Latest Movie :

The Maid (2005) မြန်မာစာတန်းထိုး


The Maid (2005) မြန်မာစာတန်းထိုး

သရဲကားဆို အရှေ့တိုင်းအယူအဆတွေကိုပဲ ပိုသဘောကျဖြစ်တဲ့အတွက် အနောက်တိုင်းမကောင်းဆိုးဝါး၊ မိစ္ဆာအယူအဆတွေထက်ဝိဥာဉ်ဇာတ်ကားကောင်းကောင်းတွေထွက်တဲ့အရှေ့တိုင်းရုပ်ရှင်တွေဟာ အာရှတိုက်သားတွေအတွက် ပိုပြီး ခြောက်ခြားစရာရသကိုပေးတယ်လို့ယူဆပါတယ်။ ဒီရုပ်ရှင်ကတော့ စင်ကာပူနိုင်ငံထုတ်ရုပ်ရှင်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသူတစ်ယောက် စင်ကာပူမှာ အိမ်စေအဖြစ်လုပ်ကိုင်ရာကနေကြုံရတဲ့အဖြစ်အပျက်တွေကို ရိုက်ကူးပုံဖော်ထားတာပါ။ တရုတ်ရှေးရိုးရာအယူအဆမှာ တရုတ်ပြက္ခဒိန်ခုနှစ်ခုမြောက်တိုင်း ငရဲပြည်ရဲ့တံခါးတွေပွင့်ပြီးသေသူတွေရဲ့ ၀ိဥာဉ်တွေဟာ လူ့ဘုံလူ့လောကကိုရောက်ရှိလာကြတယ်လို့ ယူဆပါတယ်။ ၁၈ နှစ်သမီး ဖိလစ်ပိုင်သူကလေးဟာ အဲဒီခုနစ်လပိုင်းရဲ့ ပထမဆုံးနေ့မှာပဲ အိမ်ဖော်အဖြစ်စင်ကာပူကိုရောက်ရှိလာခဲ့ပြီး သဘောကောင်းတဲ့အဲဒီအိမ်ရှင်တွေမှာ စိတ်မကျန်းမာသူ သားတစ်ယောက်လည်း ရှိနေခဲ့ပါတယ်။ ဇာတ်လမ်းက အဲဒီကနေစိတ်လှုပ်ရှားစရာတွေများလာခဲ့ပြီး အရင်က အဲဒီအိမ်ကြီးမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေ၊ သူ့လိုပဲအိမ်ဖော်တစ်ယောက်ရှိခဲ့ဖူးတာတွေသိလာရပြီး နောက်ပိုင်းမှာတော့ သူ့အသက်အန္တရာယ်အတွက်ပါ ရုန်းကန်ရတော့တဲ့အထိဖြစ်လာတဲ့အခါမှာတော့....
IMDB 5.9 metacritic မှာ 82 ရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားမို့ ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်နော်။


Translated by: Kat Pote Pote
Encoded by: Eric MK

Download HD 900MB
Download Small Size 650MB



Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger