Latest Movie :

The Black Butler (2014) မြန်မာစာတန်းထိုး



IMDB Rating 6.3/10
မင်္ဂလာပါ ခင်ဗျ၊ 2008-2010 မှာ လူကြိုက်များခဲ့တဲ့ TV Series လေးတစ်ခုကို ရုပ်ရှင်အဖြစ် ပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့ Black Butler ကို Japan Movie Fan တွေအနေနဲ့ ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်။
Prodcution အပိုင်းမှာလဲ နာမည်ကျော် Warner Bros နဲ့ နာမည်ကြီး Game Prodcution တစ်ခုဖြစ်တဲ့ Square Enix ပါဝင်တဲ့အတွက်ကြောင့် အရှိန်အ၀ါကြီးမားတဲ့ Movie တစ်ခုဖြစ်တယ်ဆိုတာ ရိပ်စားမိကြမှာပါ
မူလ Black blutler TV Series မှာ ၁၉ ရာစု Queen Victoria ခေတ်ကာလကို အခြေခံထားပေမယ့်.. ဒီ Movie မှာ သက္ကရာဇ် ၂၀၂၀ ဥရောပ-အာရှ လူနေမှုစနစ်ကို တစ်မျိုးပြောင်းပြီး ပြန်လည်ဆန်းသစ်ထားတာကို တွေ့ရှိရပါတယ်ခင်ဗျ။ ဇါတ်လမ်းရဲ့ အဓိက ဇါတ်ကောင် Sebastian နေရာမှာ ပါဝင်သရုပ်ဆောင်နိုင်ဖို့အတွက် Action training နဲ့ body weight ပေါင် ၁၁၀ ထိ ကျအောင် မင်းသား Hiro Mizushima ဟာ လေးလတိုင်တိုင် ကျင့်ယူခဲ့ရတယ်လို့ ဆိုပါတယ်။
Cinematography ပိုင်းမှာ Final Fatasty လိုကားမျိုးတွေနဲ့ ကောင်းကောင်းကြီး ပခုံးချင်းယှဉ်လို့ရတဲ့ Blackbutler မှာ.. ၁၃ နှစ်အရွယ် မိဘမဲ့ ကလေးတစ်ယောက်ဟာ... Dark power တွေကို လေ့လာဆည်းပူးပြီး မကောင်းဆိုးဝါး ၀ိဥာဉ် တွေကို ဆင့်ခေါ်နိုင်တဲ့အဆင့်ထိ ကြိုးစားခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ သူ့ရဲ့မျက်စိရှေ့မှောက်မှာ မိဘ နှစ်ပါး ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူတွေကို ကလဲ့စားချေလိုချင်းပါပဲ။ သူ့ရဲ့ power နဲ့ သူ့ရဲ့ အသက်ကို လောင်းကြေးထပ်ပြီး ၀ိဥာဉ်တွေကို စေခိုင်းခဲ့တဲ့အခါမှာ.. နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ရင်သပ်ရှုမောစရာ adventure တွေကို တစ်ဝကြီး ဆက်လက်ခံစားကြရမှာဖြစ်ပါတယ်။ Japan Anime တွေ Manga တွေနဲ့ သိပ်မရင်းနှီးသေးတဲ့ ပရိသတ်တွေအတွက် Manga ဆိုတာဘာလဲ လို့ ကောင်းကောင်းကြီး မိတ်ဆက်ပေးနိုင်မယ့် အဆင့်အတန်းမှီ ဇါတ်ကားကောင်းတစ်ခု ဖြစ်တယ်လို့ ညွှန်းဆိုလိုက်ပါတယ်ခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ]


Translate by: Cho Thazin Soe
Encode by: Kayit
Quality 720P Blu-Ray
Size 800MB

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger