Latest Movie :

Neighbours 2 (2016) မြန်မာစာတန်းထိုး


Neighbours 2 (2016) မြန်မာစာတန်းထိုး

College/university တွေမှာ ဖွဲ့ထားတွေ မိန်းကလေးတွေရဲ့ sorority အဖွဲ့တွေဟာ ပါတီလုပ်ခွင့်တို့ ပျော်ချင်တိုင်းပျော်ခွင့်တို့ ဘာတို့မရှိပါဘူး။ အဲဒါကိုသဘောမကျတဲ့ ကျောင်းသူ Shelby (Chloe Grace Moretz) က ပါတီလုပ်လို့ရတဲ့ sorority လုပ်မယ်ဆိုပြီး သူတို့ဘာသာ အဖွဲ့သစ်ဖွဲ့ခဲ့ပါတယ်။ အဲအချိန်မှာပဲ ကလေးမိဘတွေဖြစ်တဲ့ Mac (Seth Rogen) တို့လင်မယား ဘေးအိမ်ကိုပြောင်းလာပါတယ်။ ထင်ထားတာနဲ့မတူဘဲ ဘေးအိမ်ကမိန်းကလေးတွေက လွှတ်ကိုသောင်းကျန်းနေတဲ့အခါမှာတော့ သူတို့ sorority ကို ပြန်ဖိုက်ဖို့အတွက် (ပထမရုပ်ရှင်မှာတုန်းက သူတို့နဲ့ဖိုက်ခဲ့တဲ့) Teddy Sanders တို့ကို ပြန်ခေါ်ပြီး အိမ်နှစ်အိမ် စစ်ခင်းကြပါလေရော။

တစ်ခုပဲပြောမယ်။ Chloe Grace Moretz ပါတယ်ဗျ။ အဲဒါနဲ့တင်ကျော်တို့အတွက် ကြည့်ဖို့ reason လုံလောက်နေပြီ။ :D Seth Rogen က သရုပ်ဆောင် သိပ်မကောင်းပေမဲ့ ဟာသပိုင်းမှာတော့ တော်တော်ပိုင်တဲ့ ရယ်ရအောင်လုပ်နိုင်တဲ့လူ။ နောက် Zac Efron လည်းပြန်ပါတယ်။ Selena Gomez လည်းပါသေးတယ်။ ဇာတ်လမ်းက ဘာမှမထူးဆန်းပေမဲ့ generation gap နဲ့ gender မတူတဲ့ကြားက အဖြစ်အပျက်တွေကို ရယ်ရအောင်ရိုက်ထားနိုင်မဲ့ပုံပေါ်တဲ့အတွက် ခွေထွက်လာတဲ့အခါ ကြည့်သင့်တဲ့ ဟာသကားတစ်ကားဖြစ်လိမ့်မယ်လို့ မြင်မိပါကြောင်း။ (ဒီမှာရုံတင်မယ်မထင်လို့ပါ)။ ရုပ်ရှင်ကို နိုင်ငံတကာမှာ May 20 မှာ ပြမှာဖြစ်ပါတယ်။
Neighbors ရုပ်ရှင်ရဲ့ အဆက်ဖြစ်ပြီး ဒါရိုက်တာ Nicholas Stoller ကရိုကကူးပါတယ်။ Seth Rogen, Chole Grace Moretz, Zac Efron တို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး May 6 က Ireland မှာစပြခဲ့ပါတယ်။ အခုလက်ရှိတော့ IMDB 6.3 နဲ့ Rotten Tomatoes 62% တို့ရထားပါတယ်။


Reveiw Credit to-Datshin.com
Translate by: Bruce Wein
Encode by: Eric MK 
Qualtiy 720P HD



Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger