Latest Movie :

Septembers of Shiraz (2015) မြန်မာစာတန်းထိုး




Septembers of Shiraz (2015) မြန်မာစာတန်းထိုး

တကယ့်ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး သိပ်ကိုကောင်းမွန်လွန်းလှတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.။ The Pianist ကားနဲ့ သရုပ်​​ဆောင်​​ကောင်းလွန်းခဲ့တဲ့ မင်းသား Adrien Brody ရဲ့ 2015 ဇာတ်​ကား​လေးပါ။ တကယ့်​ဖြစ်​ရပ်​မှန်​ကို အ​ခြေခံထားပြီး 1979 ခုနှစ်​ အီရန်​​တော်​လှန်​​ရေးအစမှာ အိမ်​​ထောင်​ဦးစီးအဖမ်းခံရတဲ့ ဂျူးမိသားစုတစ်​စုရဲ့ ဖြစ်​ရပ်​မှန်​ဖြစ်​ပါတယ်​။ စစ်​ပွဲ​တွေ မငြိမ်းချမ်းမှု​တွေကြားမှာ ဂျူးလူမျိုးဆိုတာဟာလည်း အမြဲလိုလို ဖမ်းဆီးနှိပ်​စက်​ခံ​နေခဲ့ရတာပါ။ ဒီဂျူးမိသားစု​လေးမှာ သူရုတ်​တရက်​ကြီး အဖမ်းခံလိုက်​ရပြီးတဲ့​နောက်​ သူ့ရဲ့ ဇနီးက ဘာ​တွေဖြစ်​ခဲ့လဲ၊ ဘာ​ကြောင့်​ဖမ်းခံကသလဲဆိုတာ​တောင်​ မသိလိုက်​ခင်​မှာ သူ့ခင်​ပွန်းဟာ လျှို့ဝှက်​အကျဉ်းစခန်းတစ်​ခုထဲမှာ ဖမ်းဆီးခံထားရပြီး ရက်​စက်​စွာ နှိပ်​စက်​​စစ်​​ဆေးခံ​နေရပါပြီ။ မိန်းမသားတစ်​ဦးရဲ့ အ​ရေးကြုံလာတဲ့အခါ စွန့်​စားရဲဝံ့တဲ့ သတ္တိနဲ့ မိသားစုအတွက်​ဆို အရာရာ​ပေးဆပ်​ဝံ့တဲ့စိတ်ထားကို ရှုမြင်​ခံစားကြရမှာပါ။ ကြမ်းတမ်းလှတဲ့ဘဝထဲမှာ လက်​တွဲ​ဖော်​​တွေရဲ့ အချင်းချင်းယုံကြည်​မြတ်​နိုးမှုနဲ့သာ အရာရာကိုဖြတ်​​ကျော်နိုင်ကြောင်း ပြသထားတဲ့ ဇာတ်​ကား​ကောင်း​လေးတစ်​ကားဖြစ်​ပါတယ်​။ သရုပ်​​ဆောင်​​ကောင်း​တွေရဲ့ အားပြိုင်​မှုနဲ့အတူ သမိုင်းရဲ့ တစ်​​ကွေ့​တစ်​​နေရာက ဖြစ်​ရပ်​မှန်​​လေးတစ်​ခုကို ပရိသတ်​​တွေခံစားမိ​စေဖို့အတွက်​ တင်​ဆက်​​ပေးလိုက်​တာဖြစ်​ပါ​ကြောင်း။

Review by: Scarlet Phoenix
Encode by: Mg Moe Tain 
imdb Rating - 5.6/10 
Quality 720P HD
Size 800MB



Share this article :

+ comments + 1 comments

စေတနာ ရှေ့ ထားပြီ အချိန်ကုန်ခံ ငွေကုန်ခံ လူပင်ပန်းပြီ ဇာတ်လမ်းကောင်းကောင်းလေးနဲ့ 
ဇာတ်ကားကောင်းကောင်းလေးတွေကို မြန်မာစာတန်ထိုးတွေနဲ့ တင်ပေးနေတဲ့ ( GC ) မှ
အက်မင်များအား အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။အခုဒီဇာတ်ကားလေးကို ကြည့်ရှုအားပေးနေပါတယ်။
အက်မင်များအားလုံး ကိုယ်စိတ်နှစ်ဖျာ ကျန်းမာ ချမ်းသာကြပါစေလို့  ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger