Latest Movie :

Weiner-dog (2016) မြန်မာစာတန်းထိုး

Imdb - 5.9/10

မင်္ဂလာပါ ပရိသတ်ကြီးခင်ဗျ၊ မိသားစုလိုက်အမောပြေ အပန်းဖြေကြည့်ရှုနိုင်မယ့်အပြင် ခွေးကလေးတွေ ကို ချစ်ခင်ယုယတတ်တဲ့ Movie fans တွေအတွက်ပါ ဖြည့်ဆည်းပေးနိုင်ဖို့.. Wiener-dog ဆိုတဲ့ 2016 film လေးတစ်ခုကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။ မ Phoo Phoo မှ မြန်မာဘာသာပြန်ဆိုထားပြီး Encoder Hein Min Htet မှ Bluray quality နဲ့ ကြည်လင်ပြတ်သားစွာ တင်ဆက်ထားခြင်းဖြစ်ပါတယ်။

အပြစ်ကင်းတဲ့ အရပ်ပုပု အလျားရှည်ရှည် weiner ခွေးကလေးတစ်ကောင်ရဲ့ ဘ၀ဖြစ်စဉ် ကံကြမ္မာကို ရှုထောင့်တစ်မျိုးကနေ ရိုက်ကူးထားတဲ့ weiner dog movie မှာ.. ကျွန်တော်တို့ လူသားတွေအတွက် အကောင်းဆုံးအဖေါ်မွန်တွေထဲမှာ အိမ်မွေးတိရစ္ဆာန်ခွေးကလေးတွေလဲ အပါအ၀င်ဖြစ်ကြောင်း၊ သာယာချမ်းမြေ့တဲ့ မိသားစုတစ်စုကို တည်ဆောက်တဲ့အခါမှာ.. ခွေးကလေးတွေဟာလဲ တစိတ်တဒေသ သက်ဆိုင်ကြောင်း... စတာတွေကို Message တစ်ခုအနေနဲ့ ထည့်သွင်းထားတာကို ရှုစားကြရမှာဖြစ်ပါတယ်။ Animal Shelter တွေကို လည်ပါတ်ခဲ့ဖူးတဲ့ Movie fans များအနေနဲ့ကတော့ ဒီ weiner dog ကို ကြည့်ရင်း.. နောက်တစ်ခါက် ထပ်သွားပြီး ခွေးကလေးတွေ မွေးစားဥိးမှပဲ ဆိုတဲ့ စိတ်ကူးတွေပေါ်လာမှာ အသေအချာပါပဲ။
အိမ်မွေးတိရိစ္ဆာန် ခွေးကလေးတွေနဲ့ သူတို့ သံယောဇဉ်ရှိရတဲ့ သခင်တွေမှာ မမြင်နိုင်တဲ့ ကြိုးတစ်ချောင်းတွဲလျက်ရှိနေတတ်တဲ့အကြောင်းကို movie ထဲက weiner ခွေးကလေးရဲ့ အပြုအမူတွေနဲ့ director ရဲ့ ရိုက်ချက်တွေကတဆင့် တွေ့မြင်နိုင်မှာဖြစ်သလို.. ခွေးကလေးရဲ့ ကံကြမ္မာအလှည့်အပြောင်းကြောင့် ..  ပိုင်ရှင်တွေ အဆင့်ဆင့်ပြောင်းလဲခဲ့ရတဲ့နောက်..  စကားမပြောတတ်တဲ့ ခွေးကလေးတစ်ကောင်ရဲ့ အတွင်းစိတ်မှာ.. ဘယ်လိုခံစားချက်မျိုးတွေ ကိန်းအောင်းနေနိုင်မလဲဆိုတာ. GC ပရိသတ်ကြီးအဖြေရှာ ချိန်ညှိနိုင်ကြပါစေခင်ဗျာ... ။ Rating 5.9 နဲ့... လှပပြေပြစ်တဲ့ Comedy drama movie တစ်ခုဖြစ်တဲ့အတွက်ကြောင့် အနားယူချိန်လေးမှာ ဦးနှောက်ဆေး အပန်းဖြေဖို့ ကြည့်ရှုသင့်တဲ့ကားလေးတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါတယ်ခင်ဗျ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]

Reviewed by: Sugar
Translated by: Phoo Phoo
Encoded by: Hein Min Htet
Rating: Imdb 5.9/10
Quality: Brrip 720p
Size: 700MB

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger