Latest Movie :

The Big Boss (1971) မြန်မာစာတန်းထိုး



The Big Boss (1971) မြန်မာစာတန်းထိုး
===========================

မင်္ဂလာပါ Gold-Channel ပရိသတ်ကြီး... Chinese Martial Art movie တွေက များသောအားဖြင့် တစ်ခုနဲ့ တစ်ခု အချိတ်အဆက်ကလေးတွေ ရှိနေတတ်ပါတယ်။ ဒီခါ ကျွန်တော်တို့ မြောက်များစွာသော Martial Art အသားပေး Movie တွေထဲက Legend တစ်ဦးဖြစ်တဲ့ Bruce Lee ရဲ့ ပွဲဦးထွက် ရုပ်ရှင်
တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။
ဘယ်တော့ ကြည့်ကြည့် မရိုးနိုင်မယ့် ဇါတ်ကားမျိုးတွေကိုသာ ရွေးချယ်တင်ဆက်ပေးတတ်တာ GoldChannel ရဲ့ စေတနာအရင်းခံပါ :)
ဒီ ရုပ်ရှင်ဇါတ်ကားကြီးရဲ့ နောက်ကွယ်က တချို့အကြောင်းအရာတွေက
နည်းနည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ မူလ ခေါင်းဆောင်မင်းသားအဖြစ်
ရွေးချယ်ထားတဲ့ James Tien က ဇါတ်ပို့ ဖြစ်သွားခဲ့ပြီး.. ဇါတ်ပို့နေရာမှာ
သရုပ်ဆောင်ဖို့ လျာထားတဲ့ Bruce Lee ဟာ သူ့ရဲ့ လူသတိပြုမိစရာ
Martial Art skill တွေကြောင့် ဇါတ်လမ်းရိုက်ကူးလက်စ တစ်ဝက်မကျိုးခင်မှာဘဲ ခေါင်းဆောင်မင်းသားအဖြစ် မရွယ်ဘဲ စော်ကဲ မင်းဖြစ်ခဲ့တယ်ဆိုတာပါပဲ။
နောက်ပိုင်း Lee ရဲ့ ဆက်လက်ထွက်ရှိခဲ့တဲ့ Chinese Connection နဲ့
Game of Death တွေမှာလဲ... Tien က ဇါတ်ပို့အဖြစ် ဆက်လက် ပံ့ပိုးကူညီပေးခဲ့ပါတယ်။
ရေခဲစက်ရုံတစ်ခုက ချစ်ဆုံးသူငယ်ချင်းနှစ်ယောက်... ရေခဲစက်ရုံလုပ်ငန်းနောက်ကွယ်က.. .ဒုစရိုက်မှု လုပ်ငန်းတွေ ဥပဒေမဲ့ လုပ်ရပ်တွေ
အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးလိုက်ရတဲ့ မဟုတ်မခံ ဇတ်ဇတ်ကြဲ...
Cheng Chao An အဖြစ် Bruce Lee က ခေါင်းဆောင်ပါဝင်ရိုက်ကူးထားတာ
ဖြစ်ပါတယ်။ ဇါတ်သိမ်းခန်းတစ်ခန်းနဲ့တင် Kung Fu tricks တွေ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီး စိတ်ကျေနပ်မှု ရမှာလို့ အာမခံပါတယ်။
ဘာကြောင့်များ Lee ကို ခေါင်းဆောင်နေရာအဖြစ် ယုံယုံကြည်ကြည်အပ်နှင်း
ခဲ့တယ်ဆိုတာ.. Lee ရဲ့ skill တွေက ပရိသတ်ကြီးကို ကောင်းကောင်း
သက်သေပြသွားမယ့် movie တစ်ခုပါ။ ...
Translator Ko Nay Myo က အထူးကြိုးစား ဘာသာပြန်တင်ဆက်ထားပေးပြီး.. အရုပ်အသံပိုင်းဆိုင်ရာ ကြည်ကြည်လင်လင်
ခံစားနိုင်စေဖို့ Encoder ကြီး Invoker မှ.ပံ့ပိုးကူညီထားခြင်းဖြစ်ပါတယ်။
ရွင်လန်းချမ်းမြေ့ကြပါစေ. .။

Quality 720P HD



Pcloud Download 800MB HD
Pcloud Download 600MB
Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger