Latest Movie :

The Last King (Aka) Birkebeinerne (2016) မြန်မာစာတန်းထိုး


The Last King (Aka) Birkebeinerne (2016) မြန်မာစာတန်းထိုး 
imdb Rating 6.2/10

နော်ဝေပြည်တွင်းစစ်ကိုကြားဖူးပါသလား။ ဒီဇာတ်ကားမှာ ၁၂၀၅-၀၆ လောက်ကဖြစ်ပွားခဲ့တဲ့ နော်ဝေပြည်တွင်းစစ်ကို အခြေပြုထားပြီး
နှစ်နှစ်သားတောင် မပြည့်သေးတဲ့ ဘုရင့်သားတော်လေးရဲ့ ဘ၀အစကနေ သူ့ဖခင်ရဲ့ နန်းမွေနန်းလျာကို ပြန်လည်ရယူတဲ့
သမိုင်းနောက်ခံ ခမ်းနားတဲ့ရိုက်ကွင်းရိုက်ကွက်တွေနဲ့ ရာဇ၀င်ကားတစ်ကားဖြစ်ပါတယ်။ ရေခဲပြင်ပေါ်ကနေ အသက်လုပြီး ကယ်တင်လာခဲ့ရတဲ့
ရာဇသွေးသားတော်လေးရဲ့ ကြမ်းတမ်းတဲ့ဘ၀၊ အခက်အခဲတွေကိုကျော်လွှားရင်းနဲ့ပဲ တစစီ ပြိုကွဲနေတဲ့ တိုင်းပြည်ကို ညီညွတ်စေခဲ့သူ၊
ဆူပွက်နေတဲ့တိုင်းပြည်ကို ငြိမ်းချမ်းစေခဲ့သူ၊ ဘုရင်အဖြစ် ၄၆ နှစ် အုပ်စိုးခဲ့တဲ့ သမိုင်းကြောင်းထဲက တကယ့်မင်းကောင်းမင်းမြတ်တစ်ပါးရဲ့
ဘ၀ရာဇ၀င်ကို ဒီရုပ်ရှင်ကားမှာ ခံစားရမှာဖြစ်ပါတယ်။ နော်ဝေမှာတော့ ဒီရုပ်ရှင်ကားဟာ စစရုံတင်ချင်းမှာပဲ လက်မှတ်ပေါင်း ၄ သိန်းကျော်ရောင်းချဖို့ထိ
ရည်ရွယ်ထားတဲ့ မျှော်လင့်ချက်ကြီးကြီးနဲ့ တခမ်းတနားရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ နော်ဝေမှာတော့ လက်ရှိ လူစိတ်အ၀င်စားဆုံးရုပ်ရှင်ဖြစ်နေပြီး
ဈေးကွက်ထဲကို စတင်ထိုးဖောက်နေတဲ့ရုပ်ရှင်ဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီညနေခင်းမှာ နော်ဝေနိုင်ငံရဲ့ သမိုင်းတစ်နေရာကို
ဗဟုသုတအနေနဲ့ရော ရသတစ်ခုအနေနဲ့ပါ ကြည့်ရှုခံစားကြည့်လိုက်ရအောင်ပါ။


Reveiw by: Scarlet Phoenix 
Encode by: Mg Moe Tain 



Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger