Latest Movie :

Chennai Express (2013) မြန်မာစာတန်းထိုး


Chennai Express ဇာတ်ကားဟာ တချိန်ကအိန္ဒိယ၏ ဘောလီးဝုဒ် ရုပ်ရှင်ရပ်ဝန်းတွင် အောင်မြင်မှု အကြီးအကျယ် ရရှိခဲ့တယ်။ ဟင်ဒီရိုးရာဟန် လွှမ်းသော အိန္ဒိယ ရုပ်ရှင်နယ်ပယ်တွင် အထူးတလည် လူကြိုက်များခဲ့သော ဇာတ်ကားဟာ တမီးလ်တို့၏ ယဉ်ကျေးမှုနှင့် ဘာသာစကားကို ထင်ဟပ်စေသည့် ဖန်တီးမှု တစ်ခုလည်း ဖြစ်ပါတယ်။ ထို့အပြင် ဘောလီးဝုဒ်၏ အကောင်းဆုံး ဇာတ်ကား တစ်ခုအဖြစ်လည်း သုံးသပ်ခံထားခြင်းကိုလည်းခဲ့ရပါတယ်။ (၅)ရက်အတွင်း အိန္ဒိယတွင် ဒေါ်လာ (၂၅)သန်းအထက် ရုံဝင်ကြေး ရရှိခဲ့ပြီး ဘောလီးဝုဒ်ဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် ဦးဆောင်နေခဲ့ဘူးပါတယ်။ ရိုက်ကူးရာတွင် ဒေါ်လာ (၁၃)သန်းသာ ကုန်ကျခဲ့သည်။3idoitထက်ဝင်ငွေပိုများခဲ့တဲ့ကားလည်းဖြစ်ပါတယ်လိုပြောလိုက်ပါရစေ။
ဇာတ်လမိးအကြောင်းပြောရမယ်ဆိုရင် ရာဟူးဆိုတဲ့ မိန်းမတွေနဲတခါမှမထိတွေ့ဘူးတဲ့ လူပျိုကြီးတယောက် အသက်ရှစ်နစ်သားလောက်ကတိုင်မိဘတွေ ကားတိုက်မူကြောင့် ဆုံးပါးသွားခဲ့လို အဘိုးအဘွားတွေကမိဘလို စောက်ရှောက်ခဲ့တယ်။အဘိုးဖြစ်သူအသက်တရာပြည်နစ်မှာ ဆုံးပါသွားခဲ့ပြီး အဘွားဖြစ်သူက အရိုးပြာအိုးလေးကို ယမုန်နာမြစ်ထဲမျောပေးပါလို့ ရာဟူးကိုတောင်းဆိုလာတယ်။ ရာဟူးလည်း အဘွားဖြစ်သူစိတ်ချမ်းသာစေဖို့သဘောတူခဲ့တယ်။
ယမုန်နာမြစ်ကမ်းဆီသွားဖို့ ရာဟူးလူပျိုကြီးတယောက် ရထားစီးလာတာပေါ့။အဲချိန်ရထားထွက်နေတာကိုကောင်မလေးတယောက် ပြေးလာရင်းရထားပေါ်ဆွဲတင်ပေးရကနေ ကောင်မလေးနဲရင်းနီးသွားတယ်ပေါ့။ကောင်မလေးနာမည်မီယာ။မီယာက မာဖီယားခေါင်းဆောင်သမီးပေါ့ ခုလည်းအိမ်ကလက်ထပ်ပေးသူနဲမယူချင်လိုထွက်ပြေးလာတာ။ဒါကြောင့် ရာဟူးကိုသူမချစ်သူအဖြစ်ဟန်ဆောင်ပေးပါလို့တောင်းဆိုလာတယ်။တသက်နဲတကိုယ် လူပျိုကြီး ကြောက်လိုအတင်းငြင်းပေမယ် မသက်သာတော့အဆုံး ဟီးးဆက်ပြောနေရင် ဖီးအောက်မှာဆိုးလို့တော်လိုက်ပါပြီနော်။
ဒီကားလေးမှာပရိသတ်တွေခံစားရစေမှာက အချစ်ကလူတယောက်ကိုကောင်းကောင်းကြီးပြောင်းလဲနိင်ပုံနဲ အချစ်သာစစ်ရင်ခက်ခဲ့ပုံ မင်းသားကြီး ရှာရွက်ခန်းရဲ့ comedyဟာသလေးများလည်းခံစားရစေမယ်လိုပြောရင်း အခုပဲခံစားလိုက်ပါတော်နော်။

Reviewed by : Hein Min Htet
Encoded by : KaYit

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger