Latest Movie :

The Rise of Tom Boy (2016) မြန်မာစာတန်းထိုး


မိုးအေးအေးလေးနဲ့ ကြည်နူးစရာ ဟာသ အချစ်ကားကောင်းလေးတခုကို စောင်လေးထဲကွေးပြီး ခံစားလိုက်အောင်လား။

ဇာတ်လမ်းအစလေးမှာ ရှီုးဝူးဆိုတဲ့ သချာင်္ကျောင်းသူလေးက အချစ်စစ်ကိုသချာင်္နည်းနဲရှာဖွေဖို့  formulaရေးဆွဲနေတဲ့ ကောင်မလေးတယောက်ပါ။ သူရဲ့ formulaနည်းနဲ့ သူအခန်းဖော်လီလီကိုစမ်းသာတာ လည်းအောင်မြင်သွားတာမို့ ယုံကြည်မူရှိပြီး ဆက်လက်သုတေသနပြုဖို့ကျောင်းကို
တောင်းဆိုခဲ့တယ်။ဒါပေမယ့်လည်း ကျောင်းကသဘောမတူ၊ ဒါနဲ့ ကျောင်းတွေဆုံပွဲမှာ သူ့ရဲ့ ဖော်မြူလာမှန်ကန်ကြောင်း သူသယ်ချင်းလီလီဖုန်းဆက်သက်သေခံခဲ့တယ်။  လီလီက ရည်းစားနဲပြတ်လို့သက်သေမလိုဆိုပြီး မိုက်သံကြီးနဲ့အကျယ်ကြီးထွက်လာတာကြောင့် လှောင်ပြောင်ခံထိခဲ့တာပေါ့။
ယုံကြည်ချက်ရှိတဲ့ ရှီုးဝူလေးက လက်မလျော့ပဲ သူformulaမှန်ကန်ကြောင်းသက်သေပြဖို့သူကိုယ်တိုင်စမ်းသပ်ပြီး ဖူးစာရှင်ကို ရှာဖွေဖို့လုပ်တယ်။ ကံဆိုးစွာပဲ ပေကျင်းမြိုမှာ ဖူးစာရှင်ရှိကြောင်း formulaကထွက်ပေါ်နေတာကြောင့် ပေကျင်းကို ရင်လေးတခုန်ခုန်နဲ့ ထွက်လာခဲ့တာပေါ့။ ပေကျင်းမှာ ယီစိရိလိုခေါ်တဲ့ ကောင်လေးနဲ့ မတော်တဆ အိတ်မှားသွားရာကနေ နေစရာမရှိပဲ  ကောင်လေးအိမ်မှာ ခိုကပ်နေရင်း သူမရဲ့Formula ထဲက ဖူးစာရှင်ကိုရှာဖွေတော့ပါတယ်။
ကဲ...ပရိသတ် ကြီးရေ...
ရှီးဝူးလေးရဲ့ ဖူးစာဖက်ဟာ သူ့ဖော်မြူလာထဲအတိုင်း ဖြစ်မလား...
ဖူးစာဖက်ဆိုတာ ဖော်မြူလာရှိလား...
ဒီအတိုင်း နှလုံးသားထဲအတိုင်းဖြစ်လာတဲ့ခံစားချက်လားဆိုတာ.....ဒီကားလေးထဲမှာ စိတ်ဝင်တစားနဲ့ ကြည့်ရှု့အားပေးကြပါဦးနော်....😉😉😉😉

Translate by: Winnie Ngoon
Review & Encode by: Hein Min Htet
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger