Latest Movie :

Finding Dory (2016) မြန်မာစာတန်းထိုး


Finding Dory (2016) မြန်မာစာတန်းထိုး
************************ " Hi. I'm Dory. I suffer from short-term memory loss " Finding Dory ထဲက little Dory ရဲ့ ပထမဦးဆုံး နှုတ်ခွန်းဆက်စကားနဲ့တင် ကျွန်တော်တို့ Dory ဟာ ဘယ်လို ငါးကလေးဖြစ်တယ်ဆိုတာနဲ့ သူ့ရဲ့ အတိတ်အကြောင်းအရာ ဘယ်လိုရှိမယ်ဆိုတာကို တစ်ခါတည်း ချိတ်ဆက်ထိမိအောင် ဇါတ်ကြောင်းထဲ ပို့ဆောင်သွားတယ်လို့ ခံစားရပါတယ်။ Dory ဟာ ၁၀ စက္ကန့် တစ်ခါလောက် မေ့နေတတ်တယ်လို့ ပြောရလောက်အောင် အမေ့သန်တဲ့ ငါးမလေးတစ်ကောင် ဖြစ်တယ်ဆိုတာကို နောက်ပိုင်း scence တွေမှာ တစ်ဆင့်ပြီးတစ်ဆင့် ရှုမြင်ကြရမှာ ဖြစ်ပါတယ်ခင်ဗျ။။ သူမ ဘ၀ မှာ စွဲစွဲမြဲမြဲ မှတ်မိတဲ့ အရာဆိုလို့.. သူမရဲ့ မိဘတွေနဲ့ ဘယ်လို ဝေးကွာခဲ့ရတယ်ဆိုတဲ့ အကြောင်းပဲ သံမှိုစွဲသလို မှတ်မိနေတယ်ဆိုတာကနေ Pixar ရဲ့ ထုံးစံ Drama ဘက်ကို စတင်ချိးချလာပါတော့တယ်။ 2016 ကားသစ် တစ်ကား ဖြစ်တဲ့အတွက် spoiler ဖြစ်သွားမှာ စိုးတဲ့အတွက် ဇါတ်အိမ် ဇါတ်ညွှန်းအကြောင်းကို ဒီလောက်နဲ့ပဲ ချန်လှပ်ထားပါရစေ ခင်ဗျ။ Dory ရဲ့ Pixar နဲ့ Walt Disney ရဲ့ ပူးပေါင်းထုတ်လုပ်လိုက်တဲ့ Finding Dory ဟာ ... 2003 Nemo တုန်းကလိုတော့ Awards တွေ တသီတတန်း မဆွတ်ခူးနိုင်တော့ဘဲ.. Teen choice Movie award နဲ့ World Best Sountrack awards ကိုသာ ဆွတ်ခူးနိုင်ခဲ့တာကို ကြည့်ခြင်းအားဖြင့်.. Nemo ကို နင့်နင့်သီးသီး ကြိုက်ခဲ့ကြတဲ့ သက်လတ်ပိုင်း ၀ါရင့်ရုပ်ရှင်ဂျပိုးများထက်.. လူငယ်ပိုင်းထဲက ပိုမိုကြိုက်နှစ်သက်ကြမယ်လို့ တွေးထင်မိပါတယ်။ တစ်ဖန်... Animation ရဲ့ အရသာကို ကောင်းကောင်းမွန်မွန် မျက်စိပသာဒ ခံစားလိုသူများအတွက်ကတော့ .. Finding Dory ဟာ ရေအောက်ကမ္ဘာရဲ့ အလှကို ရင်သပ်ရှုမော ဖန်တီးပြုလုပ်ချက်တွေ တနင့်တပိုးကြီး တွေ့ရှိရမှာ ဖြစ်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ Goldchannel အနေနဲ့ Pixar Movie တွေကို Tier ခွဲပြီး ပြောရမယ်ဆိုရင် Finding Nemo ဟာ Top-Tier ထဲပါဝင်ပြီး Finding Dory ကတော့.. Mid-Tier ထဲ ထည့်သွင်းရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Finding Dory ဟာ Animation Hard-core fan တွေအတွက်တော့.. စိတ်တိုင်းကျကျေနပ်စရာ နဲ့ မိသားစု အပန်းဖြေ ဇါတ်ကားကောင်းလေးတစ်ကောင်းဖြစ်တယ်ဆိုတာတော့.. ငြင်းချက်ထုတ်စရာမရှိပါဘူးခင်ဗျ။ Goldchannel ပရိသတ်ကြီးအတွက် ကို Scarlet Phoenix မှ မြန်မာဘာသာသို့ အချောမွတ်ဆုံး ဖြစ်အောင် ဘာသာပြန်ဆိုထားပြီး Encoder Hein Min Htet မှ .. တင်ဆက်ပေးထားပါတယ်ခင်ဗျ။ [ ရွှင်လန်းချမ်းမြေ့ကြပါစေ ] Reviewed by - Sugar Translated by - Scarlet Phoenix Encoded by - Hein Min Htet Imdb rating - 7.7/10 Quality - BRRip 720p 800MB

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger