Sleeping with Other People (2015) မြန်မာစာတန်းထိုး
Sleeping with Other People (2015) မြန်မာစာတန်းထိုး
အချစ်ဆိုတာ ရင်ခုန်မှ ဆွတ်ပျံ့ကြည်နူးဖွယ်ရာကောင်းမှ ဖြစ်ပေါ်လာတတ်တဲ့ခံစားချက် မျိုးမဟုတ်ပဲ လက်တွေ့ကျတဲ့ ဆက်ဆံရေးသံယောဇဉ်ကနေ ခိုင်မာတွယ်ရစ်တတ်တဲ့ အချစ်တစ်ခုဖန်တီးနိုင်ခဲ့တယ်ဆိုတာ ဒီဇာတ်လမ်းမှာတွေ့မြင်ရမှာပါ.။ ယောက်ျားပေါင်းများစွာနဲ့ အတူအိပ်စက်ခဲ့ဖူးပြီး လိင်သာယာမှု့နှင့် အချစ်ဆိုတာကိုမှားယွင်း ရှာဖွေခဲ့မိတဲ့ မိန်းမချောလေးတစ်ယောက်ကို ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းအဆန်းလေးဆို မိတ်ဆွေတို့ သဘောကျနှစ်ခြိုက်ကြလိမ့်မယ်ထင်ပါတယ်.။ အချစ်ဇာတ်လမ်းအနေနဲ့သာမက R rated 18+ ဇာတ်ကားကောင်းတစ်ကားအနေနဲ့ပါ စိတ်လှုပ်ရှားဖွယ်ခံစားရမှာဖြစ်ပြီး ဟာသလေးပါနှောလို့ တင်ဆက်ထားပါတယ်.။
2015 ခုနှစ်ထုတ် ဒီဇာတ်လမ်းလေးမှာ လိုင်နီနဲ့ ဂျိတ် တို့နှစ်ဦးဟာ အချစ်ရေးမှာ ကံမကောင်းခဲ့တဲ့ သူနှစ်ဦးဖြစ်ကြပါတယ်.။ ယောကျာ်းပေါင်းများစွာနဲ့ အတူ အိပ်ယာထဲ ပျော်ပါးခဲ့ဖူးတဲ့လိုင်နီ၊ သူမရဲ့ သူငယ်ချင်းကောင်းတစ်ဦးအဖြစ် အမြဲရှိနေပေးခဲ့တဲ့ ဂျိတ်တို့ဟာ ဘ၀ရဲ့ ဟာသဆန်တဲံ ဒုက္ခအထစ်အငေါ့အခက်အခဲတွေကို အတူတကွခံစားလိုက်ကြရတဲ့အခါမှ တဖြည်းဖြည်းပိုနားလည်လာကြပြီးနောက် ဘယ်လိုမျိုးအချိုးအကွေ့တွေဖြစ်လာမလဲဆိုတာခံစားကြရမှာပါ။
IMDB 6.5 ရရှိထားပြီး totten tomatoes မှာ ၆၅% ဖြစ်တဲ့ဇာတ်ကားလေးမို့ ဒီညချမ်းလေးမှာ ဟာသအချစ်ဇာတ်လမ်းကောင်းကောင်းလေးနဲ့ အနားယူလိုက်ရအောင်ပါ။
Review by: Scarlet Phoenix
Encode by: Mg Moe Tain
Watch & Download Here 800MB
Post a Comment