Latest Movie :

The Punisher 2004 (မြန်မာစာတန်းထိုး)

အခုတစ်ခါ GC ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တာကတော့ 2004 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Publisher ဆိုတဲ့ အက်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်
ဒီဇာတ်ကားဟာ Marvel ရဲ့ လူကြိုက်များခဲ့တဲ့ Comics Book "The Punisher" ကို ရုပ်ရှင်အဖြစ်ပြန်အသက်သွင်းထားတာဖြစ်ပါတယ်
သိကြတဲ့ အတိုင်း Marvel ဆိုကတည်းက ဇာတ်လမ်းဇာတ်သွား ကောင်းမကောင်း ပြောနေစရာတောင် လိုမယ်မထင်တော့ပါဘူး
ဒေါ်လာ ၃၃ သန်းအကုန်အကျခံ ရိုက်ကူးခဲ့တဲ့ ဒီကားဟာဆိုရင်ဖြင့် ဒေါ်လာ ၅၄ သန်းအထိ အမြတ်အစွန်းရရှိခဲ့ပြီး box office မှာ သူ့ခေတ်သူ့အခါအနေနဲ့ အောင်မြင်မှုကြီးမားခဲ့ပါတယ်
အပစ်အခတ်ကြမ်းကြမ်းတွေ အက်ရှင်ခပ်မိုက်မိုက်တွေနဲ့ ဇာတ်ကားကောင်းကောင်းမျှော်လင့်နေသူတွေ အတွက် ဘဝင်ခိုက်စေမှာ မြေကြီးလက်ခတ်မလွဲပါဘူး

FBI အေးဂျင့်တစ်ယောက်ဖြစ်တဲ့ Castle အနေနဲ့ ဒုစရိုက်ဂိုဏ်းခေါင်းဆောင် Saint ရဲ့သားဖြစ်သူကို သတ်လိုက်မိတဲ့အခါမှာ Saint အနေနဲ့ သားဖြစ်သူအတွက် သွေးကြွေးဆပ်ဖို့ ကြိုးစားပါတော့တယ်
သားကိုသတ်တဲ့ FBI အေးဂျင့်ကို မရမက စုံစမ်းပြီး အသေသတ်ဖို့ အမိန့်ပေးလိုက်ပေမယ့် Saint ရဲ့ ဇနီးဖြစ်သူ Livia က Castle ရဲ့မိသားစုကိုပါ လက်စတုံးအသေသတ်ဖို့ ထပ်ဆင့် ညွှန်ကြားလိုက်ပါတယ်
ဒီအခါမှာ Saint ရဲ့ ညာလက်ရုံးဖြစ်သူ Glass ရဲ့ ခေါင်းဆောင်မှုနဲ့ Castle တစ်မိသားစုလုံး သွေးချောင်းစီး အသတ်ခံလိုက်ရပါတော့တယ်
မိသားစုတစ်ခုလုံးကို မမျှော်လင့်ဘဲ ဆုံးရှုံးလိုက်ရတဲ့ Castle သေလုမျောပါးဒဏ်ရာတွေနဲ့ Castle တစ်ယောက် ဒဏ်ရာတွေ ပြန်လည်သက်သာလာချိန်မှာတော့........

ရန်သူရဲ့ အင်အားကို လှည့်ကွက်တွေနဲ့ ဖြိုခွင်းပြီး ရက်ရက်စက်စက် ကလဲ့စားချေဖို့ ကြိုးစားပုံတွေက ပရိသတ်ကို ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားနိုင်မယ်ဆိုတာတော့ အသေအချာပါပဲ.။

Review by: hTaG
Encode by: Zaw Htet Naing

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger