Latest Movie :

47 Ronin (2013) မြန်မာစာတန်းထိုး


47 Ronin (2013) မြန်မာစာတန်းထိုး

47 Ronin ဟာ ဇာတ်လမ်းဇာတ်အိမ်က ရိုးရှင်းပေမယ့် 
နောက်ခံ အကြောင်းအရာတွေက  စိတ်ဝင်စားဖွယ်ရာပါ ..
ဒီဇာတ်လမ်းဟာ ၁၈ ရာစုဂျပန်ပြည်မှာ ဖြစ်ခဲ့တဲ့ ဒဏ္ဍာရီပမာအဖြစ်အပျက် ကို ရုပ်ရှင်အဖြစ်
ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ် .. 
.
ဆာမူရိုင်း ဆိုတာ အရှင်သခင်တစ်ဦး လက်အောက်က အမှုထမ်းဓားသမား တွေကို ခေါ်ကြခြင်းဖြစ်ပါတယ် ..
အဲ့လို အရှင်သခင် မရှိတော့တဲ့ ဆာမူရိုင်းဓားသမားတွေကို ရိုနင်(Ronin-将軍) လို့ခေါ်ဆိုကြပါတယ် ..
ဒီနေရာမှာ ဆာမူရိုင်းတွေရဲ့  စံချိန်တင်လောက်စရာ သစ္စာတရား နဲ့ ဂုဏ်သိက္ခာက ..
တကယ်လို့ အဲ့ဒီအရှင်သခင် အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်သွားခဲ့ရင် 
အဲ့ဒီအရှင်သခင်လက်အောက်က ဆာမူရိုင်း တွေဟာ တခြားအရှင်သခင်ဆီ မပြောင်းလဲတတ်ကြဘဲ 
ရိုနင် အဖြစ်ခံယူလိုက်ကြပါတယ်  .. 
.
ဒါက ဇာတ်လမ်းရဲ့ နောက်ခံ အကြောင်းအရာတချို့ပါ ..
.
ဇာတ်လမ်းအကျဉ်း ကတော့ ပြောခဲ့ပြီးတဲ့အတိုင်း တကယ်ရိုးရှင်းပါတယ် ..။
.
အရှင်သခင်ဖြစ်သူ ရဲ့ မတော်မတရား လုပ်ကြံခံရပြီး သေဆုံးခဲ့ရတဲ့ အဖြစ်ကို 
လက်စားချေဖို့ ကြိုးစားကြတဲ့ ဆာမူရိုင်းဟောင်းတွေအကြောင်းကို 
နှစ်လိုဖွယ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားခြင်းပါပဲ ..။
.
ဂျပန်ပြည်ရဲ့ ရိုးရာဒဏ္ဍာရီ ရိုနင် ၄၇ ယောက် အကြောင်းကို ရိုက်ကူးပုံဖော်ခဲ့တာ 
ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး .. 
47 Ronin (1941) .. The Loyal 47 Ronin (1958) .. 47 Samurai (1962) ..
Ako-jo Danzetsu (1978) .. 47 Ronin (1994) .. နဲ့ .. Sligo no Chushingura (2010) ဆိုပြီး 
အရှေမှာ ခြောက်ကား တိတိထွက်ခဲ့ပြီးဖြစ်ပါတယ် .. 
ဒါပေမယ့် အခု 47 Ronin က တော့ ဟော်လီးဝုဒ် က ရိုက်ကူးပုံဖော်တဲ့ ပထမဆုံး ဇာတ်အိမ်ပါ ..

ဒီဇာတ်ကား ဟာ ဝေဖန်သူတွေအတွက် သိပ်အကြိုက်မတွေ့ခဲ့ဘူးဆိုပေမယ့် 
သရုပ်ဆောင်တွေရဲ့ အပေးအယူအချိတ်အဆက် ညီမျှမှု .. 
ဂျပန်ရိုးရာ ယဉ်ကျေးမှု အစဉ်အလာတွေ
ဂျပန်လူမျိုးတို့ရဲ့ သစ္စာတရား နဲ့ စောင့်သိမှု တို့အပြင် .. 
ကောင်းမွန်ထူးခြားတဲ့ Visual Effect တွေကြောင့်
ကြည့်ရှူခံစားသင့်တဲ့ ဇာတ်လမ်းတစ်ခုဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်ခင်ဗျာ ..

Reviewed by : Maung Kaung 
Encoded by : Ka Yit

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger