Latest Movie :
Recent Movies

Star Watching Dog 2011 ( မြန်မာစာတန်းထိုး)


Star Watching Dog (2011)

 တိရစ္ဆာန်လေးတွေနဲ့ လူတွေမှာ အဓိက ကွာခြားချက်က ဘာလို့ထင်ပါသလဲ။ အသိဥာဏ်လို့ ပြောကြမှာပါပဲ။ ကျွန်တော်ကတော့ သစ္စာတရားကိုပဲ ထောက်ပြချင်ပါတယ်။ လူလောက်အသိဥာဏ်မရှိပေမယ့်လည်း သူတို့လေးတွေမှာ သခင်တစ်ယောက်ကို အမြဲသစ္စာရှိပြီးမျှော်လင့်ချက်အများကြီး မထားတတ်ပဲ အနားမှာသာနေချင်တတ်တာမျိုးပါ။ ဒီဇာတ်ကားလေးဟာ IMDB 7.3 ရရှိထားပြီး သူ့သခင်နဲ့သူ့ခွေးကလေးတို့ရဲ့ကြားကသံယောဇဉ်ကို ပြသထားတဲ့ဂျပန်ရုပ်ရှင်ကားလေးဖြစ်ပြီး အမည်မသိရတဲ့သတ်လတ်ပိုင်းအမျိုးသားတစ်ဦး
သူ့ကားအနီးမှာ သေဆုံးနေပြီး ဘေးမှာလည်း သူ့ခွေးကလေးပါ သေဆုံးနေတဲ့ဇာတ်ဝင်ခန်းကနေစပြီး ကြည့်တဲ့လူတိုင်းကို ဆွဲဆောင်သွားမယ့်ရုပ်ရှင်ဖြစ်ပါတယ်။ ဂျပန်ရုပ်ရှင်ကားတွေထုံးစံအတိုင်း ခံစားချက်တွေ တပုံတပင်ကြီးပေးမယ့်ဇာတ်ကားဖြစ်လို့ ဒီဇာတ်ကားလေးကိုတော့ တိရစ္ဆာန်ချစ်သူတွေရော မချစ်သေးသူတွေပါ ကြည့်ရှုသင့်ပါတယ်ခင်ဗျာ။

Translated by: Koharu Yukri
Encoded by: Eric MK

Download HD 
Download Small Size

The Maid (2005) မြန်မာစာတန်းထိုး


The Maid (2005) မြန်မာစာတန်းထိုး

သရဲကားဆို အရှေ့တိုင်းအယူအဆတွေကိုပဲ ပိုသဘောကျဖြစ်တဲ့အတွက် အနောက်တိုင်းမကောင်းဆိုးဝါး၊ မိစ္ဆာအယူအဆတွေထက်ဝိဥာဉ်ဇာတ်ကားကောင်းကောင်းတွေထွက်တဲ့အရှေ့တိုင်းရုပ်ရှင်တွေဟာ အာရှတိုက်သားတွေအတွက် ပိုပြီး ခြောက်ခြားစရာရသကိုပေးတယ်လို့ယူဆပါတယ်။ ဒီရုပ်ရှင်ကတော့ စင်ကာပူနိုင်ငံထုတ်ရုပ်ရှင်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသူတစ်ယောက် စင်ကာပူမှာ အိမ်စေအဖြစ်လုပ်ကိုင်ရာကနေကြုံရတဲ့အဖြစ်အပျက်တွေကို ရိုက်ကူးပုံဖော်ထားတာပါ။ တရုတ်ရှေးရိုးရာအယူအဆမှာ တရုတ်ပြက္ခဒိန်ခုနှစ်ခုမြောက်တိုင်း ငရဲပြည်ရဲ့တံခါးတွေပွင့်ပြီးသေသူတွေရဲ့ ၀ိဥာဉ်တွေဟာ လူ့ဘုံလူ့လောကကိုရောက်ရှိလာကြတယ်လို့ ယူဆပါတယ်။ ၁၈ နှစ်သမီး ဖိလစ်ပိုင်သူကလေးဟာ အဲဒီခုနစ်လပိုင်းရဲ့ ပထမဆုံးနေ့မှာပဲ အိမ်ဖော်အဖြစ်စင်ကာပူကိုရောက်ရှိလာခဲ့ပြီး သဘောကောင်းတဲ့အဲဒီအိမ်ရှင်တွေမှာ စိတ်မကျန်းမာသူ သားတစ်ယောက်လည်း ရှိနေခဲ့ပါတယ်။ ဇာတ်လမ်းက အဲဒီကနေစိတ်လှုပ်ရှားစရာတွေများလာခဲ့ပြီး အရင်က အဲဒီအိမ်ကြီးမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေ၊ သူ့လိုပဲအိမ်ဖော်တစ်ယောက်ရှိခဲ့ဖူးတာတွေသိလာရပြီး နောက်ပိုင်းမှာတော့ သူ့အသက်အန္တရာယ်အတွက်ပါ ရုန်းကန်ရတော့တဲ့အထိဖြစ်လာတဲ့အခါမှာတော့....
IMDB 5.9 metacritic မှာ 82 ရရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားမို့ ရှာဖွေတင်ဆက်ပေးလိုက်ပါတယ်နော်။


Translated by: Kat Pote Pote
Encoded by: Eric MK

Download HD 900MB
Download Small Size 650MB



Conjuring 2 မြန်မာစာတန်းထိုး 720p HD


Conjuring 2 မြန်မာစာတန်းထိုး 720p HD

Gold Channel ရဲ့ပွဲဦးထွက်ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ Conjuring 2 ကခုတလောမှ အကြည်ထွက်လာလို့ တင်ပေးလိုက်ပါတယ်။ ကြည့်ပြီးတဲ့သူများလည်း HD Quality ကိုခံစားရင်း သိမ်းထားလို့ရအောင်ပါ။

Translated by : Scarlet Phoenix
Encoded by : Eric MK

Download HD 800MB
Download Small Size 400MB

When Marnie Was There - မြန်မာစာတန်းထိုး


When Marnie Was There - မြန်မာစာတန်းထိုး

အန်နာ ဆိုတဲ့ ကောင်မလေးဟာ သူ့မှာရှိတဲ့ ပန်းနာရင်ကျပ်ရောဂါကြောင့် ကျောင်းမှာ ဘယ်သူနဲ့မှ ရင်းရင်းနှီးနှီးမနေပဲ တစ်ယောက်တည်း အထီးကျန်ဆန်စွာ နေတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ 
ရောဂါဝေဒနာကြောင့် ကိုယ့်ကိုကိုယ် စိတ်ပျက်အားငယ်နေတဲ့သူလေးလည်း ဖြစ်ပြီး တစ်နေ့ အန်နာရဲ့မွေးစားအမေဟာ အန်နာ ရောဂါသက်သာအောင် သူရဲ့ဆွေမျိုးတွေရှိတဲ့ အေးချမ်းလှပတဲ့မြို့လေးကို လွှတ်လိုက်ပါတော့တယ်။ အဲ့မြို့လေးမှာ စိတ်ဝင်စားစရာကောင်းတဲ့ စိမ့်တောထဲက အိမ်ကြီးတစ်အိမ်ကို အန်နာတွေ့ရပြီး တစ်နေ့တော့ စိမ့်တောထဲက အိမ်ကြီးဆီ မထင်မှတ်ပဲ ရောက်ရှိသွားရာက ....မာနီ ဆိုတဲ့ကောင်မလေးကို တွေ့ပြီးခင်မင် ရင်းနှီး ခဲ့ကြပါတယ်....မာနီ ဆိုတဲ့မိန်းကလေးဟာ တကယ့်လူသားလား....အန်နာ ရဲ့ စိတ်ကူးယဉ်သူငယ်ချင်းမိန်းကလေးလား.....အန်နာနဲ့ မာနီဟာ ဘယ်လိုဆက်သွယ်မှုတွေကြောင့် ဒီလိုအဖြစ်မျိုးတွေ ဖြစ်လာရတယ်ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ.....သူငယ်ချင်းအချင်းချင်း ထားရှိတဲ့ ချစ်ခြင်းတရား မေတ္တာတရား...သစ္စာထားရှိမှုတွေကို ကြည့်ရှုခံစားရမှာဖြစ်လို့ ....Drama Animation ကားကောင်းလေးဖြစ်ကြောင်း ကြည့်ရှုဖို့ ညွှန်းလိုက်ပါရစေ။

Review by : May Satt Thu
Translated by : May Satt Thu
Encoded by : Eric MinKhant




ကျီးကန်းသရဲရဲ့ ကလဲ့စား (သို့ဟုတ်) The Crow (1994) မြန်မာစာတန်းထိုး



ကျီးကန်းသရဲရဲ့ ကလဲ့စား (သို့ဟုတ်) The Crow (1994) မြန်မာစာတန်းထိုး
 
 ထိတ်လန့်ကြောက်ရွံဖွယ်ရာနဲ့ ဆန်းကြယ်လှတဲ့ ဂမ္ဘီရ အက်ရှင်ဇာတ်ကားကောင်းကောင်းတစ်ကားကို တောင့်တနေတယ်ဆိုရင်တော့ Bruce Lee ရဲ့သား Brandon Lee သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားဟာ မိတ်ဆွေတို့ အတွက် အကောင်းဆုံးရွေးချယ်မှု့တစ်ခုဖြစ်ပါလိမ့်မယ်.။ Group ထဲမှာ ကို Hein Lin Htet တောင်းဆိုထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ.။

မင်္ဂလာဆောင်ဖို့ တစ်ရက်သာလိုတော့တဲ့ ဂီတပညာရှင် Eiric နဲ့ သူ့ချစ်သူတို့ဟာ လူဆိုးဂိုဏ်းအဖွဲ့ရဲ့ ရက်စက်စွာသတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ်.။ ဒီဖြစ်ရပ်ဆိုးကြီးအပြီး နောက်တစ်နှစ်ကြာတဲ့ နှစ်ပတ်လည်နေ့မှာတော့ Eric ဟာ ဂေါ့သစ်လူမျိုးတွေရဲ့ ရိုးရာဒဏ္ဍာရီ ထဲကလို ဆန်းကြယ်တဲ့ ဂမ္ဘီရအစွမ်း ကျီးကန်းတစ်ကောင်ရဲ့ အသွင်ကို ယူပြီး ရက်စက်ယုတ်မာလှတဲ့ လူဆိုးဂိုဏ်းကို ပြန်လည်ကလဲ့စားချေဖို့အတွက် သေရွာကနေပြန်လည်အထမြောက်လာပါတော့တယ်။
 ဆန်းကြယ်တဲ့ ဂမ္ဘီရအတတ်တွေနဲ့ စိတ်ခြောက်ခြားဖွယ်ရာရက်စက်မှု့တွေ အကြမ်းစားအက်ရှင်ခန်းတွေနဲ့ သူ့ခေတ်သူ့အခါမှာ အဆင်မတန်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ကျီးကန်းသရဲလို့လဲ လူသိများကျော်ကြားလှတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်.။ Imdb Rating 7.6 /10 နဲ့ Rotten Tomato 82% တောင်ရထားတဲ့ ကမ္ဘာကျော်ကားတစ်ကားဖြစ်တာမို့ Goldchannel ပရိတ်သတ်များအတွက် အကောင်းဆုံးဆိုရင် ဦးဆုံးခံစားနိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်.။

Reveiw by: Mg Moe Tain
Translate by: Kat Pote Pote
Encode by: Eric Min Khant


Watch & Dwonload Here HD
Watch & Download Here Small File 

ကာမဘီလူးနှင့် မာယာမယ် (သို့မဟုတ်) Lust Caution (2007) မြန်မာစာတန်းထိုး


ကာမဘီလူးနှင့် မာယာမယ် (သို့မဟုတ်) Lust Caution (2007) မြန်မာစာတန်းထိုး

အကယ်ဒမီဆုရ ဒါရိုက်တာအန်းလီရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ 18+ အမျိုးအစားဆိုပေမယ့် နိုင်ငံတကာရုပ်ရှင်ပြပွဲတွေမှာပါ ပြသခဲ့တဲ့ အနုပညာလက်ရာတစ်ခုဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလအတွင်းက ရှန်ဟိုင်းမြို့ကို ဂျပန်တွေ ၀င်ရောက်စီးနင်းထားစဉ်က အဖြစ်အပျက်တွေ အကြောင်းကို
အခြေခံရိုက်ကူးတင်ဆက်ထားပြီးတော့ IMDB 7.6 နဲ့ Rotten Tomatoes 72% ရထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ ကောလိပ်ကျောင်းသူလေးတစ်ယောက်ဟာ
 ကျောင်းတက်နေရင်းနဲ့ drama club တစ်ခုထဲဝင်မိခဲ့ပြီးတဲ့နောက် ခေါင်းဆောင်ပြဇာတ်မင်းသမီးဖြစ်လာခဲ့ပြီး သူတို့အဖွဲ့လေးဟာ အပျော်တမ်းသက်သက်သာမဟုတ်ပဲ ဂျပန်တော်လှန်ရေးကိုပါ ကြိတ်ကြံစည်နေကြတဲ့ အဖွဲ့ဖြစ်မှန်းသိလာခဲ့ပါတယ်။
ဂျပန်က အထူးအေးဂျင့်တစ်ဦးဖြစ်တဲ့ မစ္စတာယီ ကို လုပ်ကြံဖို့အစီအစဉ်ကနေစပြီး နိုင်ငံရေးအဖြစ်အပျက်ပေါင်းများစွာ၊ လှုပ်ရှားမှုပေါင်းများစွာထဲ ပါဝင်ပတ်သက်ခဲ့ကာနိုင်ငံနဲ့လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံကြိုးပမ်းခဲ့ပုံကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ သမိုင်းတစ်နေရာကို ထိထိမိမိထောက်ပြသွားနိုင်တဲ့ ဇာတ်ကားဖြစ်ပြီးေ တ်ာတော်များများကလည်း ဆင်ဆာအဖြတ်ခံထိထားတဲ့ရုပ်ရှင်ပါ။ အကောင်းဆုံး ဒါရိုက်တာ၊ ရုပ်ရှင်၊ မင်းသား ဆုတွေ အပါအ၀င်Golden Horse Award ၈ ဆုရရှိခဲ့ပြီး ဟောင်ကောင်ပြည်တွင်းမှာပါ ဆုတွေတပုံတပင်နဲ့ နိုင်ငံတကာမှာ မျက်နှာပန်းလှခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
ရိုက်ကွင်းရိုက်ကွက်တွေ သဘာဝကျရုံမက ဇာတ်လမ်းဇာတ်သွား စကားပြောတွေက အစ ကောင်းမွန်တဲ့ကားဖြစ်တာကြောင့် Gold Channel ပရိသတ်တွေအတွက်
တင်ဆက်ပေးလိုက်ပါတယ်။

Review by: Scarlet Phoenix
Translate by: Kat Pote Pote
Encode by: Eric Min Khant Kyaw


Watch & Download Here HD 


To Steal From A Thief (2016) မြန်မာစာတန်းထိုး


To Steal From A Thief (2016)  မြန်မာစာတန်းထိုး

သူခိုးလက်မှ သူဝှက်လုဆိုတဲ့အတိုင်း ဘဏ်မှ တန်ဖိုးကြီးပစ္စည်းများကို လျှို့ဝှက်သိမ်းဆည်းထားတဲ့  အထူးလုံခြုံရေး သေတ္တာများကို မြေအောက်လှိုဏ်ခေါင်းတူးပြီး ခိုးယူခဲ့သော သူခိုးများလက်မှ ရတနာနှင့်အဖိုးတန်ပစ္စည်းများကို ကတုံးပေါ်ထိပ်ကွက်ပြီး ဥာဏ်ကစားပြန်လည်ခိုးယူပုံနှင့် အခိုးခံရသော သူခိုးအုပ်စုမှလဲ ပြန်လည်လုယူလိုသော ဥာဏ်ကြီးရှင်နှင့် အပြန်အလှန်ဥာဏ်ကစားကြပုံကို အသတ်အပုတ် အပြစ်အခတ်အကြမ်းအရမ်းနှင့် ဗျူဟာခင်းကျင်းပုံတို့ကို တွေ့မြင်ရမယ့် အက်ရှင်ကားကောင်းတစ်ကားဖြစ်တာမို့  Gc ပရိတ်သတ်ကြီး မြန်မာစာတန်းထိုးကောင်းကောင်းနဲ့ ကြည့်ရှု့နိုင်ရန်အတွက် ဦးဦးဖျားဖျားတင်ဆက်ပေးလိုက်ရပါသည်.။

Translate by: Kat Pote Pote
Encode by: Eric Kyaw Min Khant

Watch & Download Here HD
Watch & Download Here Small File

The Con Artists ( 2014) မြန်မာစာတန်းထိုး


The Con Artists ( 2014) မြန်မာစာတန်းထိုး

၂၀၁၄ ခုနှစ်ကိုရီးယားရုပ်ရှင်တွေထဲ အောင်မြင်မှုတော်တော်များများရခဲ့ပြီး မြောက်အမေရိက၊ ထိုင်ဝမ်၊ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ဗီယက်နမ်တို့မှာပါ ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပါ။ မင်းသား ကင်ဝူဘင်ကို အများကြီးအောင်မြင်ခဲ့စေတဲ့ဇာတ်ကားဖြစ်ပြီး Professionalေ ဖာက်ထွင်းရေးသမားတစ်ဦး နဲ့ အစီအစဉ်ချတဲ့ သူ့သူငယ်ချင်းတစ်ဦးတို့ လုပ်ငန်းတစ်ခုကို လူမိုက်ခေါင်းဆောင်တစ်ဦးက လာအပ်ရာက စတင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ခက်ခဲလှတဲ့ လုပ်ငန်းကိုအကောင်အထည်ဖော်ဖို့ ဟက်ကာတစ်ဦးကိုလည်း သူတို့ခေါ်ယူခဲ့ရပြီး လူမိုက်အဖွဲ့က ခိုင်းတဲ့အလုပ်ကိုလုပ်ပြီးရာမှာတော့ သူတို့ပါ အသက်ဘေးအန္တရာယ်နဲ့ကြုံလာရပါတော့တယ်။ ဒီဇာတ်ကားကို Personal အရပြောရရင်တော့ ကိုရီးယားရုပ်ရှင်တွေထဲ အတော်သဘောကျမိတဲ့ဇာတ်ကားဖြစ်ပြီး ဇာတ်သိမ်းပိုင်းမှာလည်း ဟောလိဝုဒ်ကားတွေထက်မနိမ့်တဲ့ လှည့်ကွက် မြှုပ်ကွက်မျိုးနဲ့
ပရိသတ်ကိုဖမ်းစားသွားတဲ့ကားပါ။ ဒရာမာလည်းမဟုတ် ၀ုန်းဝုန်းဒိုင်းဒိုင်းလည်းမဟုတ်ပဲ တစ်ကားလုံး စိတ်ဝင်စားစရာအပြည့်နဲ့ ဇာတ်အိမ်ဖွဲ့ထားတာမို့ Gold Channel ပရိသတ်တွေ သဘောကျကြမှာ သေချာပါတယ်။
Translated by: Alice Ei Phyu
Encode by: Eric Min Khant
Quality 720P HD

The Purge : Election Year(2016)မြန်မာစာတန်းထိုး



The Purge : Election Year(2016)မြန်မာစာတန်းထိုး

လတ်တလောမှာ အမေရိကန်နိုင်ငံမှာဆို ရွေးကောက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ ဒီလို နိုင်ငံရေးနဲ့ပတ်သတ်တဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားက ထွက်လာတော့ အံအားသင့်စရာပါပဲ လို့ တချို့သော ဝေဖန်ရေးသမားများကလည်း ဆိုကြပါတယ် ဒီဇာတ်ကားရဲ့ဇာတ်လမ်းအကျဉ်းကိုဆိုရရင် အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲ ရလဒ် မကြေငြာခင်မရောက်ခင် အချိန်ကာလတစ်ခု အတွင်းမှာ အစိုးရဟောင်းဘက်က လမ်းသရဲများ ဘာသာရေးအစွန်းရောက်များအတွက် သုတ်သင်ရှင်းလင်းရေးညကို ဖန်တီးပေးလိုက်ပါတယ် ထိုညမှာဆိုလို့ရှိရင် လူတစ်ဦးနှင့်တစ်ဦး စာနာမှု ကင်းမဲ့စွာ သတ်ဖြတ်နိုင်ခွင့်ရှိပါတယ် အဲ့ဒီညမှာပဲ သမ္မတလောင်းအဖြစ် ရွေးကောက်ယှဉ်ပြိုင်သူလည်းဖြစ်တဲ့ Charlie Roan ဆိုသော အမျိုးသမီး လွှတ်တော် အမတ်ကလည်း ရလဒ်မကြေငြာမီအချိန်မို့ အိမ်တွင်းက အိမ်ပြင်မထွက် နေနေခပေမယ့် သူ့ရဲ့လက်အောက်သား တစ်ချို့ဟာ သစ္စာဖောက်ပြီး ပြိုင်ဘက် သမ္မတလောင်းအတွက် သတ်ဖို့ကြိုးစားပါတော့တယ် ထိုအခါ Roanရဲ့ သက်တော်စောင့်က Roanကို အပြင်သို့ ခေါ်ထုတ်ကယ်တင်ပေးရင်း သုတ်သင်ရှင်းလင်းရေးညအတွင်းမှ အနိဓ္ဓရုံများကို ရှောင်ကွင်းကာ အသက်ရှင်သက် ထွက်ပြေးရပုံကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတဲ့ သည်းထိပ်ရင်ဖို အက်ရှင်ဇာတ်ကားပါ ..။

Review & Translated by: Aung Sid Thway
Encode by: Eric Min Khant Kyaw

HD File Download
Small File Download

Moonlight Drawn by Clouds (2016) မြန်မာစာတန်းထိုး



Moonlight Drawn by Clouds  (2016) မြန်မာစာတန်းထိုး


အသွင်ယူဟန်ဆောင်ထားခြင်းဟာ တကယ့်အချစ်စစ်ကိုတွေ့တဲ့အခါ အတားအဆီးတစ်ခုဖြစ်စေခဲ့သလား။ ယောက်ျားလေးတစ်ယောက်အဖြစ် ဟန်ဆောင်ထားပြီး လူငယ်တွေရဲ့ချစ်ခရီးလမ်းကို အောင်သွယ်တော်အနေနဲ့ အကူအညီပေးနေခဲ့သူမိန်းကလေးတစ်ယောက်။ တစ်နေ့မှာတော့ လူတစ်ယောက်ပေးတဲ့ အိမ်ရှေ့မင်းညီမအတွက်ချစ်သ၀ဏ်လွှာတစ်စောင်ကနေ အစပြုပြီး အိမ်ရှေ့မင်းသားကိုတွေ့ဆုံရချိန်မှာတော့
ကြည်နူးဆွတ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာပါတော့တယ်။ Online ဒရာမာတွေထဲမှာ Rating ကောင်းကောင်းနဲ့ လူကြိုက်များနေတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး ရှေးခေတ်အငွေ့အသက်တွေ၊ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်လမ်းအချိုးအပြောင်းတွေနဲ့ ခုချိန်ထိ ပြသနေဆဲ ဇာတ်လမ်းတွဲလေးကို Gold channel က တင်ဆက်ပေးလိုက်ပါပြီ။

Translate by: Shwesin Yamongnar Oo /Julia Wine /Alice Ei Phyu
Encode by: Eric Kyaw Min Khant /Gemini Sugar



Central Intelligence (2016) (မြန်မာစာတန်းထိုး)



Central Intelligence (2016) (မြန်မာစာတန်းထိုး)


 တရုတ်စာတန်းကြီး စာတန်းထိုးသေးမွှားခြင်း ရုပ်ကွာလတီဝါးခြင်းကြောင့် စိတ်ပျက်နေရတဲ့ ပရိတ်သတ်တွေအတွက် ကြည်လင်ပြတ်သားသော ကွာလတီ စာတန်းထိုးဖောင့် အကောင်းစားဖြင့်  ကွာလတီဆိုသည်ကို ခံစားကြည့်ရှု့နိုင်ရန် တင်ဆက်ပေးလိုက်ရပါသည်.။
ရယ်ရင်းမောရင်း ကြည့်ရမယ့် အက်ရှင်ဇာတ်ကား Central Intelligence ပါ။ ဒီဇာတ်ကားထဲက အဓိက သရုပ် ဆောင်က ဗလတောင့်တဲ့ အက် ရှင်းမင်းသားကြီး ဒွိန်းဂျွန်ဆင်ဆို ကတည်းက ပရိသတ်စိတ်ဝင်စား မယ်ဆိုတာ သေချာသလောက်ပါ ပဲ။ ကယ်လ်ဗင်ဂျွိုင်နာဟာ အ ထက်တန်းကျောင်း အားကစား ပြိုင်ပွဲ ဖွင့်ပွဲတွေမှာ အကောင်းဆုံးပွဲထိန်းနိုင်သူတစ်ယောက်အဖြစ်လူသိများသူဖြစ်ပြီး ရော်ဘီဝီယာ့ခ်ျကတော့ အပေါင်းအသင်း မရှိတဲ့ အ၀လွန်ကောင်လေးတစ် ယောက်ပါ။ တစ်ရက်မှာတော့ ခပ် ဆိုးဆိုးကျောင်းသားလေးတွေရဲ့ လက်ချက်ကြောင့် ရော်ဘီဟာရေ ချိုးနေရင်း တန်းလန်းနဲ့ လူပုံအ လယ်ကိုဆွဲခေါ်သွားခံရပြီး အရှက် ကွဲမယ့်အခြေအနေမှာ ကယ်လ် ဗင်က သူ့အင်္ကျီချွတ်ပေးပြီး ကူညီပေးခဲ့ပါတယ်။

နှစ် ၂၀ လောက်ကြာပြီးတဲ့ အခါမှာ ကယ်လ်ဗင်ဟာ စာရင်း ကိုင်တစ်ယောက်ဖြစ်ခဲ့ပြီး အထက် တန်းကျောင်းတုန်းက ချစ်သူမက် ဂီနဲ့ လက်ထပ်ခဲ့ပါတယ်။ ငယ် ငယ်တုန်းက အောင်မြင်ခဲ့သ လောက် အရွယ်ရောက်လာတဲ့ အခါ မျှော်မှန်းသလောက်မဖြစ်ခဲ့ တဲ့အတွက် ကယ်လ်ဗင်ဟာ ကိုယ့်ကိုယ်ကိုယ်စိတ်တိုင်းမကျခဲ့ပါဘူး။တစ်ရက်မှာတော့ ကယ်လ်ဗင်ကို ဘော့ဘ်စတုန်းဆိုသူတစ်ယောက် က ဖေ့စ်ဘွတ်ခ်အကောင့်မှာ လာ အပ်ခဲ့ပြီး အဲဒီလူက ရော်ဘီပါ။ ဘော့ဘ်က ကျောင်းသားဟောင်း တွေ့ဆုံပွဲသွားချင်ပေမယ့် ကယ်လ်ဗင်ကတော့ သွားဖို့စိတ်မပါဘူး ဖြစ်နေပါတယ်။

ဘော့ဘ်က ကယ်လ်ဗင်ကို အိမ်လိုက်ပို့ပြီး စာရင်းကိုင်မှတ် တမ်းတစ်ခုကိုကြည့်ပေးဖို့ အကူ အညီတောင်းခဲ့တာကြောင့် ကယ်လ်ဗင်တစ်ယောက် ညလုံးပေါက်ကူ ညီပေးခဲ့ပါတယ်။ နောက်နေ့မနက် မှာတော့ စီအိုင်အေအဖွဲ့ရောက် လာပြီး ဘော့ဘ်နဲ့ ပတ်သက်ပြီး စုံစမ်းပါတော့တယ်။ ကယ်လ်ဗင် က ဘော့ဘ်ရှိနေတယ်လို့ ထင်ပြီး ဧည့်ခန်းထဲ ခေါ်သွားပေမယ့် ဘော့ဘ်ကတော့ မရှိတော့ပါဘူး။

စီအိုင်အေအဖွဲ့ကေ ဘာ့ဘ် ဟာ အန္တရာယ်ရှိကြေးစားလူဆိုး တစ်ယောက်ဖြစ်ပြီး အမေရိကန် နိုင်ငံရဲ့ ဂြိုဟ်တုစနစ်လျှို့ဝှက် သင်္ကေတတွေကိုရယူဖို့ လုပ်နေတာလို့ ကယ်လ်ဗင်ကို သတိပေးခဲ့ပါတယ်။ စီအိုင်အေအေးဂျင့်တွေက ဘော့ဘ်ရဲ့ သတင်းအစအနရလိုရငြား ကယ်လ်ဗင်ကို မျက်စိဒေါက်ထောက် ကြည့်နေကြပေမယ့် ဘော့ဘ်က ပါးပါးနပ်နပ်နဲ့ ကယ်လ်ဗင်ကို ခေါ်ထုတ်နိုင်ခဲ့ပါတယ်။ ဘာမှန်းမသိတဲ့ ဘော့ဘ်ရဲ့ အရှုပ်ထဲကို ကယ်လ်ဗင်ရောက်လာပြီးတဲ့နောက် ဘယ်လိုပြဿနာတွေရင်ဆိုင်ရမှာလဲ၊ ဘော့ဘ်ကကော စီအိုင်အေ ပြောသလို အန္တရာယ်ရှိ လူဆိုးတစ်ယောက်ဖြစ်နေတာလားဆိုတာတော့ ရယ်ရယ်မောမောနဲ့သာ ဆက်ကြည့်လိုက်ပါဦးလို့...။

ဘော့ဘ်စတုန်း (သို့) ရော်ဘီဝီယာ့ခ်ျအဖြစ် ဒွိန်းဂျွန်ဆင်၊ ကယ်လ်ဗင်ဂျွိုင်နာအဖြစ် ကီဗင်ဟာ့တ်တို့ က အဓိက ပါဝင်သရုပ်ဆောင် ထားကြပါတယ်။
ရုပ်ရှင်အညွှန်း - 7 Daily News
Translate by: Arkar Moe Myint
Encode by: Eric

Full HD Quality
Small File Size

Barbershop : the next cut ( 2016) မြန်မာစာတန်းထိုး


Barbershop : the next cut ( 2016) မြန်မာစာတန်းထိုး

၂၀၁၆ ထုတ် ဇာတ်ကားသစ်တစ်ကားဖြစ်တဲ့ Barbershop ဟာ ဟာသဇာတ်ကားအမျိုးအစားဖြစ်ပြီးတော်ရုံဟာသကားတွေ သရဲကားတွေကို Rating ကောင်းကောင်းပေးလေ့မရှိတဲ့ အဝေဖန်ကြမ်းတဲ့ Rotten Tomatoes မှာ 92% ထောက်ခံမှုရရှိထားပြီး IMDB 5.9 ရရှိထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။
လူမှုကျင့်ဝတ်တွေဖောက်ပြန်ပြီး မကောင်းမှုတွေများပြားလာတဲ့ Chicago မြို့ရဲ့ စီးပွားရေးကျဆင်းလာချိန်ကို အန်တုဖို့ Angie ဟာ ကိုယ်ပိုင် ဆံသဆိုင်နဲ့ အလှပြင်ဆိုင်ကိုတွဲဖက်ဖွင့်လှစ်ပြီး ကိုယ်ပိုင်စီးပွားရေးအဖြစ်လုပ်ဆောင်ပါတယ်။ နောက်ပိုင်းမှာ အမျိုးသမီးအလုပ်သမားတစ်ဦးနဲ့ တွဲဖက်လုပ်ကိုင်ရာကနေ ဇာတ်လမ်းအချိုးအကွေ့တွေဖြစ်လာခဲ့ပြီး မြို့ကြီးဟာလည်း တဖြည်းဖြည်း ပိုပိုဆိုးရွားလာတဲ့အခါမှာတော့ သူ့သားလေးအတွက်ပါ ဆံသဆိုင်ပိုင်ရှင်ကြီးဟာ စိတ်ပူလာရပါတော့တယ်။ ရှုပ်ယှက်ခတ်နေတဲ့မြို့၊ လူမိုက်လူရမ်းကားတွေများပြားတဲ့နေရာမှာ ဒီဆံသဆိုင်လေးနဲ့ သူတို့သားအဖတွေ မိတ်ဆွေသူငယ်ချင်းတွေ ဘယ်လိုနေထိုင်လာကြသလဲဆိုတာကို သဘောကျစရာဟာသဇာတ်ဝင်ခန်းများစွာနဲ့ ရယ်မောခံစားရမှာဖြစ်ပါတယ်။ ဇာတ်ကားသစ်လေးလည်းဖြစ်ပြီး Nicky Minaj တို့ Tyga တို့လိုအဆိုတော်တွေ ပါဝင်ထားပြီး လက်တလောအမေရိကရဲ့ နိုင်ငံရေးအခြေအနေတွေကိုပါ သရော်လှောင်ပြောင်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အတွက် Gold Channel ပရိသတ်တွေ ရယ်မောပျော်ရွှင်နိုင်ကြဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။


Review by: Scarlet Phoenix
Enocde by: Mg Moe Tain



Watch & Download Here 900MB

Skiptrace (2016) မြန်မာစာတန်းထိုး




Skiptrace (2016) HDTS မြန်မာစာတန်းထိုး

၂၅ နှစ် ကျော်က စိတ်ကူးကို အကောင်အထည်ဖော်ခဲ့သည့် ဂျက်ကီချန်း၏ Skiptrace ဇာတ်ကား
ကမ္ဘာကျော် အက်ရှင်မင်းသားကြီး ဂျက်ကီချန်း၏ ဇာတ်ကားသစ်ဖြစ် သည့် Skiptrace အမည်ရှိ ဟောင်ကောင်-တရုတ်-အမေရိကန် အက်ရှင် ဇာတ်မြူးကားအတွက် ထုတ်လုပ်ရေးလုပ်ငန်းများကို အချိန် နှစ်နှစ်ကြာအောင် ဆောင်ရွက်ခဲ့ ရကြောင်း၊ ယင်းဇာတ်ကားရိုက်ကူးရန် စိတ်ကူးရရှိခဲ့သည်မှာ ဆယ်စုနှစ် နှစ်စုမျှပင် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် ယင်းဇာတ်ကား၏ ပရိုမိုးရှင်းပွဲတွင် ဂျက်ကီချန်းက ထည့်သွင်းပြောကြားခဲ့သည်။
''ဒီဇာတ်ကားကို ပုံဖော်ဖို့အတွက် စိတ်ကူးက လွန်ခဲ့တဲ့ ၂၅ နှစ်ကတည်း က ရှိခဲ့တာပါ။ နောက်ပြီးဒီဇာတ်ကား ကိုပုံဖော်ရာမှာ တရုတ်ယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့ ကမ္ဘာ့ယဉ်ကျေးမှုတို့ကို ဘယ်လိုယှဉ်တွဲ ပေါင်းစပ်မလဲ ဆိုတာကိုလည်း အမြဲအိပ်မက်မက် စဉ်းစား နေခဲ့တာပါ''ဟု ¤င်းက ဆိုသည်။
ထို့အပြင် ယင်းဇာတ်ကား ရိုက်ကူး နေစဉ်အတွင်း မင်းသား ဂျက်ကီချန်း အတွက် အသက်အန္တရာယ်ရှိသည် အထိ ထိခိုက်အနာတရဖြစ်မှုမျိုးဖြစ်ပွားခဲ့ကြောင်း၊ ရေပြင်အတွင်း၌ ရိုက်ကူးရေးဆောင်ရွက်စဉ် ကြီးမား လှသော လှိုင်းလုံးကြီးများကြောင့် ဖောင်နှင့်ကွဲကာ ရေထဲ မျောပါခဲ့ရ သဖြင့် ရေကူးမကျွမ်းကျင်သူ ဂျက်ကီချန်းအတွက် အသက် အန္တရာယ်နှင့်ရင်ဆိုင်ခဲ့ရပုံကို အဆိုပါ အခမ်းအနားတွင် ပြောသည်။
''ဖောင်က ရေအလျဉ်နဲ့ ကျွန်တော့်ဘက် ပြန်ရောက်လာလို့ သာပေါ့။ အသက်နဲ့ကိုယ်မြဲနေတာ။ အဲဒီအချိန်တုန်းက အရမ်းကို တုန်လှုပ်ခဲ့ပါတယ်''ဟု ဂျက်ကီချန်းက ပြောသည်။
ထို့အပြင် အက်ရှင်မင်းသားကြီး ဂျက်ကီချန်းက ¤င်းအနေဖြင့် အက်ရှင်ဇာတ်ကားများကို အလွန် အင်မတန် နှစ်သက်သော်လည်း အကြမ်းဖက်မှုကို မလိုလားပါကြောင်း၊ အက်ရှင်ဇာတ်ကားများ ရိုက်ကူး သည့်အခါ သွေးထွက်သံယိုခန်းများ မပါဝင်စေရန် အမြဲစဉ်းစားတွေးတော ခဲ့ကြောင်း၊ တရုတ်ကိုယ်ခံပညာ အကြောင်းဖော်ပြသည့် ဇာတ်ကားများ တွင် အကြမ်းဖက်မှုများမပါဝင်ရန် အလို့ငှာ အက်ရှင်ဟာသဇာတ်မြူး ကားများသည်သာ အသင့်တော်ဆုံး ဖြစ်ကြောင်း ၄င်း၏ အယူအဆကို ပြောပြခဲ့သည်။
Skiptrace ဇာတ်ကားသည် အငြိမ်းစားစုံထောက် တစ်ဦးက အမေရိကန် ဝါရင့်လောင်းကစားသမား တစ်ဦးနှင့် အုပ်စုဖွဲ့မိကာ မှုခင်းရေးရာ ကိစ္စများကို စုံစမ်းရှာဖွေဖော်ထုတ် သည့် အက်ရှင်ဇာတ်ကားတစ်ကား ဖြစ်သည်။
ယင်းဇာတ်ကားတွင် တရုတ် မင်းသမီး ဖန်ပင်းပင်းနှင့် အမေရိ ကန်မင်းသားJohnny Knoxville တို့ ပါဝင်သရုပ်ဆောင်ထားသည် ..။
 ထွက်ရှိခဲ့ သမျှထဲတွင် အကြည်ဆုံး Version ကိုရွေးချယ်တင်ဆက်ပေးထားခြင်းဖြစ်ပြိး Bluray Update ရပြီးပါကလဲ အချိန်နှင့်တပြေးညီတင်ဆက်ပေးသွားမည်ဖြစ်ပါသည်..။

(ကို SKL ၏ Subscence.com တွင်တင်ထားသော စာဖိုင်ကိုယူပြီး Encode လုပ်ထားခြင်းဖြစ်သည့်အတွက် စာဖိုင်အတွက်ဥာဏ်ပူဇော်ခကို Goldchannel  Page Chat box မှတစ်ဆင့်လာရောက်ထုတ်ယူနိုင်ပါကြောင်း လေးစားစွာပန်ကြားအပ်ပါသည်.။ လေးစားလျှက်. #GCAdminteam)

Review Credit to - 7day Daily
Translated by: SKL
Encode by: Eric Kyaw Min Khant

Watch & Download Here Full 
Small File

Fabulous 30(2011) မြန်မာစာတန်းထိုး

Fabulous 30(2011)  မြန်မာစာတန်းထိုး

အခုတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ၂၀၁၁ ခုနှစ်ထုတ် ထိုင်းရုပ်ရှင်ကားလေးပါ။ တခြားကားတွေနဲ့ မတူညီတဲ့ ဇာတ်အိမ်၊ လူငယ်တွေကိုပဲ အဓိကထားရိုက်ကူးတာများတဲ့ ထိုင်းဇာတ်ကားတွေနဲ့မတူပဲ အသက် ၃၀ အပျိုကြီးမမတစ်ဦးရဲ့ အချစ်နဲ့ဘ၀ ဇာတ်လမ်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ လှပချောမောပြီး အမျိုးသမီးတိုင်းမက်မော အိပ်မက်မက်ရလောက်တဲ့ အဆင့်အတန်းနဲ့ Ja ဆိုတဲ့အမျိုးသမီးဟာ ရာထူးမြင့်မြင့်လစာကောင်းကောင်းအပြင် သူ့အလှအပတွေကြောင့်ပဲ ခန့်ညားတဲ့ ချစ်သူတစ်ယောက်နဲ့ တွဲခုတ်
နေခဲ့တာကြာပါပြီ။ ဒါပေမယ့် သူ့အသက် ၃၀ ပြည့်မွေးနေ့မှာပဲ သူ့ဘ၀ဟာ တစ်ဆစ်ချိုးပြောင်းလဲဖို့ဖန်လာပါတော့တယ်။ သူ့ချစ်သူဟာ သူ့ကိုလမ်းခွဲသွားခဲ့ပြီး သူမဟာ single ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့်
ထက်မြက်သူပီပီ single ဘ၀ရဲ့ အားသာချက်ပေါင်းများစွာကိုရယူပိုင်ဆိုင်ခဲ့တယ်လို့တွေးပြီး ပျော်ပျော်ကြီး ဘ၀ကိုပြန်ဖြတ်သန်းလာခဲ့ပါတယ်။ ဒါပေမယ့် အချစ်ကိုမရှာတဲ့သူကိုဆို အချစ်ဟာ တံခါးလာခေါက်တတ်တဲ့
ထုံးစံအတိုင်း သူ့ထက် အသက် ၇ နှစ်ငယ်တဲ့ ကောင်လေးချစ်သူတစ်ယောက်ကို ထပ်မံတွေ့ရှိခဲ့တဲ့အခါမှာတော့ အပျိုကြီးမမဟာ ရင်တွေခုန်လာခဲ့ပါတော့တယ်။
IMDB 6.6 ရရှိထားပြီး အာရှရုပ်ရှင် အညွှန်းတိုင်းမှာ ဝေဖန်ရေးဆရာတွေ ထောက်ခံချက်ပေးထားတဲ့ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ကြပါဦး။

Translated by : U Zai Moe Harn

Encoded by : Mg Moe Tain

Watch & Download 720p HD 800MB

Download small size 500MB



Ratchet & Clank (2016) မြန်မာစာတန်းထိုး



Ratchet & Clank (2016) မြန်မာစာတန်းထိုး

အောင်မြင်ခဲ့တဲ့ Ratchet & Clank video game ကိုအခြေပြုရိုက်ကူးထားတဲ့ ၂၀၁၆ ထုတ် ဒီ3D animation ကားသစ်လေးဟာ အာကာသထဲက မတူညီတဲ့ဂြိုဟ်တွေအချင်းချင်း တိုက်ခိုက်ကြတာကို စိတ်ဝင်စားဖွယ်ရိုက်ကူးထားပါတယ်။ Solana Galaxy ထဲက  Tenemule ဂြိုဟ်က Drek ဟာ သူ့လူတွေနဲ့အတူ ဂြိုဟ်ဖျက်လက်နက်တစ်ခုကို ပိုင်ဆိုင်လာတဲ့အခါ galaxy ထဲက အခြားဂြိုဟ်တွေဟာလည်း အန္တရာယ်ကြုံလာရပါတော့တယ်။ Veldin ဂြိုဟ်က လူငယ်အာကာသယာဉ်အင်ဂျင်နီယာလေး Ratchet ဟာ ဂြိုဟ်တွေပျက်စီးပျောက်ဆုံးကုန်တာကို သတိထားမိလာတဲ့အခါ စကြ၀ဠာကြီးတစ်ခုလုံး အန္တရာယ်ကြုံလာနိုင်တာကိုတွေးမိလာပါတယ်။ သူအသစ်တွေ့ရှိလာတဲ့ စက်ရုပ် Clank နဲ့အတူ သူဟာ တပ်ဖွဲ့တစ်ဖွဲ့ကိုဦးဆောင်ပြီး စကြ၀ဠာကြီးကို ကယ်တင်ဖို့ကြိုးစားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ Guardians of the galaxy လို ဇာတ်ကားမျိုးကို
ကြိုက်နှစ်သက်သူများအတွက် အကြိုက်တွေ့မယ့်ရုပ်ရှင်ဖြစ်ပြီး IMDB 5.8 ရရှိထားတာမို့ အခုပဲခံစားကြည့်လိုက်ရအောင်ပါ။

Review by: Scarlet Phoenix
Encode by: Eric Min Khant

720P HD  
Small File Size

Shelley (2016) မြန်မာစာတန်းထိုး



Shelley(2016) မြန်မာစာတန်းထိုး

ဒီတစ်ခါတော့ Gold Channel ပရိသတ်တွေအတွက် စိတ်ဝင်စားစရာ သရဲကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
ထူးထူးခြားခြား Rotten tomatoes မှာလက်ရှိ 100% ထောက်ခံမှုပြထားခြင်းခံရတဲ့ ဇာတ်ကားပါ။ ရိုးမေးနီးယန်းအမျိုးသမီးငယ်လေးတစ်ယောက် နယ်မြို့လေးကအိမ်တစ်အိမ်မှာ အိမ်ဖော်အဖြစ်အလုပ်လုပ်ကိုင်နေရင်း ဖြစ်ပေါ်လာတဲ့ ဇာတ်ကားပါ။ အိမ်ကလေးဟာ တောစပ်နားမှာရှိပြီး လူနေပတ်ဝန်းကျင်နဲ့ဝေးကွာကွာ လျှပ်စစ်မီးလည်းမရှိပါဘူးတဲ့။ အိမ်ရှင်မရဲ့ ဆန္ဒတွေကြောင့်ကို အဲလိုနေထိုင်ကြတဲ့ အိမ်ကလေးမှာ သားသမီးလည်း မထွန်းကားတဲ့အတွက် တစ်နေ့မှာတော့ အိမ်ဖော်မလေးကို အငှားကိုယ်ဝန်ဆောင်ဖို့ ကမ်းလှမ်းပါတော့တယ်။ သူမကိုယ်ဝန်ရှိလာပြီး မကြာခင်မှာပဲ ပုံမှန်မဟုတ်တဲ့ သန္ဓေသားနဲ့အတူ သူမပါ ပုံမှန်မဟုတ်တော့ပဲ အိမ်ကလေးမှာ ခြောက်ခြားဖွယ်ရာတွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။

အသစ်စက်စက်ဇာတ်လမ်းလေးဖြစ်ပြီး လက်ရှိ IMDB 5.5 နဲ့ RT 100% ဖြစ်တာကြောင့် တကယ်ကောင်းမယ့်ဇာတ်ကားလေးဖြစ်တာမို့ ဦးဦးဖျားဖျားတင်ဆက်ပေးလိုက်ပါတယ်နော်။

Translated by : Htet Myat Oo
Encoded by : Eric.MK
Quality: HD



Ginger Snaps Back: The Beginning (2004) မြန်မာစာတန်းထိုး




Ginger Snaps Back: The Beginning (2004) မြန်မာစာတန်းထိုး

ဒီတစ်ခါတော့ Gold Channel ပရိသတ်တွေအတွက် စိတ်ဝင်စားစရာညီမနှစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပရစေ။
ဒီကားလေးဟာ IMDB Rating 5.9/10 ရရှိထားပြီး ကြည့်တဲ့သူတိုင်းကို ဒရမ်မာ ရော ထိတ်လန့်စရာ ရသကိုပါပေးစွမ်းနိုင်မည့်ဇာတ်ကားလေးပါ။
ဒီဇာတ်ကားလေးကို Director Grant Harvey ကရိုက်ကူးထားပြီး ရေးသားသူက Christina Ray နဲ့ Stephen Massicotte ပါ။

ဇာတ်လမ်းကတော့ Ginger နဲ့ Brigitte ညီမနှစ်ယောက်ဟာ မိဘတွေသေဆုံးပြီးတဲ့နောက် သူတို့ညီအမနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပါတယ်။ သူတို့ဟာ တစ်နေရာပြီးတစ်နေရာလျှောက်သွားရင်းက ခံတပ်တစ်ခုကိုရောက်လာခဲ့တယ်။ သူတို့အတွက်နားခိုဖို့နေရာတစ်ခုရခဲ့တယ်ဆိုပေမယ့် သူတို့ညီမနှစ်ယောက်အတွက် ကံကြမ္မာဆိုးတစ်ခုကစောင့်ကြိုနေခဲ့တယ်ဆိုတာ သူတို့မသိခဲ့ဘူး။ သိတဲ့အချိန်မှာလည်း သူတို့နောက်ကျသွားခဲ့ပြီလေ။ လူလား ကလေးလေးလား မသဲကွဲတဲ့ သတ္တ၀ါတစ်ကောင်က Brigitte ရဲ့ပခုံးကို အမှတ်မထင် ကိုက်လိုက်မိတယ်။ အစကတော့ သွေးရိုးသားရိုးဒဏ်ရာတစ်ခုလို့ထင်မှတ်ထားခဲ့ပေမယ့် တကယ့်ပြဿနာကအဲဒီမှာစခဲ့တာ။
ဒီဇာတ်ကားမှာ အရမ်းအရေးပါတဲ့ အန္ဒိယန်အဘွားကြီးတစ်ယောက်လည်းရှိပါတယ်။ ညီအမနှစ်ယောက်က သူ့ကို ခံတပ်မရောက်ခင်ကတည်းက တွေ့ခဲ့တာပါ။ ခံတပ်တည်ရှိတဲ့ အန္ဒိယန်အဘွားကြီးတို့နေထိုင်ရာ ရွာလေးမှာ သူတို့ဘိုးဘွားစဉ်ဆက်ယုံကြည်ခဲ့တဲ့ ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ပါတယ်။ အဲဒီဇာတ်လမ်းထဲမှာ ကျိန်စာတွေအကြောင်း ၀ံပုလွေတွေအကြောင်းလည်းပါပါတယ်။
ကဲဒါဆို အဲဒီ ဒဏ္ဍာရီ ဇာတ်လမ်းကဘာလဲ
Ginger နဲ့ Brigitte တို့ညီအမနှစ်ယောက်ကရော ဘယ်လိုဒုက္ခတွေကြုံတွေ့ပြီး Brigitte ရဲ့ပခုံးကဒဏ်ရာကိုရော သူတို့ကုသနိုင်ပါ့မလား သေဘေးကရောလွတ်နိုင်ပါ့မလားဆိုတာကတော့
ဒီကားလေးကိုကြည့်ရင်းအဖြေရှာနိုင်ပါတယ်။

ကြည့်ပြီးရင် စဉ်းစားစရာတစ်ခုကျန်ခဲ့ပါလိမ့်မယ်
အဲဒါကတော့ တကယ်ဒုက္ခကြုံရပြီဆိုရင်
ကိုယ့်သွေးသားကိုယုံကြည်သင့်လား သူများတွေပြောတဲ့ယုံတမ်းစကားတွေကြိုဟောစတမ်းတွေကိုယုံကြည်သင့်လားဆိုတာပါ။

ဒီဇာတ်ကားလေးဟာ ၂၀၀၄ခုနှစ်အတွက် အသံပိုင်းဆိုင်ရာထူးချွန်ဆုအတွက် ယာထားခြင်းခံခဲ့ရတဲ့ဇာတ်လမ်းလေးမို့ ကြည့်ဖြစ်အောင်ကြည့်ဖို့လည်း ထပ်ပြီးတိုက်တွန်းလိုက်ပါရစေ
Gold Channel ပရိသတ်ကြီးလည်း ရုပ်ရှင်ကြည့်ရင် ဘ၀အမောတွေဖြေဖျောက်နိုင်ပါစေ…

Translated by : Yuriko
Encoded by : Invoker
Quality : DVDRip

Now You See Me 2 (2016) မြန်မာစာတန်းထိုး

ပဉ္စလက်ပညာအသားပေး သည်းထိတ်ရင်ဖိုအက်ရှင်ဇာတ်ကားလေးဖြစ်တဲ့ Now You See Me 2 ပါ။ ၂၀၁၃ တုန်းက ထွက်ခဲ့တဲ့ Now You See Me ဇာတ်ကားကလည်း ပရိသတ်တွေအားပေးမှုရခဲ့သလို အခုထပ်ထွက်လာတဲ့ ဒုတိယမြောက်ဇာတ်ကားကိုကော ဘယ်လိုတင်ဆက်ထားလဲဆိုတာ စိတ်ဝင်စားစရာပါ။ ပရိသတ်ရှေ့ကရော အက်ဖ်ဘီအိုင်ရဲ့ မျက်စိအောက်ကပါ တစ်နှစ်လောက်ကြာအောင် ပျောက်သွားခဲ့အပြီးမှာတော့ Four Hor-semen (ဂျေဒန်နီယယ်၊ အက်တလက်စ်၊ မာရစ်မက်ကင်နီ၊ ဂျက်ခ် ၀ိုင်းလ်ဒါ) ပဉ္စလက်ပညာရှင်အဖွဲ့ဟာ ပုန်းခိုနေရင်းနဲ့ Eye လို့ခေါ်တဲ့ပဉ္စလက်ပညာရှင် အဖွဲ့အစည်းရဲ့ ညွှန်ကြားချက်ကို စောင့်နေခဲ့ပါတယ်။ အကျင့်ပျက် စီးပွားရေးလုပ်ငန်းရှင် အိုဝင်ကေ့စ်က ဆော့ဖ်ဝဲ တစ်ခုကို လျှို့ဝှက်သုံးစွဲပြီးသူများတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက် တွေကို သူ့အကျိုးစီးပွားအတွက် ခိုးယူနေမှုကို ဖော်ထုတ်ဖို့အတွက် အက်ဖ်ဘီအိုင်အေးဂျင့် ဒီလန်ရိုဒက်စ်က သူတို့အဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။ Horsemen အဖွဲ့ဟာ လုံခြုံရေးအယောင်ဆောင်ပြီး ကေ့စ်ရဲ့ ကုမ္ပဏီထဲကို ခိုးဝင်ပြီး ဆော့ဖ်ဝဲသစ်ကို ခိုးယူကာ အက်ဖ်ဘီအိုင်ကို အကြောင်းကြားခဲ့ပါတယ်။ နောက်တော့ ကေ့စ်ရဲ့ ကုမ္ပဏီထဲကနေ ထွက်ပြေးခဲ့ပြီး မကာအိုဘက်မှာ ခြေရာဖျောက်ခဲ့ကြပါတယ်။ သို့သော်ငြားလည်း မကာအိုရောက်ခါမှ ဒုက္ခလှလှတွေနဲ့ ပိုပြီးတွေ့ပါတော့တယ်။ အိုဝင်ကေ့စ်ဟာ တကယ်တော့ သူ့လုပ်ဖော်ကိုင်ဖက်ရဲ့ ကုမ္ပဏီကို လက်ဝါးကြီးအုပ်ခဲ့တာဖြစ်ပြီး သူ့လုပ်ဖော်ကိုင်ဖက်က သေသွားပြီလို့ ဇာတ်မြှုပ်ခဲ့ပြီး နောက် ဝေါလ်တာမာဘရီနာမည် နဲ့ ပြန်ပေါ်လာခဲ့ပါတယ်။ နည်းပညာစုန်းတစ်ယောက် လို့ ဆိုနိုင်တဲ့ ဝေါလ်တာမာဘရီ ဟာ ကာစီနိုဝိုင်းတွက အချက်အ လက်ရဖို့ ကေ့စ်သုံးနေတဲ့ ကွန်ပျူ တာ ချစ်ပ်ကို Horsemen အဖွဲ့ကို ခိုးယူစေခဲ့ပါတယ်။ အဲဒါနဲ့ Hor-semen တို့အဖွဲ့ဟာ သိပ္ပံပညာ ရှင်အယောင်ဆောင်ပြီး ချစ်ပ်ကို ခိုးယူခဲ့ကြပါတယ်။ လက်စားချေမှု၊ စီးပွား ပြဿနာအရှုပ်တွေကြားက ပဉ္စလက်ပညာရှင်တွေ ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာ ကြည့်လိုက်ကြဦးနော်။ ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ အကောင်းအဆိုးယှဉ်တွဲဝေဖန်မှု ရထားတဲ့ ဒီဇာတ်ကားလေးကို ဆန်းမစ်အင်တာတိန်းမန့်က ဇွန်လ ၁၀ ရက်က ဖြန့်ချိထားတာပါ။ ဒီဇာတ်ကားမှာ ဂျက်ဆီအီ ဆန်ဘာ့ဂ်၊ မာ့ခ်ရက်ဖ်လို၊ ၀ူဒီ ဟာရယ်လ်ဆန်၊ ဒေ့ဗ်ဖရန်ကို၊ ဒန်နီယယ်ရက်ကလစ်ဖ်၊ မော်ဂန် ဖရီးမန်း၊ ဟောင်ကောင် အဆို တော် သရုပ်ဆောင် ဂျေးချိုစတဲ့ သရုပ်ဆောင်တွေ အများကြီးပါ ၀င်ထားကြတာပါ။ ။


Translated by : Scarlet Phoenix & Christine Evangelline
Encoded by : Invoker
Quality : HDCAM

Watch & Download - 800 MB(CAM)
Watch & Download - 1.1 GB(Bluray)
Small Size - 800 MB(Bluray)  

အပေါ်လင့်များမှ မရခဲ့လျှင် အောက်က လင့်က ဒေါင်းပါ


Sing Street 2016 (မြန်မာစာတန်းထိုး)



Sing Street 2016 (မြန်မာစာတန်းထိုး)

imdb Rating 8.1/10 ဒီဇာတ်ကားသစ်လေးဟာ အိုင်ယာလန်နိုင်ငံက အိုင်းရစ်ရှ် မိသားစုလေးတစ်ခုကို အခြေပြုရိုက်ကူးထားပြီး လူငယ်လေးတစ်ယောက်ရဲ့ အိပ်မက်တွေ အကြောင်း။ သူတည်ဆောက်ခဲ့တဲ့ ဂီတလမ်းကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ Conor ဆိုတဲ့ ကောင်လေးဟာ နွမ်းပါးတဲ့ မိသားစုက ကောင်လေးတစ်ယောက်။ သူ့ဖခင်ဟာ ငွေကြေးအခက်အခဲကြောင့် သူ့ကို အရင်ကျောင်းကထုတ်ပြီး စရိတ်သက်သာတဲ့ ကျောင်းလေးကိုပြောင်းထားပါတယ်။ သူဟာ အလွန်လှပတဲ့ မိန်းကလေးတစ်ယောက်ကိုတွေ့ချိန်မှာတော့ သူမအတွက် ကြိုးစားရင်း နီးစပ်အောင်လုပ်ဖို့ စိတ်ကူးရခဲ့ပါတော့တယ်။ တီးဝိုင်းတစ်ခုထောင်ပြီး MTV အတွက် သူမကို ဇာတ်ဆောင်လုပ်ခိုင်းမယ်ပေါ့။ သူဝါသနာပါတဲ့ ဂီတကို ဒီလိုနဲ့ သူဟာကြိုးစားရင်း သူချစ်ရတဲ့သူကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားချင်ခဲ့တာပါ။ ပြီးတော့ နွမ်းပါးတဲ့သူ့ဘဝကိုသူ ကယ်တင်ချင်ခဲ့တာ။ ဒီလူငယ်လေးရဲ့အိပ်မက်တွေ အကောင်အထည်ပေါ်ခဲ့သလား၊ အခက်အခဲတွေကြား သူဟာ ဘယ်လောက်စွန့်စားခဲ့ရတယ်ဆိုတာမျိုးကို ကြည်နူးဖွယ်ခံစားရမှာပါ။ ဂီတကားဖြစ်တဲ့ အတွက် ဇာတ်ဝင်တေးကောင်းကောင်းတွေအပြင် ကြည်နူးနှစ်သက်ဖွယ် ရင်ကိုထိရှစေမယ့် အနုပညာမြောက်ဒိုင်ယာလော့ခ်တွေ ဇာတ်ဝင်ခန်းတွေနဲ့ ပရိသတ်ကို ဆွဲဆောင်တဲ့ဇာတ်ကားပါ။ August Rush တို့လို ဂီတနောက်ခံပြု ဇာတ်ကားတွေကို သဘောကျတဲ့ပရိသတ်တွေအတွက်တော့ ဒီဇာတ်ကားဟာလည်း ဒေါင်းပြီး သိမ်းထားရမယ့် ဇာတ်ကားမျိုးပါနော်။ တစ်ခုနောက်ဆုံးပြောစရာက Rotten Tomatoes မှာ ၉၇ % ထောက်ခံထားတယ်ဆိုတာပါပဲ။ ဒါဆိုရင်တော့ ဘာလို့စောင့်နေဦးမလဲ အခုပဲကြည့်ရအောင်ပါ။

Review by: Scarlet Phoenix
Encode by:Mg Moe Tain
Watch & Download Here 700MB



The Shinning (မြန်မာစာတန်းထိုး)


The Shinning  (မြန်မာစာတန်းထိုး)

( ကမ္ဘာ့ကြောက်ဖို့ အကောင်းဆုံးသရဲကား ၁၄ ကားထဲမှ top ten စာရင်းဝင်ကားတစ်ကားဖြစ်ပါတယ်။)

သည်းထိတ်ရင်ဖို ၀တ္ထုလောကရဲ့ ဘုရင်တစ်ဆူဖြစ်တဲ့ Stephen King ရဲ့ Best seller စာအုပ်ကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ မြို့နဲ့အလှမ်းဝေးလှတဲ့ ဟိုတယ်တစ်ခုထဲက ကြောက်လန့်ဖွယ်ရာအဖြစ်အပျက်တွေကိုပြသထားပါတယ်။
အဲဒီဟိုတယ်မှာအရင်တုန်းက လူတစ်ယောက်ဟာ စိတ္တဇလိုဖြစ်ပြီး သူ့ဇနီးနဲ့ ကလေးတွေကိုသတ်ဖြတ်ခဲပြီး
ကိုယ်တိုင်လည်း သတ်သေသွားခဲ့ပါတယ်။ ဟိုတယ်မန်နေဂျာဟာ အသစ်ရောက်လာတဲ့ ဂျက် ကို ဒီအကြောင်းတွေ
ပြောပြသတိပေးခဲ့ပေမယ့်လည်း သိပ်ဂရုမထားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့ရဲ့သားကလေးဟာ
ဟိုတယ် ဓာတ်လှေကားတွေက သွေးတွေ.. အရိပ်တွေ... တစ္ဆေတွေကို စတင်မြင်တွေ့လာရပြီးတဲ့နောက်တော့
စာရေးဖို့ရောက်ရှိလာတဲ့ ဂျက်သာမက တစ်မိသားစုလုံး အန္တရာယ်တွေ ကြုံတွေ့လာရတာကို ကြည့်ရှုခံစားရမှာပါ။

ဒီကားဟာ ထွက်ထွက်ပြီးချင်းမှာ သိပ်မကျော်ကြားခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ လူစိတ်ဝင်စားမှု အထူးခံလာရပြီးအဲဒီခေတ်အခါက အအောင်မြင်ဆုံး ဇာတ်ကားတွေထဲက ဇာတ်ကားတစ်ကားပါ။ ခုခေတ် jump scareတွေပဲ များနေပြီး တကယ်အသည်းတယားယားနဲ့ ကြောက်ရတဲ့သရဲကားတွေ ရှားပါးနေချိန်မှာ
Rotten tomatoes 89% ရရှိထားတဲ့ ဒီဂန္ထ၀င် စာရင်းထဲက ဇာတ်ကားကောင်းလေးကိုတော့
ပရိသတ်တွေ အကြိုက်တွေ့စေဖို့ လုံးဝအာမခံပါတယ်ခင်ဗျာ။

Translate by: Kat Pote Pote
Encode by: Mg Moe Tain

Watch & Download Here 700MB

The Callup (2016) မြန်မာစာတန်းထိုး




The Callup (2016)  မြန်မာစာတန်းထိုး

သိပ္ပံဇာတ်ကားအသစ်ကိုမျှော်နေတဲ့သူတွေအတွက် Science fiction fantasy ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ လတ်တလောကမှထွက်ရှိထားတဲ့ ဒီ callup ရုပ်ရှင်ဇာတ်ကားလေးဟာ online gamer လူငယ်လေးတစ်စုက ထူးဆန်းတဲ့ ဖိတ်ခေါ်စာတစ်ခုရရှိတာကနေ အစပြုပါတယ်။
Virtual Rality တစ်ခုမှာဂိမ်းကို ကိုယ်တိုင်ဝင်ရောက်ယှဉ်ပြိုင်ကစားဖို့ပါတဲ့။ ကျွန်တော်တို့တောင် ငယ်ငယ်က အဲလိုမျိုးတွေစိတ်ကူးယဉ်ခဲ့ကြတာမလား။
ကိုယ်ဆော့နေတဲ့ ဂိမ်းထဲဝင် သေနတ်ကြီးနဲ့ပစ် ရန်သူတွေကို တိုက်ခိုက်ဖို့ဆိုတာ သာမန်လူတွေအတွက်တောင် သဘောကျကြမှာဆိုတော့
Gamer တွေဆိုရင် ဘယ်ငြင်းပါတော့မလဲ။ ဒါဟာ အိပ်မက်တွေ အကောင်အထည်ပေါ်လာတာပဲပေါ့။ ဒီလိုနဲ့ သူတို့လက်ခံလိုက်ကြပြီး သူတို့ပါဝင်ကစားကြတဲ့အခါ
ပျော်ရွှင်စရာ စွန့်စားခန်းတွေဖြစ်နေခဲ့ပေမယ့် Level မြင့်လာတာနဲ့အမျှ ဒီဂိမ်းဟာ အနိုင်ရရုံမျှမဟုတ်ပဲ ကိုယ့်အသက်သူ့အသက်ကို အပြိုင်အဆိုင်လုကြရတဲ့
အန္တရာယ်အပြည့်နဲ့ကစားပွဲဖြစ်နေမှန်းသိလာကြတဲ့အခါမှာတော့ ဂိမ်းဟာ အချိန်နဲ့အမျှ ပြင်းထန်လာပါတော့တယ်။ ဒီလူငယ်လေးတွေထဲ ဘယ်သူအသက်ရှင်မလဲ
ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ ဘယ်သူရှိသလဲကိုတော့ ခံစားကြည့်ကြပါဦး။ နည်းပညာမြင့်လက်နက်တွေ စိတ်ကူးဆန်းဆန်းတွေနဲ့ လှုပ်ရှားရုန်းကန်နေရတဲ့ ဒီcallup ဇာတ်လမ်းလေးကို
အထူးသဖြင့်လူငယ်ပရိသတ်တွေ သဘောကျကြဦးမှာပါ.။


Review by: Scarlet Phoenix 
Encode by: Mg Moe Tain 

Watch & Download Here 700MB
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger