Latest Movie :

The Neon Demon (2016) မြန်မာစာတန်းထိုး



The Neon Demon (2016)

အသစ်တွေထဲမှာမှ အသွင်ထူးထူးခြားခြားနဲ့ထွက်ရှိလာပြီး အသက်၁၈ နှစ်ပဲရှိသေးတဲ့ မင်းသမီးချော Elle Fanning ခေါင်းဆောင်ပါဝင်ထားတဲ့ Psychological Horror ရုပ်ရှင်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ နယ်မြို့လေးတစ်မြို့ကနေ လော့စ်အိန်ဂျလိမြို့ကို ရောက်ရှိလာတဲ့ ဂျက်ဆီဟာ ပထမဆုံးဓာတ်ပုံရိုက်တဲ့နေ့မှာတွေ့ရှိရတဲ့ မိတ်ကပ်ပညာရှင် ရူဘီနဲ့တွေ့ဆုံခဲ့ပါတယ်။ နောက်တော့ အခြားမော်ဒယ်နှစ်ယောက်နဲ့ပါတွေ့ပြီး အနုပညာအလုပ်ကိုလုပ်တဲ့အချိန်မှာပဲ သူမဘ၀ဟာ ကြောက်ဖို့ကောင်းတဲ့အလှည့်အပြောင်းတစ်ခုကိုရောက်ရှိလာပါတော့တယ်။ သူနဲ့အတူတွဲလုပ်တဲ့ အမျိုးသမီးတွေက ပြိုင်ဘက်ဖြစ်လာတဲ့အခါ ဘယ်လိုတုန့်ပြန်မလဲ၊ သူကရော ဘယ်လောက်ထိ ပြောင်းလဲလာခဲ့သလဲဆိုတာကို ထူးခြားတဲ့ဇာတ်လမ်းအလှည့်အပြောင်း၊ ရက်စက်တဲ့ဇာတ်ဝင်ခန်းတွေနဲ့ မထင်မှတ်ထားတာတွေလည်း ပါဝင်တာကြောင့် spoil မလုပ်ပဲ ကိုယ်တိုင်ကြည့်လိုက်ကြဖို့ပဲတိုက်တွန်းလိုက်ပါတယ်။ ဖြူဖြူနုနုမင်းသမီးလေးဟာ အခုဇာတ်ကားထဲမှာတော့ တချို့အခန်းတွေမှာ သွေးသံရဲရဲနဲ့မြင်တွေ့ရမှာဖြစ်ပြီး ပရိသတ်စိတ်ဝင်စားမယ့်ဇာတ်လမ်းအသွားအလာမျိုးမို့ Goldchannel ပရိသတ်တွေအတွက် ဒီညနေချမ်းမှာ Neon Demon နဲ့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။
IMDB 6.8 ရရှိထားပါတယ်။

အညွှန်း : Scarlet Phoenix
Translated by: Kat Pote Pote
Encoded by: Eric MK
Quality : 720p HD

Download HD
Download Small Size

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger