Latest Movie :

The fundamental of caring (2016) မြန်မာစာတန်းထိုး

The fundamental of caring (2016) မြန်မာစာတန်းထိုး 
Imdb Rating 7.4/10 

ဆလီနာဂေါမက် FAN များရှိကြမလား..။

ဆုံးရှုံးမှုတေများစွာနဲ့ ဘ၀တစ်ခုဟာ နေပျော်စရာမရှိပါဘူး။ တစ်ယောက်တည်းဆိုရင် အထီးကျန်အားငယ်စွာနဲ့ပဲ ဘ၀ကိုဖြတ်သန်းရမှာပါ။ ဒါပေမယ့် ကြင်နာမှု ဂရုစိုက်မှုတွေနဲ့ နွေးထွေးတဲ့
မိတ်ဆွေသူငယ်ချင်းတွေရှိနေတဲ့အခါမှာတော့ ဘ၀ဟာ စိုပြေလာမယ့်အကြောင်း ရိုက်ကူးပြသထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ကိုယ်ရေးကိုယ်တာဆုံးရှုံးမှုတွေနဲ့ နာကျင်ခဲ့ရတဲ့ စာရေးဆရ
တစ်ဦးဟာ သူ့အလုပ်ကနေ အနားယူပြီးတဲ့နောက် မသန်မစွမ်းလူငယ်လေးတစ်ဦးရဲ့ စောင့်ရှောက်သူဖြစ်လာခဲ့ပါတယ်။ အသက် ၃ နှစ်ကတည်းက
ဘီးတပ်ကုလားထိုင်လေးပေါ်မှာပဲ နေခဲ့ရတဲ့ ဒီလူငယ်လေးဟာ အိမ်ထဲကအိမ်ပြင်တောင်မထွက်ဖူးခဲ့တဲ့အပြင် ဘ၀မှာ ဒဏ်ရာပေါင်းများစွာနဲ့ရှင်သန်နေခဲ့ရသူတစ်ဦးပါ။ ဒီလို အမာရွတ်တွေနဲ့
လူနှစ်ဦးတွေ့ကြတဲ့အခါမှာတော့ ဘ၀မှာ သံယောဇဉ်နဲ့ မေတ္တာတရားဟာ ဘယ်လောက်အရေးပါတဲ့အကြောင်း ၊ အချင်းချင်း ဂရုစိုက်နားလည်ပေးမှုတွေနဲ့ဘ၀ကို ဖြတ်သန်းသွားဖို့လိုတဲ့အကြောင်းကို
လှလှပပတင်ဆက်ပေးထားတဲ့ မေတ္တာဖွဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ သေနတ်သံတွေ ပေါက်ကွဲမှုကြီးတွေနဲ့ဆူညံနေတဲ့ ဟောလိဝုဒ်ရုပ်ရှင်တွေကို ငြီးငွေ့နေပါသလား၊ IMDB 7.4 ရထားတဲ့ဒီကားလေးကို
ရွေးချယ်ကြည့်ရှုလိုက်ပါ။ ဘ၀ရဲ့ အဓိပ္ပါယ်လေးတစ်ခုကို ရိပ်ခနဲခံစားလိုက်ရမှာဖြစ်ပါကြောင်း။

Review by: Scarlet Phoenix
Encode by: Mg Moe Tain 


Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger