Latest Movie :

Whiskey Tango Foxtrot (2016) မြန်မာစာတန်းထိုး


Whiskey Tango Foxtrot (2016) မြန်မာစာတန်းထိုး
imdb Rating .6.6/10
Tim Baker ဆိုတဲ့ အမျိုးသမီး သတင်းထောက်လေးတစ်ယောက်ရဲ့ အာဖဂန်မှာသတင်းယူရင်း ကြုံရသမျှအတွေ့အကြုံတွေနဲ့ သူ့ရဲ့အချစ်ဇာတ်လမ်းလေးအကြောင်းပါ။ အမြဲတမ်း အရေးမကြီးတဲ့ သတင်းတွေ၊ မထူးခြားတဲ့ သတင်းတွေကိုပဲ ကိုင်တွယ်နေရတဲ့ သတင်းထောက်မလေးဟာ နောက်ဆုံးမှာတော့ ရည်ရွယ်ချက်ကြီးတဲ့သူဖြစ်တဲ့အတွက် အာဖဂန်စစ်မြေပြင်ကို သတင်းယူဖို့ထွက်ပါတော့တယ်။ သူ့ချစ်သူဟာလည်း အမြဲခရီးသွားနေရသူဖြစ်တဲ့အတွက် သူတို့နှစ်ယောက်အချစ်ရေးမှာလည်း အဆင်မပြေဖြစ်လာခဲ့ပေမယ့် သူမကတော့ အလုပ်ကိုသာဦးစားပေးခဲ့ပါတယ်။ စစ်မြေပြင်မှာ သတင်းယူရင်း အလွဲအမှားတွေလုပ် အန္တရာယ်တွေကြုံရပေမယ့်လည်း ကိုယ့်အလုပ်ကို တန်ဖိုးထား ကျေပွန်ချင်တဲ့ သူမဟာ ညဘက်တွေ သူ့ချစ်သူနဲ့ ဖုန်းဆက်ချိန် video callbခေါ်ချိန်တွေမှာတော့ သူဖောက်ပြန်နေပြီဆိုတာ သိလိုက်ရပြီး သူတို့ချစ်ဇာတ်လမ်းဟာလည်း အဆုံးသတ်သွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း သူမရောက်နေတဲ့နေရာမှာ အခြားလူတစ်ယောက်နဲ့ ပတ်သက်ဆက်နွယ်မိတဲ့အခါမှာတော့ သူမအချစ်ရေးအရှုပ်အရှင်းတွေကြားမှာ အလုပ်နဲ့တာဝန်ကိုဘယ်လိုလုပ်ဆောင်ပြီး ဘဝရည်မှန်းချက်အတွက် ဘယ်လိုကြိုးစားခဲ့ရလဲဆိုတာကို ရှုစားကြရမှာပါ။ Rotten Tomatoes 68 ရရှိထားတဲ့ ဒီ ၂၀၁၆ ထုတ် ကားသစ်လေးကိုလည်း ပရိသတ်တို့ရဲ့ညနေခင်းလေးမှာ ပေါ့ပေါ့ပါးပါးကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။


Review by: Scarlet Phoenix
Encode by: Mg Moe Tain 

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger