Latest Movie :

Salut d'Amour (2015) မြန်မာစာတန်းထိုး



Salut d'Amour (2015) မြန်မာစာတန်းထိုး
မင်္ဂလာပါ.. Goldchannel ပရိသတ်ကြီး...
Imdb 7.2 နဲ့ Rotten tomatoes 100% .ရရှိခဲ့တဲ့.. korean movie တစ်ခုနဲ့ 
မိတ်ဆက်ပေးပါရစေခင်ဗျ Comedy drama romance အမျိုးအစားဆိုတော့
စိတ်လက်ပေါ့ပေါ့ပါးပါး နဲ့ အနားယူချိန်ကလေးမှာ ကြည့်ရှုအပန်းဖြေနိုင်ပါတယ်။
( Salut d'Amour ဆိုတာ ပြင်သစ်ဘာသာစကားနဲ့ အချစ်သို့ နှုတ်ခွန်းဆက်သခြင်း လို့ မြန်မာဆန်ဆန် အဓိပ္ပာယ်ဖွင့်ဆိုရမယ် ထင်ပါတယ်။ 1888 ခုနှစ်က
Edward Elgar ရဲ့ တေးသွားတစ်ပုဒ် အမည်လဲ ဖြစ်ပါတယ်။ Violin နဲ့ Piano
solo တွေအများစုမှာ ကြားရလေ့ ရှိတဲ့ တေးသွားတစ်ပုဒ်ပါ။ )
ပရိသတ်ရင်ထဲမှာ နေရာယူခဲ့တဲ့ My Way movie ရဲ့ ဒါရိုက်တာ Kang je-gyu
ရဲ့ သေသပ်လှပတဲ့ ရိုက်ချက်တွေနဲ့... အရွယ်လွန်နှလုံးသားတွေထဲက
အချစ်ကို ကျွန်တော်တို့ စာနာနားလည်ကြည့်ကြရအောင်ပါ။
ဇါတ်လမ်းအကျဉ်းအနေနဲ့... - Sung-Chil ဟာ.. မျက်နှာထားဆိုးဆိုးနဲ့ စိတ်ဆတ်တဲ့ ဦးလေးကြီးတစ်ယောက်ဖြစ်ပါတယ်။ Jang soo ဆိုတဲ့
သူငယ်ချင်းတစ်ယောက်ရဲ့ စူပါမားကတ်မှာအလုပ်ဝင်လုပ်ရင်း ဘ၀ကို အထီးကျန်စွာ ဖြတ်သန်းနေရတဲ့သူတစ်ယောက်ပါ။ ဒီလို သူ့ရဲ့ ခြောက်သွေ့နေတဲ့
ဘ၀လေးထဲကို Geum-Nim ဆိုတဲ့ သက်တူရွယ်တူ အန်တီကြီး တစ်ယောက်
ဝင်ရောက်လာတဲ့အခါ... .. အချစ်ဆိုတဲ့အရာ အောက်မှာ သူ့ရဲ့ဘ၀ကြီး
ပြန်လည် စိုပြည်လာခဲ့ပါတော့တယ်။ ဒါပေမယ့် ဦးလေး Sung-Chil ရဲ့
မေတ္တာကို အန်တီ Geum-Nim က တုံ့ပြန်မှာလား၊ သူတို့ နှစ်ယောက်ကြားထဲမှာ ဘယ်လိုအဖျက်အမှောင့်တွေ ၀င်လာမလဲ ဆိုတာ... ..
Shanhai International Movie Festival မှာ ဒီရုပ်ရှင်က Golden Goblet
Award nomination တစ်ပြေး ခဲ့တဲ့ ဇါတ်ကားတစ်ကား ဖြစ်တဲ့အတွက်ကြောင့်
Korea movie fan တစ်ယောက် မဟုတ်ခဲ့ရင်တောင်မှ ကြည့်ရှုသင့်ကြောင်း
တိုက်တွန်းလိုပါတယ်။
[ ရွှင်လန်း ချမ်းမြေ့ကြပါစေ ]



Review by: Gemini Sugar
Translate by: Winne Ngoon
Encode by: Eric Min Khant
Quality :720P HD


Watch & Download HD 900MB
Watch & Download Small File  650MB
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger