Latest Movie :

The Last Princess (2016) မြန်မာစာတန်းထိုး

ဇာတ်လမ်းရဲ့နာမည်က ရိုရှင်းပါတယ် ဒါပေမယ့် ဒီဇာတ်လမ်းမှာပါတဲ့အကြောင်းအရာတွေကတော့ ဆို့နင့်လွမ်းမောဖွယ်ကောင်းနေပါတယ် The Last Princess
ဆိုသည့်အတိုင်း တကယ်ကို ကိုရီးယားနိုင်ငံရဲ့ နောက်ဆုံးမင်းသမီးလေးအကြောင်းဖြစ်ရပ်မှန်ကို ပြန်လည်ဖော်ပြထားတာပါ ကိုရီးယားနိုင်ငံကိုဂျပန်တွေ အုပ်စိုးစဉ်က ကိုရီးယားတော်ဝင်မျိုးနွယ်တွေကို ဖိနှိပ်ခဲ့ပုံ၊ တော်ဝင်မိသားစုတို့ရဲ့ကြေကွယ်ဖွယ်ရာအဖြစ်တွေကို တွေ့ရမှာဖြစ်ပါတယ် ဇာတ်လမ်းအစမှာ ကိုရီးယားဘုရင်ဂိုဂျောင်ကအတွင်းလူအဆိပ်ခတ်တာခံရပြီး နတ်ရွာစံပြီးနောက်ကိုရီးယားနိုင်ငံမှာ ပထမဆုံးလွတ်လပ်ရေးလှုပ်ရှားမှုဖြစ်ပွားခဲ့ပါတယ် အဲ့နောက်မှာတော့ တော်ဝင်မိသားစုတွေက ဆိုးရွားစွာဖိနှိပ်ခြင်းကိုခံရပါတယ်
ရာဇဝင်ကို ပြန်ရိုက်ထားတဲ့ဇာတ်ကားဖြစ်ပြီးအဓိကဇာတ်ကောင်အနေနဲ့ မင်းသမီးဒို့ဟေးအကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ် အသက်ငယ်ရွယ်စဉ်မှာ ဂျပန်နိုင်ငံကို ပညာရေးအတွက်ဆိုပြီး အတင်းအကြပ်ပို့ဆောင်ခံရပြီးနောက် အမိမြေကိုစတင်ခွဲခွာခဲ့ရပါတယ် ဒါပေမယ့်လည်းကြံ့ကြံ့ခံနေရင်း မိမိတိုင်းပြည်ကိုပြန်ရမယ့်အချိန်ကိုစောင့်စားပြီး ဘဝကိုကုန်ဆုံးခဲ့ရပါတယ် သူမရဲ့ဖခင်မင်းကြီးက သူမနဲ့ရည်ရွယ်ထားတဲ့ အရာရှိကင်ဂျန်ဟန်နဲ့ငယ်ငယ်တည်းက သူမနဲ့ရင်နှီးကျွမ်းဝင်ခဲ့သူပါ မင်းသမီးလေး ဂျပန်ကိုပို့ဆောင်ခံရပြီးကတည်းက သူတို့နှစ်ယောက်ကွဲကွာသွားပြီး ဘယ်လိုမျိုးပြန်ဆုံကြမလဲ မင်းသမီးလေးနဲ့ ဂျပန်လူမျိုးတွေကြားမှာနေထိုင်ရင်းအခက်အခဲတွေကိုကျော်လွှားပြီး ဘယ်လိုမျိုးတွေရင်ဆိုင်သွားကြမလဲ အဖိနှိပ်ခံမင်းသမီးတစ်ပါးရဲ့ဘဝကိုပါတွေ့မြင်နိုင်မှာပါ ကိုယ့်လူမျိုးတွေကိုနှိပ်စက်ခိုင်းစေမှုတွေကို မကြည့်ရက်ပေမယ့် ကိုယ်ကိုယ်တိုင်တောင်အိမ်ကိုပြန်ခွင့်မရတဲ့ ဘာမှလုပ်ပိုင်ခွင့်မရှိတဲ့အခါ မင်းသမီးတစ်ပါးရဲ့ခံစားချက်တွေကိုပါ သနားဂရုဏာသက်မိမှာအမှန်ပါပဲ
ဆိုးရွားတဲ့လောကဓံကိုခံရင်း နောက်ဆုံးအချိန် သူမဘဝနေဝင်ချိန်အထိ ဂျပန်နိုင်ငံကနေပြန်ခွင့်ရပါ့မလားလို့ ရင်တထိပ်ထိပ်နဲ့ ကြည့်ရှု့ရမယ့်ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးလို့ညွှန်းလိုက်ပါရစေ..။

Translate by: Htar Inzali
Review & Encode by: Hein Min Htet
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger