Latest Movie :

Luke Cage (2016) မြန်မာစာတန်းထိုး



Marvel’s Luke Cage (2016)

Marvel ဟာCinematic Universe ကို တဖြည်းဖြည်းချဲ့ထွင်ပြီးတစ်ကား နဲ့ တစ်ကား ချိတ်ဆက်လာခဲ့ရာမှာနောက်ဆုံးထွက်ခဲ့တဲ့Captain America : Civil War မှာCinematic Universe ရဲ့ ချိတ်ဆက်မှု အရှိန်အဟုန် ကို ပြသနိုင်ခဲ့ပါတယ် ..အဲ့ဒီထဲမှာမှ TimeLine အတူတူပဲ ဖြစ်ပေမယ့် တစ်ကားနဲ့တစ်ကား အရိပ်အရောင်မျှပဲ ချိတ်ဆက်ထားတဲ့ TV Series တွေလည်း ရှိနေပါသေးတယ် ..

အဲ့ဒါတွေကတော့Agents of S.H.I.E.L.D .. Marvel’s DareDevil .. Marvel’s Jessica Jones တို့ပဲ ဖြစ်ပါတယ် .. အခု2016 ထဲမှာ DareDevil Season II ရဲ့ အောင်ပွဲခံမှု နောက် ဆက်တိုက်ဆိုသလို နောက်ထပ်Hero အသစ် Luke Cage ကို
ထပ်မံ ပွဲထုတ်လာပြန်ပါပြီ

Luke Cage ဆိုတာComic သမားတွေအတွက်တော့ အထူးအဆန်းမဟုတ်ပေမယ့် Cinematic Universe ကိုပဲအားပေးခဲ့ကြတဲ့
ပရိတ်သတ်တွေအတွက် Luke Cage ကို နည်းနည်းမိတ်ဆက်ပေးချင်ပါတယ် ..
Luke Cage ကိုArchie Goodwin .. John Romita နဲ့George Tuska တို့ က ပူးတွဲဖန်တီးခဲ့ပြီး ၁၉၇၂ဂျွန်လ မှာ Luke Cage, Hero for Hire #1 နဲ့ Comic လောကကို စတင်မိတ်ဆက်ခဲ့ပါတယ် ..
လူမည်းအသားပေးလူစွမ်းကောင်း ဇာတ်ကြောင်းဖြင့် ထုတ်ဝေခဲ့ပါတယ် ..
Luke Cage ရဲ့Hero Name ကတော့ Power Man ပါ

နောက်ပိုင်းမှာLuke Cage ဟာ Iron Fist တွဲပြီး Power Man and Iron Fist ဆိုပြီး Comic တွေဆက်တိုက်ထွက်ရှိခဲ့ပါတယ်

၂၀၀၅ မှာတော့ Luke Cage ဟာ New Avengers ထဲမှာ ပါဝင်လာခဲ့ပါတယ် ..
အဲ့ဒီနောက်မှာတော့.. အရင် SuperVillians အဖွဲ့ကို  ပြန်လည်ပြုပြင်ဖွဲ့စည်းလိုက်တဲ့
Thunderbolts အဖွဲ့ကိုဦးဆောင်ခဲ့ပါတယ် ...

Luke Cage ရဲ့စွမ်းအားတွေကို ပြောရရင် အဓိက ကတော့ ထိုးဖောက်ဖျက်စီးမရတဲ့အရေပြားနဲ့ နိုင်းဆမရတဲ့ခွန်အား တွေပါ .. Unbreakable Skin နဲ့ Superhuman Strength ပေါ့ ..
အခုSeries က တော့ ရှေ့ ကထွက်ခဲ့တဲ့ Jessica Jones စီးရီး နဲ့တိုက်ရိုက်ချိတ်ဆက် ထားပါတယ် ..ဇာတ်လမ်းအကျဉ်းပြောရရင်တော့

Luke Cage ဟာဖြစ်ပျက်ခဲ့သမျှတွေကို ရှောင်ထွက်ရင် ကွယ်လွန်သွားပြီးဖြစ်တဲ့ ဇနီးဟောင်း ရဲ့ နေရပ်မြို့ဟာလမ် ကိုပြန်လာပြီး
ဇနီးဖြစ်သူရဲ့ ဦးလေး Pop ရဲ့ ဆံသဆိုင်မှာတောက်တိုမယ်ရ ၀င်လုပ်ကာ ဇာတ်မြှုပ်နေထိုင်ခဲ့ပါတယ်..

သူ့ရဲ့စွမ်းအားတွေကို တက်နိုင်သမျှ သိုဝှက်ရင်းနဲ့ သာမန်လူသား တစ်ယောက်လိုပဲ ရပ်တည်ပြီး ရုန်းကန်နေထိုင်ပါတယ် .. သို့ပေမယ့်
ပြဿ     နာ ဆိုတာကလည်း ကင်းအောင် နေချင်ကာမှ ကိုယ့်ကို မတွေ့တွေ့အောင် ရှာတတ်တဲ့ သဘောအတိုင်း Luke Cage ရှေ့ကို
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာချိန်မှာတော့မြို့ မျက်နှာဖုံးစည်ပင်ကောင်စီဝင် လူကြီး ဖြစ်နေနေ .. ဟာလမ်တစ်မြို့လုံး
ဖိန့်ဖိန့်တုံအောင်ကြောက်ရတဲ့လူမိုက်ခေါင်းဆောင်ကြီးဖြစ်နေနေ ..ခါတိုင်းလို ရှောင်မထွက်တော့ဘဲ ထိပ်တိုက်ရင်ဆိုင်ဖို့ ဖြစ်လာရပြီး ..အတိတ်ရဲ့ အရိပ်ဆိုးတွေ ကိုတစ်ပါတည်း ဖြေရှင်းဖို့ လိုလာပါတော့တယ် ..

Luke Cage ဟာဒီ TimeLine ထဲက နောက်ဆုံး မဟုတ်သေးပါဘူး.. ရှေ့နှစ်ထဲမှာ Luke Cage ရဲ့ Homie ဖြစ်တဲ့ Iron Fist ထွက်လာဦးမှာ ဖြစ်သလိုDareDevil .. Jessica Jone .. Luke Cage .. Iron Fist နဲ့Punisher တို့ တစုံတညီတည်းပါဝင်တဲ့The Defenders လည်း ထွက်လာဦးမှာ ဖြစ်ပါတယ် ..

အဲ့ဒီတော့.. နောက်ထွက်လာမှာတွေကိုHype ဖြစ်ရင်းနဲ့ .. အခု Luke Cage ဇာတ်လမ်းတွဲကို

ခံစားအားပေးကြည့်လိုက်ကြဦးစို့လား….

Reviewed & Translated by : Maung Kaung
Encoded by : Allen

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger