Latest Movie :

Wonderwoman(2009) မြန်မာစာတန်းထိုး



ဒီဇာတ်ကားဟာ Warner brosကထုတ်လိုက်တဲ့ DC Heroes 2D Animation Movieပါပဲ IMDB Ratingအနေနှင့်ကလည်း 7.4ရှိထားပါတယ် ကျွန်တော်တို့တတွေက DCရဲ့Superheroesတွေဖြစ်ကြတဲ့ Superman,Batman,Green Lanternနဲ့The Flashတို့ရဲ့ ဘဝဇာတ်ကြောင်းကို သိသင့်သလောက် သိရှိခဲ့ပြီးဖြစ်မှာပါ ဒီတစ်ကားမှာဆိုရင်ဖြင့် DCမှာ အဓိကကျလှပြီး Justice Leagueရဲ့ ခရိုင်ကျတဲ့ အမျိုးသမီး Superheroဖြစ်တဲ့ Wonderwomanရဲ့ ဘဝဇာတ်ကြောင်းကိုဖော်ကျုးထားတဲ့ ပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် နတ်သွေးရောသူ မိန်းမသားတွေချည်းနေထိုင်တဲ့ Amazonကို စစ်ပွဲနတ်ဘုရား Aresက သိမ်းပိုက်ဖို့ကြိုးစားပါတော့တယ် အဲ့ဒီအချိန်မှာ Amazonရဲ့ဧကရာဇ်ဘုရင်မတစ်ဦးဖြစ်တဲ့ Hippolytaဟာ Aresကိုပန်လည်တိုက်နိုင်ခဲ့ပါတယ် သို့ပေမယ့်လည်း Hippolytaက Aresကို ကွပ်မျက်မည်အပြုမှာ Aresရဲ့ဖခင် ဂရိနတ်ဘုရားအကြီးအကဲZeusကြောင့် မကွပ်မျက်နိုင်ခဲ့ပါဘူး ဒါပေမဲ့လည်း Hippolytaရဲ့မိခင် နတ်ဘုရားမHeraကနေ Aresကိုစွမ်းအာူတွေလျော့ပါူစေတဲ့ လက်ကောက်ကို ဝတ်ဆင်စေပြီး Hippolytaကို Themysciraဆိုတဲ့သုခဘုံကျွန်းကို အပိုင်စားပေးခဲ့ပြီး Aresကို အကျဉ်းချထားသေခဲ့ပါတယ် ဒါနဲ့ပဲ Hippolytaဟာ နတ်ဘုရားအသိုင်းအဝိုင်းမှာမရှိခဲ့ဘူးတဲ့ ရင်သွေးတစ်ပါးကို ဖန်ဆင်းမွေးဖွားပေးခဲ့ပါတယ် အဲ့ဒါကတော့ နတ်သမီးတစ်ပါးလည်းဖြစ် Superheroလည်းဖြစ်တဲ့ Diana Princeခေါ် Wonderwomanပါပဲ တစ်နေ့သူတို့ နတ်သမီးတွေရဲ့သုခဘုံကျွန်းကို လူသားအမျိုးသားတစ်ဦး လေယာဉ်မှူးတစ်ယောက်ဖြစ်တဲ့ Steve Trevorဆိုတဲ့သူက ရောက်ရှိလာခဲ့ပါတယ် ဒါနဲ့Dianaက သူအမေခိုင်းတဲ့အတိုင်း Steveကို လူသားတွေရဲ့လောကကမ္ဘာကို လိုက်ပို့ပေးပါတော့တယ် တစ်ချိန်တည်းမှာပဲ အကျဉ်းချထားတဲ့ စစ်ပွဲနတ်ဘုရား Aresက လွတ်မြောက်သွားပြီး လူသားတွေရဲ့ကမ္ဘာကိုဖျက်စီးကာ အဆုံးမရှိတဲ့စွမ်းအားတွေရရှိအောင်လုပ်ကာ Dianaတို့ကို လက်စားချေဖို့ ကြိုးပမ်းပါတော့တယ် Dianaကလည်း Steveနဲ့အတူ Aresရဲ့လုပ်ရပ်တွေကို တားဆီးဖို့ကြိုးပမ်းကြပုံကို DC Fanတွေ အကြိုက် ကြည့်ရှုခံစားနိုင်မှာပါ 2017မှာဆိုရင်လည်း Batman Vs Superman : Dawn of Justiceမှာ ပါဝင်တဲ့ Wonderwomanနေရာကနေ သရုပ်ဆောင်တဲ့ မင်းသမီး Gal Gadotကပဲ Wonderwoman(2017)Solo Movieထွက်ရှိတော့မယ်လို့ သိရပါတယ် အခုတော့ Wonderwomanရဲ့ဘဝဇာတ်ကြောင်းကို မသိသေးတဲ့ DC Fanတွေရင်းနှီးမှုရယူလို့ရအောင် တင်ဆက်ပေးလိုက်တာပါ

Translated by : Aung Sid Thway
Encoded by : Invoker
Quality : 720 P

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger