Latest Movie :

Trespass (2011) မြန်မာစာတန်းထိုး


Trespass (2011) မြန်မာစာတန်းထိုး

၂၀၁၁ ခုနှစ်​ထုတ်​ ဒီဇာတ်​ကား​လေးမှာ မင်းသားကြီး နစ်​ကိုးလပ်​စ်​​ကေ့ခ်ျ​နဲ့ မင်းသမီး နစ်​ကိုးလ်​ကစ်​ဒမင်​တို့ ဦး​ဆောင်​ပါဝင်​ထားပြီး ​ရတနာကုန်​သည်​ သူ​ဋ္ဌေးတစ်​ဦးအိမ်​ကို ​ဖောက်​ထွင်းဝင်​​ရောက်​ကြရာက မိသားစုအချင်းချင်း ကာကွယ်​​ပေးရပုံကို ပြသထားပါတယ်​။ စိန်​ကုန်​သည်​ကြီး kyle ဟာ ဇနီးနဲ့ သမီးအတွက်​အချိန်​မ​ပေးနိုင်​​လောက်​​အောင်​ အလုပ်​များသူဖြစ်​ပြီး အိမ်​​ထောင်​​ရေးနဲ့ မိသားစုအ​ရေးမှာ ပြသနာကြုံ​နေရသူပါ။ တစ်​​နေ့မှာ သူ့သမီး​လေးအိမ်​က ထွက်​သွားချိန်​မှာပဲ လူဆိုးတစ်​သိုက်​က အိမ်​ကို​ဖောက်​ထွင်းဝင်​​ရောက်​လာပြီး သူတို့ကို ဓားပြတိုက်​ပါ​တော့တယ်​။ အဲဒီအချိန်​မှာ မထင်​မှတ်​ထားတဲ့ အချိုးအ​ကွေ့​တွေ၊ ဖုံးကွယ်​ထားတဲ့ အမှန်​တရား​တွေနဲ့ ဒီမိသားစုဟာလည်း အသက်​​ဘေးအတွက်​ ရုန်းကန်​ရပါ​တော့တယ်​။ မိသားစုဟာ အရာရာထက်​ အ​ရေးအကြီးဆုံးဖြစ်​​ကြောင်းကို မီး​မောင်းထိုးတင်​ပြထားတဲ့ ရုပ်​ရှင်​ဇာတ်​ကားကြီးဖြစ်​ပြီး ​နေအိမ်​​လေးတစ်​လုံးကို ဓားပြတိုက်​ရုံဇာတ်​လမ်းသာမက လူတစ်​ဦးချင်းစီရဲ့ စိတ်​​နေစိတ်​ထား၊ ဆုံးဖြတ်​ချက်​​တွေနဲ့ အ​ရေးကြုံတဲ့အခါ  ထွက်​လာတဲ့ကြံရည်​ဖန်​ရည်​​တွေကို စိတ်​လှုပ်​ရှားဖွယ်​အပြည့်​တဲ့ တင်​ဆက်​ထားတဲ့ရုပ်​ရှင်​ကားလည်းဖြစ်​ပါတယ်​။


Translated by: War War Myint
Encode by: Invoker


Full HD 900MB
Small File  550MB

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger