Latest Movie :

Shallow (2016) မြန်မာစာတန်းထိုး








ဘယ်လောက်ပဲမျှော်လင့်ချက်တွေမဲ့နေပါစေ အရှုံးမပေးတတ်တဲ့သူအတွက် အခွင့်အရေးရှိစမြဲဆိုတာ

ဒီကားလေးရဲ့ပေးချင်တဲ့ Message လို့မြင်မိပါတယ်။ကြည့်သင့်တဲ့ဇတ်ကားတစ်ခုဖြစ်ပြီး Gravity , Life of Pi တို့ 127 Hours တို့လိုSurvival ကားတွေကြိုက်တယ်ဆိုရင် ဒီကားဟာ လက်မလွတ်သင့်တဲ့ဇတ်ကားတွေထဲမှာ ထိပ်ဆုံးကပါ။

မိခင်ဆုံးပါးသွားလို့စိတ်ထိခိုက်နေတဲ့ ဆေးကျောင်းသူ နန်စီအေဒမ်ဟာ စိတ်ပြေလက်ပျောက်

သူငယ်ချင်းတစ်ယောက်နဲ့အတူ မက်စီကိုနိုင်ငံရဲ့ချောင်ကျတဲ့ကမ်းစပ်တစ်ခုကိုခရီးထွက်ခဲ့ပါတယ်။

အရက်နာကျလို့ဟိုတယ်မှာကျန်နေတဲ့သူငယ်ချင်းကိုထားခဲ့ပြီး သူမရဲ့မိခင်အကြိုက်ဆုံးနေရာလေးဖြစ်တဲ့ကမ်းစပ်ကိုတစ်ဦးထဲထွက်လာခဲ့ပါတယ်။

ကမ်းစပ်မှာလှိုင်းစီးနေစဉ် ဒဏ်ရာကြောင့်ထွက်ပြေးလာတဲ့ ငါးမန်းရဲ့တိုက်ခိုက်ခြင်းကိုခံရကာ ကမ်းစပ်နဲ့ပေ200 ဝေးပြီး ငါးမန်းဝိုင်းနေတဲ့ ကျောက်ဆောင်ငယ်လေးပေါ်မှာ တစ်ဦးထဲအသက်ရှင်ဖို့ရုန်းကန်လှုပ်ရှားရပါတော့တယ်။




ဒါရိုက်တာ Jaume Collet-Serra ရိုက်ကူးထားပြီး Age of Adaline ဇတ်ကားနဲ့နာမည်ကြီးလာတဲ့မင်းသမီးချောBlake Lively ကပါဝင်သရုပ်ဆောင်ထားပါတယ်။House of wax, Non-stop စတဲ့ဇတ်ကားတွေရဲ့ဒါရိုက်တာ Jaume ဟာဒီတစ်ကားမှာလဲ အောင်မြင်ခဲ့ပါတယ်။Budget 17 milion သုံးစွဲထားပြီး 100 milion နီးပါးရရှိထားကာ IMDB 6.5 နဲ့Rotten Tomatoes 77% ရရှိထားပါတယ်။




Review & Translate by: Bruce Wein
Encode by: Eric Min Khant




Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger