Latest Movie :

Once Upon a Time In China ( 1991) မြန်မာစာတန်းထိုး


မင်္ဂလာပါခင်ဗျ၊ အနောက်တိုင်း Classics လေးတွေ မြည်းစမ်းကြပြီးပြီဆိုတော့ ဒီတစ်ခါ ကျွန်တော်တို့ အရှေ့တိုင်း Classics movies တွေထဲက ရင်ထဲ စွဲငြိကျန်ခဲ့မယ့် movie လေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။
လူကြီးလူငယ် မရွေး ကြိုက်နှစ်သက်ကြတဲ့ ၀ှမ်ဖေးဟုန် ( Wong Fei Hung) ဖြစ်ပါတယ်။ Jet Li ကို ထိပ်တန်း မင်းသားစာရင်းထဲ ကို တွန်းပို့
ပေးခဲ့တဲ့ Jet Li ကို ကမ္ဘာသိအောင်တွန်းပို့ပေးခဲ့တဲ့ Once Upon a Time In China ဆိုတဲ့ ဟောဒီ Legendary Movie ကို ကြည့်ဖူးမှ တရုတ်သိုင်းကား
Fanအစစ်လို့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ကို ၀ိုင်းအပြစ်တင်ကြမလားပဲ။ :P
Imdb 7.4 rating နဲ့ Rotten tomatoes က 88% ဆိုတဲ့အတိုင်း martial art
အသားပေး movie တစ်ခုဆိုပေမယ့်.. နိုင်ငံရေးရှုထောင့် လူမှုရေး၇ှုထောင့်တွေ
စုံစုံလင်လင် တင်ဆက်ပြသထားပါတယ်။ အရမ်းအောင်မြင်ခဲ့တဲ့အတွက်ကြောင့် နောက်ပိုင်းမှာ Once upn a time in China 2, 3 နဲ့ Once upon a time in China and America ဆိုပြီး ဆက်လက်ရိုက်ကူးခဲ့ပါတယ်.. နောက်ပိုင်း အလျဉ်းသင့်သလို Gold Channel မှ တင်ဆက်သွားပေးမှာဖြစ်ပါတယ်။
၁၉ ရာစု နှောင်းပိုင်း တရုတ်ပြည်ရဲ့ ဖိနှိပ်မှု အမျိုးမျိုး လူမှုနေထိုင်မှုစနစ်အမျိုးမျိုးကို မီးမောင်းထိုးပြထားတဲ့ ဒီဇါတ်ကားမှာ အဓိက ဇါတ်ကောင် ၀ှမ်ဖေးဟုန် ရဲ့
ရိုးရာကို ချစ်မြတ်နိုးတတ်တဲ့စိတ် နဲ့... သာမန်ပြည်သူတစ်ယောက်အနေနဲ့
သူတတ်နိုင်တဲ့ဘက်က ဘယ်လိုမျိုး လူထုကို ကိုယ်စားပြုသွားခဲ့သလဲဆိုတာ
ကျွန်တော်တို့ အကဲဖြတ်ကြည့်ရအောင်ပါ။ အင်မတန် နာမည်ကျော်ကြားခဲ့တဲ့
အတ္ထုပ္ပတ္တိ ဇါတ်လမ်း တစ်ပုဒ် ဖြစ်တာမို့ Gold Channel ထက် သက်တမ်းဝါရင့်
နေတဲ့ ချစ်ပရိသတ်ကြီးကို အထူးတလည် မိတ်မဆက်ပေးတော့ပါဘူးနော်။
အချို့သော ဟာသလေးတွေက အနည်းငယ်ကလေးဆန်နေတာလောက်ကလွဲလို့.. ပစ်ရက်စရာမရှိတဲ့ ဂန္တ၀င် ဇါတ်လမ်းတစ်ပုဒ်ကို.. မကြည့်ဖူးသေးတဲ့
ပရိသတ်တွေအတွက် taste တစ်ခု ပြောင်းလဲစေဖို့ ... ကြည့်ပြီးသောသူများအတွက် အမှတ်တရ ဖြစ်စေဖို့ Gold Channel မှ တစ်ခုတ်တစ်ရ
ပြန်လည်ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်.။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ]

Rview by: Gemini Sugar
Translate by: N Nilar
Encode by: Eric Min Khant


Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger