Latest Movie :

မိစ္ဆာများနှင့်စီးချင်းည (သို့မဟုတ်) 23:59 (2011) မြန်မာစာတန်းထိုး




၁၉၈၃ခုနှစ် ကျွန်းတစ်ကျွန်းပေါ်မှာ တပ်စုလေးတစ်စု ခရီးတစ်ထောက်နားခဲ့ရာက စတင်ခဲ့ပါတယ်၊ ကျွန်းပေါ်မှာ အရူးမတစ်ယောက် ည၁၁:၅၉မိနစ်မှာ သေဆုံးခဲ့ပြီး ဒီအချိန်ရောက်တိုင်း သူမရဲ့ဝိဉာဉ်က လိုက်လံချောက်လှန့်နေတယ်လို့ သတင်းပြန့်နေပါတယ်။ တပ်သားသစ် Tan ဟာ ထိုဝိဉာဉ် သူ့ကိုလိုက်လံနှောင့်ယှက်နေကြောင်း အဖော်ဖြစ်သူ Jeremy ကို ပြောပြပေမယ့် jeremy ကမယုံကြည်ခဲ့ပါဘူး။ နောက်တစ်ရက်မှာတော့ မြစ်ကမ်းဘေးမှာ ပုံပျက်ပန်းပျက် ထူးဆန်းစွာသေဆုံးနေတဲ့ Tan ကို တွေ့ရှိရပါတယ်။ ဒါကြောင့် အပြစ်မကင်းသလိုခံစားနေရတဲ့ jeremy ဟာ ဒီအမှုကိုဖော်ထုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ညမှာပဲ အပိမက်ထဲမှာ Tan ဟာ သူနဲ့အတူကင်းစောင့်တဲ့ chester သေဆုံးနေပုံကို Jeremy ကိုပြသခဲ့ပါတယ်။ မနက်မှာတော့ chester ဟာ ထူးဆန်းစွာပြုမူနေတာကြောင့် နတ်ဆရာပင့်ဖိတ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ Jeremy ဟာ Chester ကိုမေးမြန်းကြည့်ရာမှာတော့ chester နဲ့ Tan ကင်းစောင့်နေရင်း Tan ကို ခြေထောက်ကနေတရွတ်ဆွဲခေါ်သွားတယ်လို့ဆိုပါတယ်။ Chester က တရားခံကို သေနတ်ဒင်နဲ့ အဆက်မပြတ်ရိုက်နှက်ခဲ့ကြောင်း ထိုသူမှာ မိန်းမတစ်ယောက်ဖြစ်နေကြောင်း ပြောပြခဲ့ပါတယ်။ Jeremy နဲ့ Chester တို့ ထိုမိန်းမခန္ဓာကိုယ်ရှိတဲ့နေရာကို သွားပြန်ကြည့်တဲ့အချိန်မှာတော့ ဒီနေရာမှာ ဘာမှမရှိခဲ့ပါ.။

အဲ့ဒီနောက်ပိုင်းမှာတော့ သူတို့တပ်စုတစ်ခုလုံးက လူတွေထူးဆန်းစွာပျောက်ဆုံးခဲ့ရပြီး အစွမ်းထက်လှပြီး အငြိုးကြီးမားလှတဲ့ မိစ္ဆာနတ်ဆိုးသရဲမကြီးနှင့် သူအပေါင်းအပါတွေရဲ့ ရန်စွယ်ကို စတင်ရင်ဆိုင်ရပါတော့တယ်.။


Translated by: Chilli Candy
Encode by: Eric Min Khant
Quality 720P HD



Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger