Latest Movie :

The Swan Princess (2016) မြန်မာစာတန်းထိုး

မင်္ဂလာပါ ခင်ဗျာ။ စိတ်ကူးယဉ် ပုံပြင်ကလေးတစ်ပုဒ် နဲ့ GC ပရိသတ်ကြီး တစ်ခဏတာ အပန်းပြေစေနိုင်ဖို့
2016 September 7 ရက်နေ့က ထွက်ရှိခဲ့တဲ့.. Animation Musical လေးက စွမ်းဆောင်နိုင်ပါစေခင်ဗျာ။
တစ်ခါတစ်လေမှာ ဒီလို ပေါ့ပေါ့ပါးပါးကားလေးတွေ ကြည့်ပေးမှ... စိတ်လက်သက်တောင့်သက်သာရဖြစ်တတ်တာမို့.. ခံစားအားပေးလိုက်ကြပါဦးခင်ဗျ။ အပိုဆုအနေနဲ့ Charli XCX ရဲ့ soundtrack လေးတွေလဲ နားဆင်ရဦးမှာ ဖြစ်ပါတယ်ခင်ဗျ။

အပျော်မက်တဲ့ မင်းသမီးငယ်လေး Alise ဟာ.. ဘုရင်မကြီး Uberta နဲ့အတူ ထီးမူနန်းရာတွေ သင်ယူလေ့လာဖို့ နွေရာသီကာလတစ်ခု ကို ဖြတ်သန်းနေချိန်ဖြစ်ပါတယ်။ အမှန်တကယ်တော့ သူမဟာ.. တော်ဝင် မင်းသမီးတစ်ပါးလို ကိန်းကြီးခန်းကြီးနေထိုင်ရတာထက်.. ကလေးပီပီ လွတ်လပ်ပြီး ခပ်ကြမ်းကြမ်းနေထိုင်ရတဲ့ ပင်လယ်ဓါးပြတစ်ယောက်ရဲ့ ဘ၀ကို ပိုမက်မောနေမိပါသတဲ့။ အဲ့ဒီနောက်မှာတော့ Lord Rogers နဲ့ အတူ သူမရဲ့အဖော်မွန်တွေဖြစ်တဲ့ Jean-Bob ဆိုတဲ့ ဖားကလေးရယ်၊ Speed ဆိုတဲ့ လိပ်ကလေးရယ်ကို ခေါ်ငင်ပြီး. သူမရဲ့ စိတ်ကူးယဉ်အိပ်မက်စွန့်စားခန်းတွေကို အကောင်အထည်ဖေါ်ဖို့ ပင်လယ်ပြင်ကြီးထဲကို ရဲရဲဝံ့ဝံ့ ခရီးကြမ်းနှင်ခဲ့ပါတော့တယ်။ စိတ်ကူးယဉ်တွေထဲကလို ထင်သလောက် အံမတုနိုင်တဲ့ လှိုင်းလုံးတွေအကြားမှာ..   သင်္ဘောကြီး တိမ်းမှောက်သွားခဲ့တဲ့ နောက်.. ကျွန်တော်တို့ရဲ့ မင်းသမီးလေး Alisa နဲ့ အပေါင်းပါတစ်စု ဟာ ထူးခြားဆန်းကျယ်တဲ့ ကျွန်းကြီးတစ်ကျွန်းပေါ်ကို မသေမပျောက်တစုတစည်းတည်း ရေက်ရှိသွားခဲ့တဲ့နောက်... ကျွန်းကြီးပေါ်မှာ အဖော်မဲ့ ဖြစ်နေတဲ့ ကောင်ကလေး တစ်ယောက်နဲ့ ဆုံစည်းခဲ့ကြပါတယ်။ ကောင်ကလေးနဲ့အတူ... ထူးခြားဆန်းကျယ်လှတဲ့.. ကျွန်းကြီးပေါ်က သတ္တ၀ါဆိုးကြီးရဲ့ အန္တရာယ်ကို တွန်းလှန်ခဲ့ကြပုံအကြောင်းနဲ့ အဲ့ဒီအပြင်.. သူတို့ဘယ်လို အိမ်ပြန်ခဲ့ကြမလဲ သူငယ်ချင်းတွေအကြားမှာထားရှိအပ်တဲ့ သစ္စာတရားတွေနဲ့ အချင်းချင်း ဖေးကူတတ်မှု ဆိုတာ ဘယ်လိုမျိုးလဲဆိုတာကို Alisa နဲ့ သူငယ်ချင်းတစ်စုက ပြသသွားမှာဖြစ်တဲ့အကြောင်း.. ကို GC ပရိသတ်ကြီး ကြိုတင်ခံစားနိုင်ဖို့ ဇါတ်ကြောင်းလေး ဖေါ်ပြပေးလိုက်ပါတယ်ခင်ဗျ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]

Reviewed by: Sugar
Translated by:Zalat Phyu Myint
Encoded by:Invoker
Quality:720P HD
Size: 700 MB/450 MB
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger