Latest Movie :

Traders (2015) မြန်မာစာတန်းထိုး


သာမန်ဘဝတွေထဲက သာမန်လူတွေ အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ဖို့အထိ ဖြစ်လာစေတာဟာ ငွေပါပဲ။ ငွေဟာအရာရာဖြစ်လာတာနဲ့အမျှ လူတိုင်းဟာလည်း ငွေအတွက်ဆို အရာရာလုပ်ကြတော့တာပါ။ ဒီဇာတ်ကားလေးမှာ Harry Fox ဟာ ကုမ္ပဏီတစ်ခုမှာ လစာကောင်းကောင်းနဲ့ အလုပ်လုပ်ရင်း ပြည့်ပြည့်စုံစုံနေနိုင်ခဲ့ပေမယ့် တစ်နေ့မှာ ကုမ္ပဏီပျက်စီးသွားတဲ့အခါမှာတော့ အရာရာကိုဆုံးရှုံးလိုက်ရပါတော့တယ်။ အဲဒီအချိန်မှာပဲ Vernom Stynesဆိုတဲ့ လူတစ်ယောက်ဟာ သူ့ကို Trading လို့သူတို့ခေါ်တဲ့ ငွေရနည်းတစ်ခုကိုမိတ်ဆက်ပေးပါတော့တယ်။ လူနှစ်ဦးရှိရမယ်။ သူတို့၂ယောက်လုံးရဲ့ ဘဏ်အကောင့်ကိုအကုန်ငွေထုတ်ပြီး အိတ်တစ်လုံးထဲထည့်၊ ပြီးတာနဲ့ နေရာတစ်ခုကိုသွား ၊ သေတဲ့အထိတိုက်ခိုက်၊ ရှင်ကျန်ရစ်သူက ငွေကိုအကုန်ရပါမယ်တဲ့။ Harry တစ်ယောက် ငွေရဲ့ဖျားယောင်းသွေးဆောင်မှုကို ခံနိုင်ရည်ရှိပါ့မလား၊ လောကထဲမှာ ရက်စက်ကြမ်းကြုတ်မှုတွေနဂိုကတည်းကများနေရတဲ့အချိန်မှာ လူသားတွေဟာ ငွေကြောင့်ပါအသိစိတ်ပျောက်သွားလောက်အောင် ရူးသွပ်နိုင်ကြတာပါလားဆိုတာကို စိတ်လှုပ်ရှားဖွယ် အသက်လုတိုက်ပွဲတွေကြားမှာ မြင်တွေ့ခံစားရမှာမို့ ဇာတ်လမ်းဖွဲ့ပုံ ထူးခြားကောင်းမွန်လှပြီး လူတိုင်း ကြည့်သင့်တဲ့ဒီဇာတ်ကားလေးကိုတော့ ဒီနေ့ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

Review by : Scarlet Phoenix
Translated by : War War Myint
Encoded by : Invoker
Quality : 720p Bluray

Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. TEST - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger