Latest Movie :

Stranger Things (2016) (မြန်မာစာတန်းထိုး)

Stranger Things (2016) (မြန်မာစာတန်းထိုး)
ဇာတ်လမ်းအကျဉ်းကိုပြောရရင်တော့ နယ်မြို့လေးတစ်မြို့မှာ ဇာတ်အိမ် တည်ထားပါတယ်။ နယ်မြို့ကျဉ်းကျဉ်းလေးဆိုတော့ မြို့လေးမှာ တစ်ယောက်နဲ့ တစ်ယောက်လည်း အကုန်လုံးသိနေကြပြီး ပြစ်မှု၊ မှုခင်းဆို လို့လည်း ဘာဆိုဘာမှ မရှိတဲ့မြို့လေးပေါ့။ အဲ့မြို့လေးမှာ Will Byers လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်က သူ့သူငယ်ချင်းတွေအိမ်က အပြန်လမ်းမှာ ထူးဆန်းစွာပျောက်ဆုံးသွားပါတယ်။
. နယ်ထိန်းရဲ တွေ၊ မြို့ခံလူတွေ၊ သူ့သူငယ်ချင်းတွေက နည်းမျိုးစုံနဲ့ ရှာကြပေမယ့် လုံးဝကို အစအန မတွေ့တော့ပါ။ သူ့အမေဆိုလည်း ၁၀ နှစ်ပတ်ဝန်းကျင်ကလေးလေး တစ်ယောက်ကို ဆုံးရှုံးလိုက်ရတာဆိုတော့ အရူးမီးဝိုင်းပေါ့ဗျာ။ အဲ့ဒီ့မှာထူးခြားချက်တစ်ခုကတော့ Will ရဲ့သူငယ်ချင်းလေး သုံးယောက်ဟာ Will ကို သူတို့နည်းသူတို့ဟန်နဲ့ ရှာဖို့ကြိုးစားကြရတာမှာ ထူးဆန်းတဲ့၊ ဘယ်ကမှန်းမသိတဲ့ Eleven ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ခြင်းပါပဲ။ . အားလုံးက Will တစ်ယောက် သေဆုံးသွားပြီလို့ သတ်မှတ်ထားချိန်မှာတော့ Will ရဲ့ အိမ်မှာပဲ ထူးဆန်းမှုတွေကို မျက်ဝါးထင်ထင်ကြုံတွေ့ခဲ့ရတဲ့ Will ရဲ့အမေကတော့ Will သေပြီဆိုတာ ဘယ်လိုမှ လက်မခံဘူးဖြစ်နေပါတယ်။ Will ရဲ့သူငယ်ချင်းလေးအုပ်စုဟာ လည်း Will သေပြီဆိုတာလက်မခံပဲ Eleven ဟာ Will ကိုပြန်ရှာတွေ့ဖို့ အဖြေဆိုတာတစ်ထစ်ချယုံကြည်ထားပါတယ။် တစ်ချိန်ထဲမှာပဲ Will ရဲ့အစ်ကို ဖြစ်တဲ့ Jonathan နဲ့ သူ့ကျောင်းက ချစ်စရာကောင်မလေး Natalie တို့ဟာလည်း Will လိုပဲပျောက်ဆုံး သွားခဲ့တဲ့ Natalie ရဲ့သူငယ်ချင်းမလေးတစ်ယောက်ကို လိုက်ရှာရင်း သံယောဇဉ်တွေညိတွယ်လာပါတော့တယ်။ . Stranger Things က စစ်အေးခေတ် နယ်မြို့လေးမှာ ဇာတ်အိမ်တည်ထား တာဖြစ်တဲ့အပြင် ဇာတ်လမ်းအကြောင်းအရာတွေကလည်း ထင်မထားလောက်အောင်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကလေးတစ်အုပ်စုနဲ့ လျှို့ဝှက်သည်းဖိုနဲ့ဆိုတော့ Steven Speilberg ကြီးများ ပါမလားလို့တောင် လိုက်ရှာမိသေးတယ်။ Steven Speilberg လောက်မပြောင်မြောက်ပေမယ့် တော်တော်လေးကို ကြည့်လို့ကောင်းပါ တယ်။ ဇာတ်လမ်းကို တင်ပြထားတဲ့အကွက်တွေက တော်တော်လန်းတဲ့ အကွက်တွေလည်းပါပါတယ်။ Horror element ကလည်း ခုခေတ်ပေါ် Horror ကားတွေလို စိတ်ညစ်လာအောင် jumpscare ပေါင်းများစွာနဲ့ ခြောက်နေတာမျိုးမဟုတ်ပဲ ဇာတ်လမ်းနဲ့ တစ်ကယ်ကိုလိုက်ဖက်ပါတယ်။ . ဒါ့အပြင်ကို ဇာတ်လမ်းတစ်ခုလုံးမှာ Horror, Mystery, Romance, Drama, Action စတဲ့ ရသပေါင်းစုံကို ခံစားရမှာဖြစ်လို့ လက်လွှတ်မခံသင့်တဲ့ Series တစ်ခုအဖြစ်တင်ပြလိုက်ရပါတယ်။ . ဒီ Series ဟာ IMDb မှ 9.1, Rotten Tomatoes မှာ 90%, TV.com မှာ 9.2 ရထားတာမို့ ထိပ်တန်း စီးရီးတစ်ကားလို့ပြောနိုင်ပါတယ်ဗျ။ .
.Review Credit to - Datshin.com
Translate by: Kaung Kyaw Zan
Encode by: Eric Min Khant
Quality 720P HD
Share this article :

+ comments + 1 comments

20 September 2016 at 23:34

အပိုင်း 8 က ဒေါင်းမရပါ ကျန်အပိုင်းးအားလုံး ဒေါင်းရပါတယ် ကျေးဇူးပါ

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger