu-Ray တို့ထွက်မှ Extended Edition ဘာညာဆိုပြီး ဇာတ်လမ်းအရှည်နဲ့ ပြန်ထွက်တတ်ပါတယ်။ The Lord of the Rings တုန်းကလည်း အဲလိုပဲလုပ်ခဲ့သလို အခု Hobbit ကားတွေကလည်း အဲလိုပဲ Extended Edition ပြန်ထွက်ပါတယ်။

Extended Edition က သုံးကားလုံးမှာ ပြန်ထွက်တာဆိုပေမဲ့ ပထမကားနဲ့ ဒုတိယကားတွေဖြစ်တဲ့ An Unexpected Journey နဲ့ The Desolation of Smaug တို့မှာတော့ သိပ်အများကြီးမပါပါဘူး။ ဒုတိယကားမှာတော့ Thorin ရဲ့ အဖေ Thrain ကို ပြန်မြင်ရမှာဖြစ်ပြီး Sauron ရဲ့ One Ring အပြင် Dwarf Lord တွေကိုပေးထားတဲ့ လက်စွပ်တွေ၊ Elf တွေကိုပေးထားတဲ့ လက်စွပ်တွေအကြောင်းလည်း အနည်းအကျဉ်းမြင်ရမှာဖြစ်ပါတယ်။ ဒါတွေက သိပ်မကြီးသေးပါဘူး။ အကြီးဆုံးနဲ့ အကြမ်းဆုံးကတော့ နောက်ဆုံးကားဖြစ်တဲ့ Battle of the Five Armies ပါ။ ဘာတွေပါလဲဆိုတော့ Dwarf နဲ့ Elf တို့ အမှန်တကယ်ဗြင်းကြတဲ့အခန်းပါ။ ဟိုမှာက ချမယ်လုပ်တုန်း Orc တွေရောက်လာလို့ပွဲပျက်သွားတယ်လေ။ ဒီမှာက တကယ် အမှန်အကန်ကျွေးကြတာ။ အဲအပြင် Dwarf စစ်တပ်ရဲ့ လက်နက်ဆန်းတွေ ပညာသားပါပုံတွေကိုလည်း ဟာခနဲဟင်ခနဲ အံသြတကြီးမြင်ရပါလိမ့်မယ်။ အဲ့အပြင် Orc တွေနဲ့ Elf, Dwarf တွေ တိုက်ကြတဲ့အခန်းမှာလည်း အားပါးပါး ဆိုပြီးဖြစ်လောက်အောင် တော်တော်ကြမ်းပါတယ်။ Rating က R လေ။ သွေးထွက်သံယိုတွေ၊ ခြေပြတ်လက်ပြတ်သွားလို့ အရိုးတွေငေါထွက်လာတာတွေဆိုတာ တော်တော်များပါတယ်။ CGI တွေကလည်း တော်တော်ကြီးကောင်းသလို ဇာတ်ဝင်ခန်းအပိုတွေကလည်း တော်တော်လေးများလို့ ရုံမှာပြထားတဲ့ Theatrical Version နဲ့ တခြားစီပါပဲ။ ဥပမာ Theatrical Version ထဲမှာ Thorin တို့အဖွဲ့ တောင်ဆိတ်တွေစီးပြီး Azog ကိုသတ်ဖို့ တောင်ထိပ်ကိုတက်သွားတာ ချက်ချင်းပဲလေ။ Extended မှာ အဲနေရာရောက်ဖို့ တော်တော်ကြီးကိုလုပ်ကြရပါတယ်။

အဲဒါမို့ Hobbit တို့ The Lord of the Rings တို့ကို ကြည့်ကြ ကြိုက်ကြတဲ့ ပိတ်သတ်ကြီးဟာ ပထမနှစ်ကား Extended မကြည့်ဖြစ်ရင်တောင် နောက်ဆုံး Battle of the Five Armies ရဲ့ Extended Edition ကိုတော့ ကြည့်သင့်တယ်လို့ ထင်ပါတယ်။

(Battle of the five armies Extended ဟာ Theatrical ထက် ၂၅ မိနစ်စာလောက်ပိုရှည်ပါတယ်)

Photos from Google

Review Credit to -Admin KPK(Datshin.com)
Encode by: Kayit ,Zaw Htet Naing
Quality Blue-Ray
Size 900/800MB
Share this article :

+ comments + 1 comments

11 November 2016 at 22:51

Hobbit 3 က Resolution မ​ကောင်းဘူး ဖြစ်​​နေတယ်​ bro တို့...​ကျေးဇူးပြု၍ ပြန်​တင်​ ​ပေးပါ​နော်​...

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger