Latest Movie :

The Word (2012) (မြန်မာစာတန်းထိုး)



The Words (2012) မြန်မာစာတန်းထိုး
********************************************
မင်္ဂလာပါ Goldchannel ပရိသတ်ကြီး၊ Sexiest Man Alive တွေထဲက တစ်ဦး
ဖြစ်တဲ့ Bradlay Cooper ရဲ့ Drama သန့်သန့်လေးတစ်ခု ကျွန်တော်တို့ ခံစားကြည့်ကြရအောင်ပါ၊ The A_Team၊ Hangover၊ American Sniper နဲ့ 
မကြာသေးခင်က Burnt နဲ့ ပရိသတ်ကို ဆေးစက်ကျရာအရုပ်ထင်ပြနိုင်ခဲ့တဲ့
နာမည်ကျော်မင်းသားတစ်လက်ရဲ့ one of the best Movie ဖြစ်တဲ့အပြင်
ရုပ်ရှင်ဝါသနာအိုးများ၊ ရုပ်ရှင်ဝေဖန်ရေးသမားတွေအကြား The Words ဆိုရင် မသိသူမရှိအောင် ရင်ထဲစွဲငြိစေနိုင်ခဲ့တာမို့.... GC ပရိသတ်ကြီးတွက်...
တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။
အနုပညာသမားတွေမှာ.. ပြောင်မြောက်တဲ့လက်ရာတစ်ခု မွေးဖွားလာဖို့ဆိုတာ.. အကျိုးသင့်အကြောင်းသင့်.. အကြည်ဓါတ် ကလေး လမိုင်းကပ်နေမှ
ပေါ်ထွန်းလာတတ်တာမျိုးဖြစ်ပါတယ်။ ဒီဇါတ်လမ်းထဲမှာ.. ကျွန်တော်တို့ရဲ့ ဇါတ်ကောင်Rory Jansen ဆိုတဲ့ စာရေးဆရာ တစ်ယောက်ဟာ သူ့ရဲ့ လုံးချင်းဝတ္တုတစ်အုပ်နဲ့.. တရှိန်ထိုး နာမည်ကျော်ကြားလာခဲ့ပါတယ်။ အဲဒီလိုကျော်ကြားလာခဲ့ရခြင်းရဲ့ နောက်ကွယ်မှာ... သူ့ကိုယ်ပိုင်ဖန်တီးမှု နဲ့.. အဲဒီ လမိုင်းတကယ် ကပ်ခဲ့သလား မကပ်ခဲ့ဘူးလားဆိုတာ..ကို Director Brian Klugman နဲ့ Lee Sternal က Open-Ended question တစ်ခု ပုံစံ ချန်ပြီး ရိုက်ကူးထားပါတယ်။ အနည်းငယ် အရိပ်အခြည်ပြရရင် Rory Jansen ကို Best seller စာရေးဆရာတစ်ယောက်အဖြစ် တွန်းပို့ခဲ့တဲ့ ၀တ္တုတစ်အုပ်ရဲ့ နောက်ကွယ်က ဇါတ်လမ်းအမှန်၊ လူတစ်ယောက်ရဲ့ ဖန်တီးနိုင်မှု စွမ်းအားဟာ... ရေမြင့်မှ ကြာတင့်သလို... ပိုပြီး ကြီးမားတယ်ဆိုတာ.. ဇါတ်လမ်းအဆုံးသတ်ပိုင်း Daniella (Olivia Wilde) ရဲ့ diaglogue ထဲမှာ ဖျတ်ခနဲ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ Gold channel အနေနဲ့.. ခံစားမှုအားကောင်းတဲ့ ပရိသတ်ကြီးအတွက် ယုတ်စွအဆုံး Drama ကား မကြိုက်တတ်သူတွေအတွက်ပါ ကြည့်သင့်ကြည့်ထိုက်တဲ့ Movie တစ်ခုလို့ .. recommend ပေးချင်ပါတယ်ခင်ဗျ။
Best Screenplay awards နဲ့ Imdb Rating 7.1/10 ရရှိခဲ့တဲ့.. The Words ကို Gold channel Translator မ Yee Mon Khaing မှ အကောင်းဆုံး ဘာသာပြန်ဆိုထားတဲ့အတွက်ကြောင့် မူရင်းအနှစ်သာရမပျက် ခံစားရမှာဖြစ်ပါတယ်ခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]



Watch & Download HD 
Share this article :

+ comments + 1 comments

14 October 2016 at 06:26

Riddick (2013) ပြန်တင်ပေးပါလား ကျေးဇူးပြုပြီး

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger