Latest Movie :

Ginger Snaps Back: The Beginning (2004) မြန်မာစာတန်းထိုး




Ginger Snaps Back: The Beginning (2004) မြန်မာစာတန်းထိုး

ဒီတစ်ခါတော့ Gold Channel ပရိသတ်တွေအတွက် စိတ်ဝင်စားစရာညီမနှစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပရစေ။
ဒီကားလေးဟာ IMDB Rating 5.9/10 ရရှိထားပြီး ကြည့်တဲ့သူတိုင်းကို ဒရမ်မာ ရော ထိတ်လန့်စရာ ရသကိုပါပေးစွမ်းနိုင်မည့်ဇာတ်ကားလေးပါ။
ဒီဇာတ်ကားလေးကို Director Grant Harvey ကရိုက်ကူးထားပြီး ရေးသားသူက Christina Ray နဲ့ Stephen Massicotte ပါ။

ဇာတ်လမ်းကတော့ Ginger နဲ့ Brigitte ညီမနှစ်ယောက်ဟာ မိဘတွေသေဆုံးပြီးတဲ့နောက် သူတို့ညီအမနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပါတယ်။ သူတို့ဟာ တစ်နေရာပြီးတစ်နေရာလျှောက်သွားရင်းက ခံတပ်တစ်ခုကိုရောက်လာခဲ့တယ်။ သူတို့အတွက်နားခိုဖို့နေရာတစ်ခုရခဲ့တယ်ဆိုပေမယ့် သူတို့ညီမနှစ်ယောက်အတွက် ကံကြမ္မာဆိုးတစ်ခုကစောင့်ကြိုနေခဲ့တယ်ဆိုတာ သူတို့မသိခဲ့ဘူး။ သိတဲ့အချိန်မှာလည်း သူတို့နောက်ကျသွားခဲ့ပြီလေ။ လူလား ကလေးလေးလား မသဲကွဲတဲ့ သတ္တ၀ါတစ်ကောင်က Brigitte ရဲ့ပခုံးကို အမှတ်မထင် ကိုက်လိုက်မိတယ်။ အစကတော့ သွေးရိုးသားရိုးဒဏ်ရာတစ်ခုလို့ထင်မှတ်ထားခဲ့ပေမယ့် တကယ့်ပြဿနာကအဲဒီမှာစခဲ့တာ။
ဒီဇာတ်ကားမှာ အရမ်းအရေးပါတဲ့ အန္ဒိယန်အဘွားကြီးတစ်ယောက်လည်းရှိပါတယ်။ ညီအမနှစ်ယောက်က သူ့ကို ခံတပ်မရောက်ခင်ကတည်းက တွေ့ခဲ့တာပါ။ ခံတပ်တည်ရှိတဲ့ အန္ဒိယန်အဘွားကြီးတို့နေထိုင်ရာ ရွာလေးမှာ သူတို့ဘိုးဘွားစဉ်ဆက်ယုံကြည်ခဲ့တဲ့ ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ရှိခဲ့ပါတယ်။ အဲဒီဇာတ်လမ်းထဲမှာ ကျိန်စာတွေအကြောင်း ၀ံပုလွေတွေအကြောင်းလည်းပါပါတယ်။
ကဲဒါဆို အဲဒီ ဒဏ္ဍာရီ ဇာတ်လမ်းကဘာလဲ
Ginger နဲ့ Brigitte တို့ညီအမနှစ်ယောက်ကရော ဘယ်လိုဒုက္ခတွေကြုံတွေ့ပြီး Brigitte ရဲ့ပခုံးကဒဏ်ရာကိုရော သူတို့ကုသနိုင်ပါ့မလား သေဘေးကရောလွတ်နိုင်ပါ့မလားဆိုတာကတော့
ဒီကားလေးကိုကြည့်ရင်းအဖြေရှာနိုင်ပါတယ်။

ကြည့်ပြီးရင် စဉ်းစားစရာတစ်ခုကျန်ခဲ့ပါလိမ့်မယ်
အဲဒါကတော့ တကယ်ဒုက္ခကြုံရပြီဆိုရင်
ကိုယ့်သွေးသားကိုယုံကြည်သင့်လား သူများတွေပြောတဲ့ယုံတမ်းစကားတွေကြိုဟောစတမ်းတွေကိုယုံကြည်သင့်လားဆိုတာပါ။

ဒီဇာတ်ကားလေးဟာ ၂၀၀၄ခုနှစ်အတွက် အသံပိုင်းဆိုင်ရာထူးချွန်ဆုအတွက် ယာထားခြင်းခံခဲ့ရတဲ့ဇာတ်လမ်းလေးမို့ ကြည့်ဖြစ်အောင်ကြည့်ဖို့လည်း ထပ်ပြီးတိုက်တွန်းလိုက်ပါရစေ
Gold Channel ပရိသတ်ကြီးလည်း ရုပ်ရှင်ကြည့်ရင် ဘ၀အမောတွေဖြေဖျောက်နိုင်ပါစေ…

Translated by : Yuriko
Encoded by : Invoker
Quality : DVDRip

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger