Latest Movie :

Brave Heart (1995) မြန်မာစာတန်းထိုး



မင်္ဂလာပါ ပရိသတ်ကြီး.. အုတ်ရောရော ကျောက်ရောရော movie တွေကို
ဘေးဖယ်ပြီး Gold channel ရဲ့ အစဉ်အလာအတိုင်း ရင်ထဲ စွဲကျန်မယ့် movie
တစ်ခုကို အချိန်ယူ ရွေးချယ်တင်ဆက်လိုက်ပါတယ်... ။
ထိပ်တန်း စာရင်းဝင် တဲ့ ဇါတ်ကားတစ်ကားဖြစ်တဲ့အတွက်ကြောင့် အရုပ်ပိုင်း အသံပိုင်းဆိုင်ရာ ပြစ်ချက်မရှိရလေအောင် encoder ကြီး Invoker နဲ့
ဇါတ်လမ်းရဲ့ အနှစသာရကို ပရိသတ်ကြီး ထိထိမိမိ ခံစားနိုင်ဖို့ မြန်မာဘာသာအဖြစ် fast translator ကြီး Miji Eddie တို့ ပူးပေါင်းပြီး တင်ဆက်ပေးလိုက်ပါတယ်.။
Imdb rating 8.4 နဲ့ .. Oscar ငါးခု၊ Golden Globe ၂ခု နဲ့ မရေမတွက်နိုင်အောင် များပြားတဲ့ Awards ပေါင်း ၃၁ ခု ၊ လျာထားစာရင်း ၂၉ ခုနဲ့ Hollywood ရုပ်ရှင် သမိုင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ movie ပါ။ မကြာသေးခင်က
ပရိသတ်ကြီး ရှုစားခဲ့ရတဲ့ We were soldiers ရဲ့ Main Actor ကြီး Mel Gibson ကို အသွင်တစ်မျိုးနဲ့... ရှုစားကြရဦးမှာပါ၊ သူ့ရဲ့ movie theme music
လေးက အလွမ်းဓါတ်ခံ ရှိတဲ့သူတွေအတွက် ငိုချင်ရက် လက်တို့မို့ youtube မှာ
ရှာဖွေ နားဆင်နိုင်ပါတယ်။
ဒီ Movie ကို အကဲဖြတ်ပါ ညွှန်းပါဆိုရင် မြင်းထိန်းငတာတွေ ဖြစ်ကုန်ကြမှာစိုးလို့ အထူးတလည် မညွှန်းတော့ပါဘူးခင်ဗျ။ :D
ဇါတ်ကြောင်း အသွားအလာလေးကို နည်းနည်းလေး ဖေါ်ပြပေးရရင်...
အင်္ဂလန် ထီးနန်း ရဲ့ King Edward I လက်ထပ်မှာ .. ချစ်သူ သတို့သမီးလောင်းလေး ကွပ်မျက်ခံရမယ့်အရေး..ချစ်သူကိုကယ်တင်ဖို့ ဘုရင်ကို ကာပြန်ခဲ့တဲ့ William Wallace ဆိုတဲ့ သူရဲကောင်းတစ်ယောက်အကြောင်း အချစ် အလွမ်း action ကြမ်းကြမ်းတွေနဲ့ ... ပရိသတ်ကြီးကို ဇါတ်လမ်း စဆုံး နစ်မျောသွားအောင် သူက ခေါ်ဆောင်သွားပါလိမ့်မယ်။ ကြည့်ရှုသင့် ၊ သိမ်းဆည်းထားသင့်တဲ့ ဇါတ်ကားဖြစ်ကြေင်း အထူးတလည် ထပ်မံ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ ။
(ရွှင်လန်းချမ်းမြေ့ကြပါစေ)


Translate by: Miji Eddie
Encode by: Inovker
Review by: Gemini Sugar
Quality 720P HD


Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger