Latest Movie :

KickBoxer: Vengeance (2016) မြန်မာစာတန်းထိုး

KickBoxer: Vengeance (2016) မြန်မာစာတန်းထိုး
Kickboxer: Vengeance ဆိုတဲ့ အမေရိကန်အက်ရှင်ကား သစ်လေး ရွေးချယ်ဖော်ပြပေး လိုက်ပါတယ်။ ၁၉၈၉ လောက်တုန်းက အက်ရှင်မင်းသား ဗန်ဒမ်းကို နာမည်ကျော်စေခဲ့တဲ့ Kickboxer ဇာတ်ကားကို ဆန်းသစ်ရိုကကူး ထားတာဖြစ်ပြီး အဲဒီခေတ်တုန်းက မီခဲ့တဲ့ ပရိသတ်တွေလည်း ဇာတ် ကားနှစ်ခုကို နှိုင်းယှဉ်ခံစားကြည့် နိုင်မှာပါ။
အခု ဇာတ်ကားမှာလည်း မင်းသားဗန်ဒမ်းပါဝင်ထားပြီး ၀ါ ရင့် ကိုယ်ခံပညာ မာစတာတစ် ယောက်နေရာက ပါဝင် သရုပ် ဆောင်ထားတာမို့ ဗန်ဒမ်းကို မ တွေ့ရတာကြာနေတဲ့ ပရိသတ် တွေလည်း သဘောကျမယ်လို့ ထင်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် က ကမ်းခြေမြို့လေးဖြစ်တဲ့ ဗင်း နစ်မှာနေထိုင်တဲ့ အဲရစ်နဲ့ကကက လုန်းညီအစ်ကိုဟာ ကိုယ်ခံပညာ ကျွမ်းကျင်သူတွေဖြစ်ပြီး တစ်ရက် မှာတော့ အဲရစ်က ကရာတေး ကမ္ဘာ့ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။ ပွဲစီစဉ်သူတွေက အဲရစ်ကိုထိုင်း ဘက်မှာသွားပြိုင်ဖို့ သွေးဆောင်တာကို ကကက အတန်တန်တားနေတဲ့ကြားက အဲရစ်ကသွားဖို့ လက်ခံခဲ့ပါတယ်။
ထိုင်းကိုရောက်တဲ့အခါမှာ အဲရစ်နဲ့ မွေ့ထိုင်းချန်ပီယံတောင် ပိုးတို့ဟာ တရားမ၀င် လက်ဝှေ့ပွဲတစ်ခုမှာ ယှဉ်ပြိုင်ခဲ့ကြရာမှာ တိုက်ခိုက်ကြရင်း အဲရစ်သေဆုံးသွားခဲ့ပါတယ်။ တရားမ၀င်လက်ဝှေ့ပွဲတွေရဲ့ ရည်ရွယ်ချကကိုက အလောင်းအစားတွေဖြစ်တာမို့ ပြိုင်ပွဲဝင်တွေကို အသေထွက်သဘောမျိုးနဲ့ ကျင်းပကြရာမှာ အဲရစ်ခံလိုက်ရတာ ဖြစ်ပါတယ်။ အရင်ဇာတ်ကားကို မီတဲ့ပရိသတ်ဆိုရင်တော့ တောင်ပိုးဆိုတဲ့ထိုင်း လက်ဝှေ့သမားကြီးကို မျက်စိထဲပြေးမြင်မိကြမှာဖြစ်ပြီး အမြင်ကတ်စရာ၊ မုန်းစရာကောင်းတဲ့ ပုံရိပ်ကြီးကိုပါ တစ်ခါတည်း သတိရမိဦးမှာပါ။
အဲဒါနဲ့ အစ်ကို့အတွက် လက်တုံ့ပြန်ချင်တဲ့ ကက်ဟာ သူ့ အစ်ကိုရဲ့ ဆရာဖြစ်တဲ့ မာစတာဒူ ရန်းကိုသွားရှာခဲ့ပြီး တောင်ပိုးနဲ့ လက်ရည်ယှဉ်နိုင်ဖို့အတွက် ကြိုး စားခဲ့ပါတော့တယ်။ ကက်တစ် ယောက်ရေကုန်ရေခန်း လေ့ကျင့် မှုတွေယူရင်း တောင်ပိုးနဲ့တိုက် ခိုက်ဖို့အတွက် ပြင်ဆင်ခဲ့ပါတယ်။
ကက်နေရာမှာ အရင်တုန်း က ဗန်ဒမ်းသရုပ်ဆောင်ထားတာ နဲ့ အခုဇာတ်ကားကသရုပ်ဆောင် နဲ့က ပုံစံမတူပေမယ့်လည်း မတူ ညီတဲ့ ရသတစ်ခုစီနဲ့ ပရိသတ်ကိုဆွဲ ဆောင်နိုင်လိမ့်ဦးမယ်လို့ ထင်ပါ တယ်။ မွေ့ထိုင်းသမားကြီးတောင် ပိုးနဲ့ ကက်နဲ့ ထိပ်တိုက်တွေ့တဲ့ အခါ ကကက အလဲထိုးသတ်နိုင် မှာလား။ လက်ဝှေ့ကြိုးဝိုင်းတွေ နောကကွယ်က အလောင်းအစား တွေကြားမှာ ဘယ်လိုဇာတ်ကက် တွေနဲ့ အဆုံးသတ်မလဲဆိုတာ တော့ ကိုယ်တိုင်ပဲကြည့်ရှုဖို့ ဖော် ပြလိုက်ပါတယ်။
အခု ဇာတ်ကားမှာတော့ ကက်အဖြစ် အလိန်းမူဆီ၊ မာစ တာဒူရန်းအဖြစ် ဂျင်းန်ကလော့ဒ် ဗန်ဒမ်း၊ တောင်ပိုးအဖြစ် ဒေ့ဗ်ဘာ တစ္စတာ၊ အဲရစ်အဖြစ် ဒါရန်ရှာ လာဗီစတဲ့ သရုပ်ဆောင်တွေပါဝင် ထားကြပါတယ်။ ။

Reveiw Credit to-7day Daily 
Translate by: Kyaw Myat Khine 
Encode by: Eric Min Khant

Share this article :

+ comments + 4 comments

21 September 2016 at 11:35

အေးဟ နှစ်ကောင်ထဲတောင်နာမည်တွေကရှုပ်နေတာ ...bro ကဘယ်ရလဲ

21 September 2016 at 11:45

ဘသူလဲ ဆဲတဲ့ကောင်လား no.3 bro လား

21 September 2016 at 11:47

စောက်ပေါတွေနှစ်ယောက်တယောက်တောင်မနိုင်ဘဲ hello လို့ထပြောတာလား ဟဟဟဟဟဟ

21 September 2016 at 11:53

ကျော်လဲအိပ်ပိbro.. g.n

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger