Latest Movie :

Under the shadow (2016) မြန်မာစာတန်းထိုး


Imdb 7.4/10
မင်္ဂလာပါ GC ပရိသတ်ကြီး၊ ကျွန်တော်တို့ရဲ့ Goldchannel ကနေပြီးတော့ ပရိသတ်ကြီးအတွက် အကောင်းဆုံးတွေကိုသာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက် ခပ်မိုက်မိုက် Horror Movie လေးတစ်ခု အချစ်ဆုံး ပရိသတ်ကြီး ကြည့်စေချင်လွန်းလို့..  Admin တစ်ဦးဖြစ်တဲ့ Bro Hein Min Htet က စီစဉ်တင်ဆက်လိုက်ပြီဖြစ်ပါတယ်။ Horror Movie တစ်ခုအနေနဲ့ရော up-to-date တွေ အဆက်မပြတ် ကြည့်ရှုအားပေးလိုတဲ့ ပရိသတ်တွေအတွက်ပါ ကျေနပ်နှစ်သိမ့်နိုင်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျ။

Under the shadow ဟာ.. လောလောဆယ်မှာ Best Film အနေနဲ့ကို Award သုံးခု၊ Screeplay နဲ့ picture ၂ ခု၊ အီရန်မင်းသမီး Narges Rashidi က Best Actress ဆုစသဖြင့် သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။  အခုလို တန်းဝင်တဲ့ Horror ဇါတ်လမ်းကောင်းတွေ ခဏ အထွက်ကျဲနေချိန်မှာ Under the shadow ရဲ့ ဇါတ်လမ်းဦးတည်ရာဟာ.. Horror ဘက်ကိုသာ လုံးဝသီးသန့် ဦးတည်ရိုက်ကူးထားတဲ့အတွက်ကြောင့် သရဲကား ပဲ ကြည့်ချင်တယ်ဆိုတဲ့သူတွေအတွက်တော့ စိတ်တိုင်းကျစရာဖြစ်မှာပါ။ ၁၉၈၀ နှစ်အတောအတွင်းမှာ.. တီရန်မြို့ကြီးဟာ အီရန်-အီရတ် စစ်အရေးအခင်းကြောင့်..  ကျီးလန့်စာစား နဲ့ မငြိမ်မသက်ဖြစ်နေခဲ့ပါတယ်။ ၄င်း မြို့ကြီးမှာ Shideh ဟာ သူမရဲ့ ခင်ပွန်းဖြစ်သူတစ်ယောက် ရှေ့တန်းကို ထွက်ခွာသွားခဲ့ပြီးနောက် သမီးငယ်ဖြစ်သူ Dorsaနဲ့ သားအမိနှစ်ယောက်တည်း နေထိုင်နေရတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ရှုစားကြရမှာပါ။  ခင်ပွန်းဖြစ်သူ စစ်ကြောင်းထွက်ခွာပြီး မကြာခင်အချိန်လေးမှာပဲ.. Missile တစ်လုံး သူမတို့နေထိုင်ရာ တိုက်တန်းကိုထိမှန်ခဲ့ရာက ပွင့်ထွက်ပေါက်ကွဲခြင်းမရှိခဲ့ပေမယ့် ကံမကောင်းအကြောင်းမလှစွာနဲ့ဘဲ သူမတို့ အိမ်နီးချင်းတစ်ဦးဟာ ဆန်းကြယ်စွာ အသက်ဆုံးပါးသွားခဲ့ရပါတော့တယ်။. အဲ့ဒီ အကြောင်းခြင်းရာတွေရဲ့ နောက်ထပ် နောက်ထပ်တွေမှ ပေါ်ပေါက်လာတဲ့  ကြောက်မက်ဖွယ်ရာ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ခြောက်လှန့်ခြင်းတွေက သူမတို့ သားအမိနှစ်ယောက်အပေါ် သက်ရောက်လာတဲ့အခါ..... Under the shadow ရဲ့ ဆွဲငင်ခေါ်ဆောင်ရာနောက်ကို ပရိသတ်ကြီး မျောပါသွားမှာဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါတယ်ခင်ဗျာ။ အဆုံးသတ်အနေနဲ့.. ကြောက်ရွံ့စရာ ဖန်တီးပြုလုပ်ချက်တွေ နဲ့ အချို့သော ဘာသာစကားအသုံးအနှုန်းများကြောင့် PG-13 အဆင့် သတ်မှတ်ခံထားရတဲ့ Movie တစ်ခု ဖြစ်ကြောင်းကို ထပ်လောင်းပြောကြားလိုပါတယ်ခင်ဗျ။

[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]

Rating - Imdb 7.4/10
Reviewed by: Sugar
Translated by: Phoo Phoo
Encoded by: Hein Min Htet
Quality: Webrip 720p
Size: 750 MB

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger