Latest Movie :

Diving into the unknown(2016) ( မြန်မာစာတန်းထိုး)


Diving into the unknown(2016) ( မြန်မာစာတန်းထိုး)

စွန့်စားခြင်းကိုပဲ အရသာတစ်ခုလို တစိုက်မတ်မတ် စွဲလမ်းနှစ်ခြိုက်ကြသူတွေရှိပါတယ်။ထူးခြားတဲ့ ဂူတွေထဲကို စွန့်စားရှာဖွေတတ်ကြတဲ့ Cave Divig သမားတွေလည်း အပါအ၀င်ပေါ့။ ဒီဇာတ်ကားသစ်မှာတော့
Cave Divers တစ်စုရဲ့ စွန့်စားခန်းတွေကို မြင်တွေ့ရမှာဖြစ်ပြီး စွန့်စားခြင်းရဲ့နောက်ကွယ်က အန္တရာယ်၊ စွန့်စားသူတိုင်းရဲ့ အိပ်မက်ဆိုးကို မျက်ဝါးထင်ထင်
မြင်တွေ့လိုက်ရတဲ့ စွန့်စားသူတွေရဲ့ အဖြစ်အပျက်တွေကို တစ်စက္ကန့်လေးမှ အချိန်ဆွဲထားတာမျိုးမရှိပဲ စိတ်လှုပ်ရှားစွာခံစားရမှာဖြစ်ပါတယ်။
သူတို့အဖွဲ့ဝင်တွေထဲက နှစ်ဦးဟာ နော်ဝေနိုင်ငံရဲ့ ဂူတစ်ခုအတွင်းပိုင်းထဲ ပြုတ်ကျသေဆုံးသွားတဲ့အခါ ဒီအလောင်းတွေကို ဒီတိုင်းထားခဲ့မလား၊ ပြန်သယ်မလား
ဆုံးဖြတ်ရာမှာ ကျန်ရစ်သူတွေကိုထောက်ရှုလို့ ပြန်သယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် အန္တရာယ်များလှတဲ့ အတွင်းပိုင်းထဲထိ ဘယ်လိုဆင်းကြမလဲ၊
ရုပ်အလောင်းကိုသယ်ဖို့လုပ်ရင်း တခြားအဖွဲ့ဝင်တွေကိုပါ ဆုံးရှုံးလိုက်ရရင်ရော... စသဖြင့် ဘေးရန်တွေကြားထဲက စွန့်စားသူတွေရဲ့ဘ၀၊ စွန့်စားသူတွေရဲ့
ရဲရင့်တဲ့စိတ်ထားကို အကောင်းမွန်ဆုံးပြသထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ စွန့်လွှတ်မှုတွေ အကြောက်အလန့်ကင်းတဲ့စိတ်တွေနဲ့ မမြင်ရသေးတဲ့ အမှောင်ထုထဲက အန္တရာယ်တွေ
ကြားထဲမှာ လူသားချင်းစာနာမှု ၊ ထောက်ထားကိုယ်ချင်းစာမှုတွေနဲ့ ဒီရုပ်ရှင်ကားဟာ IMDB 7.2 ရရှိထားပြီး သေချာတာက သိမ်းထားသင့်တဲ့ကားတစ်ကားဆိုတာပါ။

Reveiw - Scarlet Phoenix
Encode by- Mg Moe Tain

Watch & Download 800MB
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger