Latest Movie :

A Bug's Life (1998) မြန်မာစာတန်းထိုး


A Bug's Life (1998) မြန်မာစာတန်းထိုး

Snowy Shane ဒီဇာတ်လမ်းကြည့်ရင်းနဲ့ ငယ်ငယ်ကကျောင်းမှာသင်ဖူးခဲ့တဲ့ ပုရွက်ဆိတ်နဲ့နှံကောင်ဆိုတဲ့အကြောင်းကို သွားသတိရမိပါတယ်။ ဒီဇာတ်လမ်းကို ငယ်ငယ်ကတည်းကကြည်ဖူးခဲ့ပြီးအရမ်းလည်းကြိုက်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ဖလစ်ဆိုတဲ့ ပုရွက်ဆိတ်တစ်ကောင်ဟာ တီထွင်ဖန်တီးမှုကိုအရမ်းစိတ်ဝင်စားပြီး သူများနဲ့မတူတဲ့အတွေးအခေါ်ရှိတဲ့ သူတစ်ယောက်ဖြစ်သလို အရမ်းလဲ နမော်နမဲ့နိုင်ပါတယ်။ကိုလိုနီလက်အောက်ခံဖြစ်တဲ့ပုရွက်ဆိတ်တွေဟာ နှံကောင်တွေအတွကအစာထောက်ပံပေးရတယ်။တစ်နေ့နှံကောင်တွေအတွက်စုဆောင်းထားတဲ့အစာတွေဟာ ဖလစ်ကြောင့် ဆုံးရှုံးသွားတဲ့အခါမှာတော့ နှံကောင်တွေရဲ့ခေါင်းဆောင်ဖြစ်သူ ဟောပါက ဆုံးရှုံးသွားတဲ့အစာတွေအတွက်နှစ်ဆထပ်ပြီးစုဆောင်းပေးဖို့တောင်းဆိုတယ်။ ဒါပေမယ့် နှံကောင်တွေတောင်းဆိုတဲ့ အစာတွေကို စုဆောင်းပေးလိုက်ရင် ပုရွက်ဆိတ်တွေအတွက်မိုးတွင်းစာ အစာမရှိဖြစ်ပြီး ဒုက္ခဖြစ်ကြတော့မှာ။ ဒါနဲ့ပဲ ဖလစ်ကမြို့တက်ပြီး နှံကောင်တွေကို တော်လှန်တိုက်ခိုက်ရန်အတွက် သူရဲကောင်းလိုက်ရှာပါတော့တယ်။ ဖလစ်က သူတို့ကိုကူညီနိုင်မယ့်သူရဲကောင်းတွေကိုရှာတွေပြီး သူတို့ပုရွက်ဆိတ်တွေရဲ့ ဘဝကိုကယ်ဆယ်နိုင်မလားဆိုတာကို တော့ ဇာတ်လမ်းထဲမှာပဲခံစားကြည့်ကြပါ။

Reviewed & translated by: Snowy Shane
Encoded by: Sinn Sinn

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger