Latest Movie :

7 Hours to go ( 2016 ) မြန်မာစာတန်းထိုး






မင်္ဂလာပါ ရုပ်ရှင်ချစ်သူအပေါင်းတို့ခင်ဗျာ၊ ဒီတစ်ခါ ကျွန်တော်တို့ရဲ့ Gold channel team မှ Bollywood movie fans တွေအတွက် up-to-date ဇါတ်လမ်းလေးတစ်ပုဒ်ကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ် အခြားသော Movie fans
တွေ အတွက်လဲ taste တစ်မျိုးလေး ပြောင်းခံစားကြည့်ကြရတာပေါ့ဗျာ

Bollywood movie တွေ တင်ပေးပါဆိုတဲ့ request တွေအတွက် Translator
Tony Vlaf မှ အားသွန်ခွန်စိုက်ကို ဘာသာပြန်ထားပေးတာပါခင်ဗျ
Rating 6.5 အထိရရှိထားတဲ့အတွက်ကြောင့်မို့ ဇါတ်လမ်းဇါတ်ကွက်ကတော့ အထူး ညွှန်းစရာမလိုအောင် ကောင်းမွန်ပြီးသားဖြစ်ပါတယ်။ 2013 ကထွက်ရှိပြီး အတော်လေး လူကြိုက်များခဲ့တဲ့ Mickey Virus ရဲ့ ဖန်တီးရှင် ဒါရိုက်တာ Saurabh Varma ကိုယ်တိုင် ဇာတ်ညွှန်းရေးသားရိုက်ကူးထားခြင်း ဖြစ်ပါတယ်ခင်ဗျ။ ဇာတ်လမ်းတစ်ခုလုံးမှာ ရိုးစင်းတဲ့ရိုက်ချက်များကိုသာ အသုံးပြုခဲ့ပေမယ့်
ဇါတ်ကြောင်းအသွားအလာ ဇါတ်အိမ်ဖွဲ့စည်းမှုမှာတော့...  အတော်လေးဆွဲဆောင်မှုရှိတဲ့ movie တစ်ခုပါပဲ။ ( Hollywood movie တစ်ခုဖြစ်တဲ့ Man on a Ledge နဲ့ အနည်းငယ် ခပ်ဆင်ဆင်ရှိနေတာကလွဲလို့.. :D)
ဇါတ်လမ်းအကျဉ်းအနေနဲ့... Arjun Ranavat ဆိုတဲ့ လူတစ်ယောက်ဟာ ဘုံဘေတရားရုံးထဲ တဇွတ်ထိုးဝင်ပြီးဓါးစာခံ ၇ ယောက်ကို ဖမ်းဆီးသွားခဲ့ပါတယ်။ အဂတိလိုက်စားတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ရဲ့ လက်ပူးလက်ကြပ် ဖမ်းနိုင်မယ့် သက်သေအထောက်အထားတွေ ကို ၇နာရီအတွင်း ရှာဖွေဖို့ နဲ့ ... မရှာဖွေနိုင်ရင် တစ်နာရီ တစ်ယောက်နှုန်းနဲ့ သတ်ပစ်မယ့်အကြောင်းကို ခြိမ်းခြောက်တောင်းဆိုခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ နာရီလက်တံနဲ့အမျှ ဒီလူကို အမိဖမ်းနိုင်မလား... သူခိုင်းသလိုရော တစ်ဖက်က လုပ်ပေးနိုင်ခဲ့သလား ဆိုတာကို ကျွန်တော်တို့ ဆက်လက်အဖြေရှာကြည့်ကြတာပေါ့ဗျာ....

အရုပ်ပိုင်း အသံပိုင်းဆိုင်ရာ အထူးကောင်းမွန်ဖို့ နဲ့ အရသာမပျက်ကြည့်ရှုနိုင်ဖို့
Goldchannel မှ အထူးကြိုးစားတင်ဆက်ပေးလိုက်ပါတယ်။

 (  ရွှင်လန်းချမ်းမြေ့ကြပါစေ )

Review by Gemini sugar
Translte by: Tony Vlad
Encode by: Hein Min Htet


Watch & Download HD 

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger