Latest Movie :

Our Kind of Traitor (2016) မြန်မာစာတန်းထိုး




Our Kind of Traitor (2016) မြန်မာစာတန်းထိုး

မင်္ဂလာပါ Goldchannel ပရိသတ်ကြီး၊ ပရိသတ်ရဲ့ စိတ်လိုအပ်ချက်နဲ့ သဟာဇာတ ဖြစ်စေဖို့ ဂရုတစိုက် ရွေးချယ်ပေးတတ်တဲ့ ကျွန်တော်တို့ရဲ့ Admin Team က ဒီတစ်ခါ... 2016 Thriller Movie တစ်ခုကို ရွေးချယ်ပေးထားပါတယ်။ May လ မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ... Imdb rating 6.2 နဲ့ Rotten tomatoes မှာ 77% အထိ အောင်မြင်မှု ရရှိခဲ့တာကြောင့် Translator Andrew Perry မှ မြန်မာဘာသာသို့ ပြန်ဆိုပြီး Encoder မ Sinn Sinn မှ quality ပြည့်မှီအောင် တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ။ ဇါတ်လမ်းကို အတိုချုပ် အနည်းငယ်ဖော်ပြရမယ်ဆိုရင်... Perry နဲ့ Gali ဆိုတဲ့ English စုံတွဲတစ်တွဲဟာ အားလပ်ရက် အပန်းဖြေခရီးထွက်ရင်း... Mafia ဆန်ဆန် Russian စီးပွားရေးအဖွဲ့အစည်းကြီးတစ်ခုနဲ့ British Secret Service (MI6) ရဲ့ အကြားမှာ.. ဓါးခုတ်ရာလက်ဝင်လျှိုရင်းနဲ့မှ သူတို့နှစ်ဦး ကြုံတွေ့ရမယ့်.. အခက်အခဲတွေ၊ နောက်ကျောဓါးနဲ့ထိုးမယ့် ကြံစည်မှုတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေကို ရသမြောက်စွာရှုစားကြရမှာဖြစ်ပါတယ်။ အထူးသဖြင့်.. Cinematic Photography ၀ါသနာရှင်များအတွက် Slum Dog Millionaire Oscar ဆုရှင် Anthony Dod Mantle ရဲ့ Excellent Cast တွေကို အထူးသတိပြု ကြည့်ရှုသင့်ကြောင်း... ဖြည့်စွက်ပြောကြားပါရစေခင်ဗျ။ Spy ဇါတ်လမ်းကောင်းတွေ ရှားပါးပြီး အထွက်ကျဲနေတဲ့ခုလိုအချိန်အခါမျိုးမှာ Our kinds of Traitor က Spy Movie Fan တွေအတွက် ရွေးချယ်ကြည့်ရှုသင့်တဲ့ ဇါတ်ကားတစ်ကားဖြစ်တဲ့အတွက် ကျေနပ်အားရမှုရှိကြမှာပါ။ [ ရွှင်လန်းချမ်းမြေ့ကြပါစေ ]

Reviewed by: Gemini Sugar
Translated by: Andrew Perry
Encoded by: Sinn Sinn



Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger