Latest Movie :

Recovery (2016) မြန်မာစာတန်းထိုး


Imdb Rating - 5.2/10

မင်္ဂလာပါ၊ 2016 October 28 ကမှ ထွက်ရှိထားတဲ့ Thriller / Horror Movie တစ်ခုကို ထပ်မံတင်ဆက်ပေးလိုက်ပါပြီ။ ခြောက်ခြားဖွယ်ရာ scene တွေ အနည်းငယ်ခက်ထန်ကြမ်းတမ်းတဲ့ ရိုက်ချက်တွေကြောင့် R အဆင့်သတ်မှတ်ခံထားရတဲ့အတွက်ကြောင့်... ခပ်ကြမ်းကြမ်းတွေ ကြိုက်တဲ့ Thriller ပရိသတ်ကြီးအတွက်တော့ စိတ်ကျေနပ်မှု အတိုင်းအတာတစ်ခုအထိ ပေးစွမ်းနိုင်ပါလိမ့်မယ်ခင်ဗျ။

Recovery ရဲ့ ဇါတ်လမ်းသွားဟာ..  Thriller Movie တွေရဲ့ ဇါတ်လမ်းကျောရိုးအတော်များများလို...  လူငယ်တစ်စုရဲ့ မစူးစမ်း မဆင်ခြင်ပဲ အန္တရာယ်ထဲ တိုးဝင်မိခဲ့ကြတဲ့ ဇါတ်လမ်းသွားမျိုးဖြစ်ပါတယ်။ Jessie နဲ့ သူငယ်ချင်းတစ်စု ဟာ. ကျောင်းဆုပေးပွဲမတိုင်ခင် ရှေ့ညမှာ..  ဖုန်းပျောက်လိုက်ရှာဖို့ ထွက်လာခဲ့ကြပါတယ်။ Find My iphone ရဲ့ လမ်းပြမှု နဲ့ လူငယ်ပီပီ အရဲစွန့်လိုတဲ့စိတ်တွေကြောင့် အန္တရာယ်အငွေ့အသက်တွေအပြည့်နဲ့ အိမ်ကြီးတစ်လုံး ထဲကို ချဉ်းနင်းဝင်ရောက်မိခဲ့ကြပါတယ်။ အဲဒီအိမ်ကြီးထဲမှာ..  သူမတို့ အားလုံးကို အပြီးအပိုင်ခေါ်ငင်ထားဖို့ .. ယုတ်စွအဆုံး အားလုံးကို အဆုံးစီရင်ပစ်ဖို့ လက်မနှေးတဲ့..  ကြမ္မာဆိုးတစ်ခု စောင့်ကြိုနေမယ်ဆိုတာသာ သူမတို့ သိရှိခဲ့မယ်ဆိုရင်...... ဇါတ်လမ်းရဲ့ ကျန်နေသေးတဲ့ ဇါတ်ဝင်ခန်းတွေကနေ... အဆုံးသတ်ချိန်အထိ Jessie နဲ့ သူမရဲ့ သူငယ်ချင်းတွေအားလုံး တစ်ယောက်မကျန် ပြန်လည်လွတ်မြောက်နိုင်မှာလား၊ အဲ့ဒီ ကံကြမ္မာဆိုးလို့ ကျွန်တော်တို့ ညွှန်းခဲ့တဲ့ အရာက ဘယ်လောက်တောင် ဆိုးရွားနေနိုင်မလဲ..ဆိုတာ ကို Goldchannel ပရိသတ်ကြီး အဖြေရှာညှိခံစားနိုင်ကြစေဖို့ ..  Translator Hnin Hnin နဲ့ Encoder မ Sinn Sinn တို့ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။

[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]

Reviewed by: Sugar
Translated by: Hnin Hnin
Encoded by: Sinn Sinn
Quality: 720P

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger